Chapter 6

571 151 31
                                    

Tue, Oct 12, 2021

Translator - Noon, Kit | Typeset/ edit - Lynx

=====

Ouroboros

အပိုင်း ၆

=====

[ UNICODE ]

“ဖာ့ခ်၊ ဒါဘာကြီးလဲ? PU-31 ဆိုတာ သောက်ကျိုးနည်း ဘာကြီးလဲ? ”

“ကြီးကြပ်အမိန့်ပေး စင်တာက ယာယီမစ်ရှင်ပြောင်းလဲတာမျိုး လုပ်လိုက်တာလား? ”

“မင်းဦးနှောက်နဲ့ တွေးစမ်းပါ။ အဲ့အထက်ကသူတွေက အဲ့လိုကိစ္စမျိုး သေချာပေါက် လုပ်မှာ မဟုတ်ဘူး ”

“ငါတို့ အခြားအဖွဲ့မစ်ရှင်နဲ့များ ရောသွားတာလား? ဒါမှမဟုတ် အဖွဲ့(၉)က လူတွေ ငါတို့ကို စနောက်ပြီး လွှတ်လိုက်တာလား? ”

“ပြီးတော့ ဒီ ‘chaser of darkness’ ဆိုတာ ဘာလဲ? ငါတို့ မစ်ရှင်မပြီးရင် ပြန်သွားလို့မရဘူးလား? ”

“ခေါင်းဆောင်စုန့်၊ ခင်ဗျား အရင်တုန်းက ဒီလိုမျိုး ကြုံဖူးလား? "

ယောက်ယက်ခတ်နေမှုအကြား ကျစ်ယွီရှီရဲ့ မေးခွန်းက လူတိုင်းကို ငြိမ်သက်တိတ်ဆိတ်သွားစေသည်။

ကျစ်ယွီရှီ ဝတ်ဆင်ထားတဲ့ အနက်ရောင်ယူနီဖောင်းလေးက သူ့ခန္ဓာကိုယ်ကို ပိုမိုသေးသွယ်သကဲ့သို့ဖြစ်နေစေပေမယ့် သူ့အသံအနေအထားကတော့ အခြားအဖွဲ့သားတွေနဲ့ယှဉ်ရင် ပို၍ တည်ငြိမ်နေသည်။

“ပထမဆုံးပဲ ” စုန့်ချင်းလန် ဖြေလိုက်သည်။ “မင်းကော မှတ်တမ်းတင်ဖို့ သွားရတဲ့မစ်ရှင်တွေထဲ ဒါမျိုးကြုံဖူးလား? "

ကျစ်ယွီရှီ တိတ်ဆိတ်နေတာမြင်တော့ သူလည်း အရင်က တစ်ခါမှ ကြုံတွေ့ခဲ့ဖူးခြင်း မရှိလောက်ဟု စုန့်ချင်းလန် ယူဆထားလိုက်တော့သည်။ သူ မျက်ခုံးပင့်ပြီး ပြောလိုက်သည်။ “ဘာလဲ? ကြောက်လို့လား? "

ကျစ်ယွီရှီ ခေါင်းခါလိုက်သည်။ “မဟုတ်ပါဘူး။ ကျွန်တော့်အတွက်က လှဲရင်း အနိုင်ရတာကို ထိုင်ကြည့်နေရုံနဲ့ လုံလောက်တယ်လေ ”

လူတိုင်း အလန့်တကြားဖြစ်သွားတော့သည်။

“ !!! "

MIST_薄雾[无限]Where stories live. Discover now