💓Heartbeats💓

Start from the beginning
                                        

"ကို နှစ်ယောက်လုံးကို အတူတူကျွေးမယ်လေ...။မသွားသေးနဲ့ဦး..."

ထိုကဲ့သို့ သူ့ကိုလှမ်းပြောလိုက်ရင်းမှ အဝတ်လဲပြီးသွားသောနိုရာကို ကုတင်ပေါ်ခဏချကာ မျက်နှာကိုလိမ်းပေးရမည့်ဘူးအား လှမ်းယူလိုက်ရင်း

"ဖေဖေနဲ့ကိုကိုကလဲ နိုရာ့ကို စောင့်ပါဦးလို့..။နိုရာက ပြီးတော့မှာပါလို့.."

သူက နေသန်ကိုချီထားလျက်ကပင် ကုတင်ပေါ်မှာ မှောက်ရက်တွားသွားနေရင်း တစ်စက်ကလေးမှအငြိမ်မနေသည့် နိုရာ့အနားသို့သွားကာ

"နိုရာ့နှာခေါင်းလေးက ဘယ်မှာလဲ.....ကိုကို့ကို ပြလိုက်ပါဦး..."

ထိုအခါ ရွှေခေတ်က နေသန့်လက်ကလေးကိုဆွဲယူကာ သူ့ညီမ၏နှာခေါင်းလေးကို အသာထိပေးလိုက်ရင်း

"နိုရာ့ရဲ့နှာခေါင်းက ဒီမှာပါကိုကိုရေ.....။ဒါလေးက နိုရာရဲ့ နှာခေါင်းလေးပါလို့..."

နေသန်က နိုရာကို ထိုသို့လုပ်ရလေတိုင်း အူယားကာ သဘောတကျရယ်လေ့ရှိသည်။

သို့နှင့် ရွှေခေတ်က နိုရာ့မျက်နှာကို Baby cream လိမ်းပေးနေရင်းမှ ငြိမ်ငြိမ်အလိမ်းခံအောင် မျက်နှာအစိတ်အပိုင်းလေးတွေကိုထိကာ ညာတာပါတေးနှင့် စကားပြောပေးနေလျှင် ထုံးစံအတိုင်း တခစ်ခစ်ရယ်မော၍ ဝူးဝူးဝါးဝါးပြန်ပြောလာသည်။ဒီအရွယ်မှာက အာရုံခံနိုင်စွမ်းနှင့် စကားလုံးအသုံးပြုပုံတွေကို သင်ကြားပေးလို့ရနေပြီမို့ သူတို့က ကလေးတွေ၏ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို စကားလုံးနှင့်တွဲကာ မကြာခဏပြောပေးလေ့ရှိသည်။ထို့ကြောင့် အခုဆို နေသန်နှင့်နိုရာသည် နှာခေါင်း၊နဖူး၊မေးစေ့၊ပါးစပ်၊လက်၊ခြေထောက် အစရှိသဖြင့် တော်တော်များများကိုသိနေကြလေပြီ။ထိုသို့ဖြင့် နိုရာရယ်နေတုန်းကို အခွင့်ကောင်းယူကာ သေချာလိမ်းပေးပြီးသွားပြီမို့ ကလေးနှစ်ယောက်လုံးအား နံနက်စာကျွေးရန်အတွက် အောက်ထပ်ကို အတူတူဆင်းခဲ့လိုက်ကြတော့သည်။

ထို့နောက် နှစ်ယောက်လုံးကို သူတို့ထိုင်စားနေကျ ထိုင်ခုံအမြင့်လေးတွေနှင့်ထည့်ပြီးလျှင် ပေါင်းထားသည့် ကန်စွန်းဥနှင့်မုန်လာဥနီပါသော Finger food ပန်းကန်လေးတွေအား သူ့ပန်းကန်နှင့်သူ ရှေ့မှာချပေးထားလိုက်သည်။ထိုကဲ့သို့ သူတို့ကိုယ်တိုင်ကောက်ယူကာ လက်ကလေးတွေနှင့် ကိုင်စားစေပြီး Oat နှင့် နို့ကြက်ဥကိုတော့ သူတို့နှစ်ယောက်က ခွံ့ကျွေးပေးသည်။ရှစ်လကျော်ကျော်ထဲရောက်နေပြီဖြစ်သောကြောင့် နှစ်ယောက်လုံးက အောက်သွားလေးတွေနှစ်ချောင်းစီ ပေါက်နေကြပြီဖြစ်ကာ တစ်ခုခုဆို လက်နှင့်ကိုင်ပြီးကြိတ်ဝါးရသည်ကို တော်တော်ကြိုက်ကြလေသည်။

You are the only Exception!Where stories live. Discover now