"နင်မသိလို့ပါ ကောင်မလေးရှိတယ်ဟဲ့...$#&$&"

"ဟယ် အဲ့လိုကြီးလား...."

"အေးဆို...."

သမု ဘေးကလူတွေပြောတာလဲ သတိမထားမိ ပူထူနေသောစိတ်ဖြင့်သာ သွေးသစ်ရှိရာသို့ အပြေးလာခဲ့တော့သည်။

သမု အခန်းတံခါးအား အသာဖွင့်ကာ ဝင်လိုက်တော့
ဖြူဖျော့နေသော သွေးသစ်၏ မျက်နှာ‌ကလေး...။
ဘေးတွင် သွေးသစ်၏ လက်ကိုသူ့ပါးနားကပ်လို့ ကိုင်ကာ သွေးသစ်ကို အမြတ်တနိုးကြည့်နေသော ဝဠာ....!!!

သမု ဒေါသများထွက်ကာ အမြန်ပဲ ဝဠာကို ဆွဲထိုးလိုက်သည်။

"ဟက်..." ဝဠာ နှုတ်ခမ်းထောင့်စွန်းမှ သွေးကိုသုတ်ကာ မဲ့ပြုံးပြုံးလိုက်သည်။

"မင်း ခုထွက်သွားစမ်း ဝဠာ...."

"ဘာ...!!! ထွက်သွားရမယ်ဟုတ်လား..."

"...."

"ငါသာ သွေးသစ်ကိုရှာမတွေ့ ခဲ့ရင် ခုချိန်သွေးသစ် ဘာဖြစ်နေမလဲ မင်းသိလား...? တောက်....!!!"

ဝဠာ သမုကို လက်ညိုးထိုးကာ...

"ငါမင်းကိုပြောပြီးသားနော် ဒီတစ်ခါနောက်ဆုံးပဲ အေး နောက်တစ်ခါ ‌သွေးသစ် ထပ်နာကျဉ်ရရင် မင်းဆီက အပြီးအပိုင် ခေါ်ထုတ်သွားမှာ...."

ဝဠာပြောပြီး အခန်းထဲက ထွက်သွားလိုက်တော့သည်။ သမု ဝဠာကို ဘာမှပြန်မပြောမိ သမုစိတ်ထဲတွင် အရာအားလုံးက မှောင်မိုက်လို့.... !!!

ကုတင်ပေါ်တွင်လှဲနေသော သွေးသစ်ကို ကြည့်ရင်း သမုရင်ထဲ စို့နင့်လာရသည်....။

သူမကောင်းခဲ့တာပါ သူသာ ....သူသာ ဒီလိုဖြစ်မလာခဲ့ရင် သူ့အဖေသာ....အရင်ကလိုတွေ .......

သမု သွေးသစ် ကုတင်ဘေးကခုံလေးတွင်ထိုင်လိုက်ကာ သွေးသစ်လက်လေးကို ကိုင်ပြီး.....

"သွေးသစ် မင်းငါ့ဆီက ထွက်မသွားဘူး မလား..
ငါသိတယ် မင်းကငါ့ကိုသိပ်ချစ်တာ ငါသိတယ် အက်စောက်ရူးက မင်းကိုခေါ်ထုတ်မယ်တဲ့...ဟက်....!!! ဒါပေမယ့် မင်းကမသွားဘူးမလား....?"

သမု နာကျဉ်သောအပြုံးများနှင့်..... သွေးသစ်ကို စိုက်ကြည့်ကာ....

Before time Passes (အချိန်မလွန်ခင်)[Complete]Where stories live. Discover now