Chapter 5

624 143 11
                                    

Sun, Oct 10, 2021

Translator - Breeze | Typeset/ edit - Lynx

=====

Ouroboros

အပိုင်း ၅

=====

အလေအလွင့်တစ်ယောက်က မနက်အစောပိုင်းတွင် အရူးတစ်ယောက်နှယ် သစ်တောထဲအလျင်အမြန်ပြေးဝင်လာပုံက အလွန်ကိုပုံမှန်မဟုတ်‌လှပေ။

ထပ်‌မံဆိုရရင် တစ်ဖက်လူက အနာရောဂါတစ်ခုကိုခံစားခဲ့ရပုံပေါ်ပြီး သူ့သွင်ပြင်က အရမ်းကိုကြောက်မက်ဖွယ်ရာ ကောင်းနေသောကြောင့် လူအများ တဒင်္ဂမျှဆွံအသွားကြသည်။

[Breeze- Drifter ကမည်သည့်ပုံသေအိမ်၊ အလုပ်အကိုင်မှမရှိဘဲတစ်နေရာမှတစ်နေရာသို့အဆက်မပြတ်ပြောင်းရွေ့နေသောလူတစ်ယောက်၊ Lynx- ဆိုတော့ အလေအလွင့်ပေါ့ ]

စုန့်ချင်းလန်က ကျစ်ယွီရှီလက်ထဲက ဓာတ်မီးကိုယူလိုက်ပြီး မီးပိတ်လိုက်တော့ တဖန်အမှောင်ထဲသို့ ကျရောက်သွားပြီး ကျစ်ယွီရှီ စုန့်ချင်းလန်ရဲ့အသံကို ကြားလိုက်ရသည်။

"ကောင်းပြီ၊ ဒီနေ့မထွက်ခွာခင် ငါ့ကံကြမ္မာကို စစ်ဆေးခဲ့သင့်တယ်၊ ငါတို့ မူလနေထိုင်သူတွေ ရှာတွေတာ အမြန်ဆုံးခံလိုက်ရတယ်ဆိုတဲ့ စံချိန်အသစ်ချိုးလိုက်ပြီ။ ငါတို့ပြန်ရောက်ရင် ဒီအကြောင်းကိုဘယ်သူမှ အစီရင်မခံရဘူး။ ငါတို့သာ အမှတ်တွေထပ်နှုတ်ခံရရင် အဖွဲ့ကိုးကကောင်တွေ ငါတို့ကိုကျော်တက်သွားလိမ့်မယ် "

ကျစ်ယွီရှီ:"........."

စုန့်ချင်းလန်ရဲ့အသံအနေအထားက ပုံမှန်အတိုင်းဆိုပေမယ့် လူတိုင်းကိုထူးဆန်းတဲ့လေထုအနေအထားကနေ ဆွဲခေါ်နိုင်ခဲ့သည်။

ဒါကသူတို့အတွက် သတိပေးချက်တစ်ခုပင် : သူတို့တွေက 'ကာကွယ်စောင့်ရှောက်သူ'တွေဖြစ်ပြီး အခုသူတို့ကရှိမနေသင့်တဲ့ အချိန်နဲ့ နေရာဆီကို ရောက်နေတာဖြစ်သည်။

" အဲ့လူကို အနီးတစ်ဝိုက်မှာ ခဏထားခဲ့။ တစ်ယောက်ယောက်ကတော့ သူ့ကိုရှာတွေ့ပြီး ရဲဆီအကြောင်းကြားပေးမှာပေါ့ "

စုန့်ချင်းလန်ကပြောသည်။

" ငါတို့ဒီအမှောင်ထဲမှာ ဘာမှမြင်ရမှာမဟုတ်ဘူး၊ ဒီကနေထွက်ပြီး ထျန်းချုံကို ဆက်သွယ်နိုင်ဖို့ နည်းလမ်းရှာရမယ်။ ငါတို့အပြင်ရောက်ရင် ပတ်ဝန်းကျင်ကိုအာရုံစိုက်၊ လူသတ်မှုဖြစ်စဉ် တစ်ခုတစ်လေတွေနိုင်တာမို့ နိုးနိုးကြားကြားနေ "

MIST_薄雾[无限]Where stories live. Discover now