[ Beginning ] Chapter 1

1.9K 219 41
                                    

Sun, Oct 3 , 2021 | Translator - Lynx

အစချီခြင်း

အပိုင်း ၁

=====

[ UNICODE ]

ဒီဇင်ဘာ ၁၃၉၆၊ ကြယ်တာရာခေတ်၊ ပထမဆုံးနှင်းကျချိန်။

အစိမ်းရောင်ကိုယ်ထည်ရှိသော ရထားတစ်စီးက တောင်ကုန်း၊ တောင်ကြားများကို နဂါးတစ်ကောင် မြေပြန့်ဒေသအား ကူးဖြတ်နေသည့်နှယ်၊ ခေါက်တုံ့ခေါက်ပြန် ဖြတ်သန်းခုတ်မောင်းနေသည်။

ဆီးနှင်းတို့ တဖျတ်ဖျတ်ကျကာ ပြတင်းပေါက်အပြင်၌ ခုန်ပေါက်ကခုန်နေစဉ်မှာပဲ အဝေးရှိ နယ်ဝေး‌မြို့လေးသည်လည်း တဖြည်းဖြည်းမြင်ကွင်းထဲ ဝင်ရောက်လာသည်။ ရထားတွဲထဲတွင်တော့ သိပ်မချိုသာလှတဲ့ အမျိုးသမီးအသံက ကြေညာချက်ထုတ်ပြန်လာသည်။

" ချစ်‌လှစွာသောခရီးသည်များရှင့်၊ ကျွန်မတို့ ဟွားတုံစီရင်စုကို ရောက်ပါပြီ၊ ဤမှတ်တိုင်တွင် ဆင်းမည့်ခရီးသည်များ၊ လူကြီးမင်းတို့ရဲ့ သက်ဆိုင်ရာပစ္စည်းများ ယူဆောင်သွားဖို့ သတိရပေးပါရှင့်၊ ကျေးဇူးပြုပြီး မတွန်းမထိုးဘဲ အချိန်ရောက်တာနဲ့ ထွက်ခွာပေးကြပါရှင် "

ရထားအရှိန်ကျဆင်းလာသည်နှင့်အမျှ၊ သူ့ရဲ့ အဖြူအမဲဂိမ်းစက်မှာ ခေါင်းမြှုပ်ထားတဲ့ အစွန်းဘက်ရှိ ကောင်လေးက နောက်ဆုံး ခေါင်းမော့လာသည်။

လွန်ခဲ့တဲ့မှတ်တိုင်ကနေ ‌ဟွားတုံမှတ်တိုင်အထိ ရထားခရီးနှင်လာချိန်မှာ၊ ဒီလူငယ်လေးရဲ့ Tetris score က 0 ကနေ 400,000 ကျော်အထိ points တွေ ထိုးတက်လာခဲ့သည်။ အလွန့်အလွန်မြန်ဆန်လှတဲ့ (အတုံး) ကျဆင်းမှုနှုန်းတွေနဲ့ သူ့ရဲ့ ကျွမ်းကျင်လှသော လက်လှုပ်ရှားမှုက ဒီကျော်ကြားတဲ့ပုံမှန်ဂိမ်းကို ဘယ်တော့မှ အဆုံးမသတ်တော့မည့်နှယ် ထင်ရစေသည်။

လွန်ခဲ့တဲ့မှတ်တိုင်ကနေ ‌ဟွားတုံမှတ်တိုင်အထိ ရထားခရီးနှင်လာချိန်မှာ၊ ဒီလူငယ်လေးရဲ့ Tetris score က 0 ကနေ 400,000 ကျော်အထိ points တွေ ထိုးတက်လာခဲ့သည်။ အလွန့်အလွန်မြန်ဆန်လှတဲ့ (အတုံး) ကျဆင်းမှုနှုန်းတွေနဲ့ သူ့ရဲ့ ကျွမ်းကျင်လှသော လက်လှုပ်ရှားမှုက ဒီကျေ...

Oops! Ang larawang ito ay hindi sumusunod sa aming mga alituntunin sa nilalaman. Upang magpatuloy sa pag-publish, subukan itong alisin o mag-upload ng bago.
MIST_薄雾[无限]Tahanan ng mga kuwento. Tumuklas ngayon