အပိုင်း { ၂၅ }

Start from the beginning
                                    

ဘွား က ချင့်ချိန်တွေးစကားပြောလာသည်။

" ဦးဆောင်သူရဲ့ကိစ္စတွေမှာ ဘယ်အဖွဲ့အစည်းမှဝင်မရှုတ်ရဲဘူးဆိုတာ အားလုံးသိကြတယ်။ ဒါပေမယ့် မင်းတို့မေ့နေတာက စိုင်းလုံနဲ့ဂျင်မီ တို့အဖွဲ့ပဲ "

" ဒါပေမယ့် စိုင်းလုံအင်အားနဲ့ ကျုပ်တို့ဦးဆောင်သူတပ်ကိုဖြိုဖို့အင်အားမရှိနိုင်ဘူးရော် "

" မှန်တယ် သူ့အဖွဲ့အင်အားနဲ့အဲ့လောက်အဖြစ်မရှိဘူး။ဒါပေမယ့် စိုင်းလုံက ဂျင်မီတို့အဖွဲ့နဲ့ပူးပေါင်းထားတယ်။ သူတို့နှစ်ဖွဲ့ရဲ့အင်အားနဲ့ဆိုရင်တော့ တပ်စွဲဂိတ်ကိုတိုက်ဖို့လုံလောက်သွားပြီ"

" ဒါဆို....."

" ဒီတစ်ခေါက် စိုင်းလုံတစ်ယောက်ပိုသတ္တိရှိလာတာပဲ.. သူတစ်ယောက်တည်းမဟုတ်ပဲ ဂျင်မီကိုပါ သူနဲ့အတူဆွဲချဖို့ခေါ်လာတယ်ဆိုတော့.. "

ဘွား ရဲ့ကွက်တိမှန်တဲ့ ထင်ကြေးတွေကိုကျန်တဲ့သူတွေကလက်ခံကြသည်။

" အဲ့တာဆို ကျုပ်တို့ဒီကိစ္စကို အခုချက်ချင်း ဦးဆောင်သူကိုသတင်းပို့ရမှာပေါ့ "

အချိန်အားဖြင့် မနက်နှစ်ချက်တီးချိန်ရောက်နေပြီ။ ဒီနေ့မနက်မှာ နောင်ကြီးခွန်စိုင်းအိမ်​ပြန်မှာကိုအက်ဒွက်ကမြို့လိုက်ပို့ဖို့ရှိတယ်ဆိုတာ ဘွား သိပေမယ့် ဒီကိစ္စကလည်းအ​ရေး​ကြီးတာကြောင့် လိုက်ပို့ဖို့အဆင်ပြေတော့မယ်မထင်ပေ။

" မလိုဘူး။ မနက်ကျရင် သူရောက်လာလိမ့်မယ် အဲ့တော့မှထပ်ဆွေးနွေးကြမယ်။ "

" ဟုတ်ကဲ့ "

ထိုသို့နှင့် ဘွားတို့ရဲ့ ထိုဆွေးနွေးခြင်းပြီးခဲ့သည်။ ဘွားက သူတို့အိပ်တဲ့တဲကိုရောက်သည့်တိုင်အတွေးတို့ပျံလွင့်နေသည်။ အထူးသဖြင့် အက်ဒွက်အတွက်ပေါ့။ အက်ဒွက်က ခွန်စိုင်းကိုမေတ္တာစစ်နဲ့ချစ်ပါသော်လည်း ခွဲခွာရမယ့်အကြောင်းဖန်လာခဲ့တာတောင် ဒီအရေးပေါ်ကိစ္စကြီးကြောင့် အလောတကြီးဖြစ်စေပြီ။

တပ်သားတွေအတွက်ဟောခန်းကျယ်အိမ်ယာတွေထဲမှာမှ ဘွားနဲ့မော့အတွက်ကသက်သက်အခန်းတစ်ခုဖွဲ့ထားသည်။ ဘွားက ကြမ်းပြင်သို့ကျောချပြီးတာနဲ့ သူ့လက်ကိုခေါင်းနောက်မှာခု,ထားပြီး ပြောင်မြောက်တဲ့လက်​မောင်းကြွက်သားအဖုထစ်တို့ထင်​ပေါ်နေစေကာ တစ်စုံတစ်ခုစဥ်းစားနေဟန်ရှိသည်။ ကပြားမို့ညိုညစ်တဲ့အသားရေရှိတဲ့ ဘွားဟာအမြဲလိုတည်ငြိမ်တဲ့ဥပတိရုပ်ရည်ရှိပြီး မော့နှင့်သာမဟုတ်လျှင် သူ့အပြုံးစကိုမြင်နိုင်ဖွယ်ရာမရှိသူသကဲ့သို့။ မော့သည်လည်း ဘွားလိုပင် သူ့လက်ကိုခေါင်းခုအိပ်ပြီး ဘွား ဘက်လှည့်ကြည့်နေ၏။

Saw Nay Say's Travel Blogger [ Completed ]Where stories live. Discover now