အပိုင်း(၂၅)

Start from the beginning
                                    

ဂျီမင်းခေါင်းမခါသလိုခေါင်းလည်းမညိမ့်။ လိုက်သွားချင်ပေမယ့် ခေါင်းညိမ့်လိုက်ဖို့ကိုသူ့မာနကလက်မခံ။ အမျိုးသားလေးကအကြောတင်းလွန်းတာကြောင့် မောင့်ဘက်ကပဲလမ်းစဖွင့်ပေးရတော့မှာပေါ့။

ဂျီမင်းရဲ့မေးစိလေးကို လက်ညှိုးလေးနဲ့ပင့်တင်ပြီးအကြည့်ချင်းစုံစေလိုက်သည်။

"တိတ်ဆိတ်ခြင်းက ဝန်ခံနည်းတစ်မျိုးပဲတဲ့ အခုမောင့်ကို ကိုကိုစိတ်ဆိုးပြေသွားပြီလို့ပဲသတ်မှတ်လိုက်ပြီနော် ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ မောင်ပြန်ခေါ်သွားတော့မှာ ငြင်းလည်းမရဘူး"

ဂျီမင်း... ဂျောင်ကုကိုခပ်တင်းတင်းဆွဲဖက်လိုက်မိသည်။

"ငါ့ကိုလုံးဝလက်မလွှတ်လိုက်နဲ့နော် ငါကအခုမင်းဆီကိုပြန်ရောက်လာပြီမို့လို့ ငါ့ကိုထပ်မလွတ်စေနဲ့တော့ ငါလည်းသေလောက်အောင်ပင်ပန်းနေပြီ"

ဂျီမင်းရဲ့ခါးသွယ်သွယ်လေးကို သန်မာတဲ့လက်တစ်စုံနဲ့ဂျောင်ကုပြန်ပွေ့ဖက်လိုက်သည်။

"အင်း ဘယ်ကိုမှထွက်သွားလို့မရအောင် မောင်ဖက်ထားတော့မှာ မောင့်အပိုင်လေးကိုမောင့်အနားပြန်ခေါ်ထားရမှာပေါ့"

ဂျီမင်း ဂျောင်ကုရဲ့မေးရိုးတွေကိုလက်နဲ့ဖွဖွလေးကိုင်ပြီးမှ

"အေးလို့ ငါ့နှုတ်ခမ်းတွေကွဲတော့မယ်ထင်တယ် နွေးသွားအောင်ငါ့ကိုနမ်းပါလားဟင်"

အအေးဒဏ်ကြောင့်နီရဲနေတဲ့ နှာခေါင်းလုံးလုံးလေးကို ဂျောင်ကုအရင်နမ်းလိုက်မိသည်။ ထို့နောက်ပါးလေးနှစ်ဖက်။ မျက်နှာအစိတ်အပိုင်းတစ်ခုစီကို ဂျောင်ကုနှုတ်ခမ်းပါးတွေနဲ့ထိတွေ့နေမိသည်။ ထို့နောက်စိတ်ဝိဥာည်တစ်ခုလုံးကို နှုတ်ခမ်းဖူးဖူးပေါ်ခစားစေလိုက်သည်။

ဂျီမင်းရဲ့လက်တို့ကလည်း ဂျောင်ကုအနွေးထည်ရဲ့ကော်လံစကိုစုပ်ကိုင်ထားသည်။ တစ်ဖွဲဖွဲကျနေတဲ့နှင်းမှုန်တွေကြား နှုတ်ခမ်းတွေနွေးထွေးဖို့ကိုသာ ဦးစားပေးနေကြသည်။

"မောင့်ကိုချစ်လား"

"အင်း ချစ်တယ်"

အနမ်းတွေကိုရပ်ပြီးမေးလိုက်​တော့ ခေါင်းတစ်ဆတ်ဆတ်ငြိမ့်ပြကာပြန်ဖြေလာလေသည်။

~ပင်လယ်လို မောင်~(ပင်လယ်လိုမောင်)//CompleteWhere stories live. Discover now