" အာ့.... "
ရှုပ်ထွေးနေသော အတွေးမျှင်ပေါင်းများစွာဟာ လမ်းမလယ်ဖြတ်ပြေးနေသော ကလေးတစ်ယောက်နှင့် တိုက်မိပြီး ပျယ်ပျောက်သွားခဲ့သည်။ ဆင့်ကအနောက်ကို အနည်းငယ်ယိုင်သွားသော်လည်း ထိုကလေးငယ်က မြေကြီးနှင့် မိတ်ဆက်သွားလေသည်။
" ကိုကိုတောင်းပန်ပါတယ်နော် ဝင်တိုက်မိတဲ့အတွက် "
" ရတယ် ဘယ်နားနာသွားသေးလဲ "
မြေကြီးပေါ်က ကလေးငယ်ကို ကောက်ထူလိုက်ပြီး ဆင့်ကာဟန်လုပ်ကာ အားတင်းပြုံးလိုက်သည်။ သို့သော် ငယ်ရွယ်သောကလေးငယ်သည် နာသည်ကိုတောင် ဘာမှန်းသိပုံမပေါ်ဘဲ ပတ်ဝန်းကျင်ရှိ ကစားစရာတို့ဆီသာ စိတ်ရောက်လျက် ပျော်မဆုံးနိုင်ဖြစ်နေခဲ့သည်။
" ဘာမှဖြစ်ဘူး ဟဲဟဲ "
" တော်သေးတာပေါ့ "
ရုတ်တရက်ကလေးငယ်ဟာ ချောမောလှသော ဆင့်ရဲ့မျက်နှာ၌ မှင်သက်သွားပြီး အားငယ်စိုးရိမ်နေသော မျက်နှာလေးဖြင့် သေးငယ်သောအသံကို အသုံးပြုကာ ထပ်ပြောလာပြန်သည်။
" ကိုကိုအရမ်းနာသွားတာလားဟင် မျက်နှာလည်းမကောင်းဘူး "
" ဟမ် "
ထိုကလေး၏စကားကြောင့် ဆင့်တစ်ယောက် သူ့ပုံစံမှာအလွန်ကြည့်ရဆိုးနေမှန်း သိသွားခဲ့သည်။ မဟုတ်လျှင် ဒီလောက်ထင်သာအောင် မြင်မကောင်းဖြစ်မနေခဲ့လျှင် ကလေးငယ်က မေးနေစရာအကြောင်းမရှိပေ။ ဒီလိုနေ့ရက်မျိုးမှာ သူကလွဲပြီး အခြားတစ်ယောက်ကို ဝမ်းမနည်းစေချင်သည့်အတွက် အဖြူရောင်မုသားကို သေသေသပ်သပ် အသုံးပြုလိုက်လေသည်။
" မဟုတ်ပါဘူး လေတွေအရမ်းတိုက်နေတော့ မျက်လုံးထဲ အမှုန်ဝင်သွားလို့ပါ ။ ကိုကိုဘာမှမဖြစ်ဘူး စိတ်မကောင်းမဖြစ်နဲ့တော့နော် "
" အင်း အဲ့တာဆို သွားတော့မယ် ကိုကိုလည်း ဂရုစိုက်ဦးနော် "
" ဟုတ်ပါပြီ "
လဲကျသွားသည့်ဒဏ်ကို အံတု၍ထိုကလေးငယ်က တစ်ဖန်ပြန်လည်ကာ ပြေးလွှားရင်းထွက်ခွာသွားသည်။ နောက်ဆုံးတွင် ဆင့်တစ်ယောက်ထဲသာ ကျန်ရစ်ခဲ့လေသည်။ အမြဲတမ်းအဖော်မဲ့နေတဲ့ သွင်ပြင်နဲ့ လွတ်လပ်မှုတို့ ပျောက်ဆုံးနေတဲ့ လှောင်အိမ်ထဲက ငှက်ငယ်လေးလို သူ့ကိုနားလည်ပေးနိုင်မည့်လူ မရှိပေ။ မော့ကြည့်လိုက်လျှင် အတိုင်းသားမြင်နေရသော မီးပန်းတို့က ပြဒါးရံသူ့ကိုဖွင့်ပြောချိန်က ထွက်ပေါ်လာသော မီးပန်းတို့နှင့် ခပ်ဆင်ဆင်ပေ။ လွန်ခဲ့သော မိနစ်အနည်းငယ်က.....
YOU ARE READING
Hate Poem Written With Love࿐
Fantasyရင်ထဲမှာ နက်ရှိုင်းစွာနာကျင်စေတဲ့ ခံစားချက်ကို ဆွဲထုတ်လိုက်တဲ့အခါ မင်းကြောင့်ပဲဆိုတာ သိလာတယ်။ " မင်းဟာလေ....စေ့ပိတ်ထားတဲ့ တံခါးတွေကို ဆွဲဖွင့်ပြီး ဒူးထောက်လာအောင် ပြုစားနိုင်တယ်။ " " မင်းဟာလေ.....အကြည့်တစ်ချက်နဲ့ ကိုယ့်အသိစိတ်ကို လောင်ကျွမ်းစေနိုင်...
Start from the beginning