Chapter 3

650 166 9
                                    

Fri, Oct 8, 2021

Translator - Kit | Typeset/edit - Lynx

=====

အစချီခြင်း

အပိုင်း ၃

=====

[ UNICODE ]

နောက်ထပ် ရက်အနည်းငယ်မျှအထိ စုန့်ချင်းလန် ကျစ်ယွီရှီကို ထပ်မတွေ့ဖြစ်တော့။

သွမ့်ဝမ်း ပြောပုံအရဆိုရင် ဒီကြားရက်အတွင်း ကျစ်ယွီရှီက မနက်ခင်းဆို ကျောင်းသားသစ်တွေနဲ့ သင်တန်းတက်လေ့ရှိပြီး နေ့လယ်ဆိုပါက ကိုယ်ပိုင်သီးသန့် လေ့ကျင့်ရေးခန်းအတွင်း တစ်ယောက်တည်း လေ့ကျင့်နေလေ့ရှိသည်။ သူ့တစ်နေ့တာ အချိန်စာရင်းက လုံးလုံးလျားလျား ပြည့်နက်နေပြီး၊ ခေါင်းဆောင်ဝမ်တောင်မှ တစ်ခေါက် သူ့ဆီ အလည်သွားကာ အလွန်အကျွံ ချီးမွမ်းသွားသေး၏။

ခေါင်းဆောင်တွေရဲ့ မျက်လုံးထဲမှာတော့ ဒီပြည်သူ့ရေးရာဝန်ထမ်းများ ဘာပဲလုပ်နေပါစေ၊ အလုပ် အရမ်းကြိုးစားသကဲ့သို့ ထင်မြင်နေပုံရသည်။

ခေါင်းဆောင်ဝမ် စုန့်ချင်းလန်ကို ခေါ်ပြီး သတိပေးစကား ဆိုလာသည်။ “ရှောင်းကျစ်က ဉာဏ်ကောင်းပြီး ကြိုးကြိုးစားစားရှိတယ်၊ အချိန်ကျလာရင် မင်းတို့ အသင်းတစ်ခုအနေနဲ့ အလုပ်လုပ်သင့်တယ်၊ သူက ကြယ်နှစ်ပွင့်အဆင့် ရောက်ပြီးနေပြီ၊ ဒီမစ်ရှစ်ပြီးတာနဲ့ တစ်ပွင့်အဆင့်ကို တိုးသွားမှာ၊ မင်း သူ့ကို အလှပန်းအိုးလေးလို သဘောထားဖို့ စိတ်ကူးနေတာ ငါမသိဘူး မထင်နဲ့ "

စုန့်ချင်းလန် နားမလည်ချင်ယောင်ဆောင်လိုက်သည်။ “ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ ”

လေ့ကျင့်ရေးကွင်းတွင် ကိုယ်ပိုင်သီးသန့် လေ့ကျင့်ရေးခန်းများရှိသလို အသင်းသရုပ်ဖော် စမ်းသပ်လေ့ကျင့်ရေးစနစ်လည်း ရှိသည်။

[ Lynx note- ပုံအတိုင်းပဲ၊ ဂိမ်းတွေဘာတွေကစားသလို၊ စမ်းသပ်လေ့ကျင့်ရတာပါ ]

မစ်ရှင် စဖို့ နှစ်ရက်အလိုမှာ လုပ်ရိုးလုပ်စဉ်အတိုင်း အားလုံး အသင်းလေ့ကျင့်ရေးအတွက် စုဝေးလိုက်ကြသည်။ စုန့်ချင်းလန် လူစုစေပြီးနောက် ကျစ်ယွီရှီ မရှိတာကို သတိထားမိသွားသည်။ “လောင်-သွမ့်၊ မင်း သူ့ကို အသိမပေးထားဘူးလား? ”

MIST_薄雾[无限]Where stories live. Discover now