အပိုင်း(၁၅)

6.3K 660 68
                                    

Unicode

သုံးရက်မြောက်နေ့ဖြစ်သဖြင့် ဂျီမင်းဆေးရုံသို့ထွက်လာမိသည်။ ဆေးစစ်ဋ္ဌာနက လူခေါ်counterရဲ့ရှေ့က ခုံတန်းလေးတွေမှာ ယွန်းဂျီအာက ခြေနှစ်ချောင်းချိတ်၍ထိုင်နေလေသည်။ ထိုင်နေပုံကိုကြည့်တာနဲ့ အဆင့်အတန်းရှိတဲ့ မိန်းကလေးတစ်ယောက်မှန်း သိပ်သိသာစေတယ်။ သူ့ညီမလေးကောင်းကောင်း ကြီးပြင်းလာတာပဲ။

မသိလိုက်ခင်ပဲ ညီမလို့သုံးနှုန်းမိတာကြောင့် ဂျီမင်း ကိုယ့်ကိုကိုယ်အံ့ဩမိသည်။ မသိစိတ်က သိစိတ်ထက် ခြေတစ်လှမ်းပိုသာနေပုံပါပဲ။ ထိုင်နေတဲ့နေရာလေးကိုဂျီမင်း သွားလိုက်သည်။ ယွန်းဂျီအာရှေ့ မတ်တပ်ရပ်လိုက်တော့ သူမကသူ့ကိုမော့ကြည့်လာသည်။ လက်ထဲစက္ကူအိတ်လေး တစ်ခုကိုဆုပ်ကိုင်ထားသည်မှာ ကျိုးကြေမတတ်။

"​​ေဩာ် ရှင်ရောက်လာပြီလား ဆေးစစ်ချက်လည်းရလာပြီ ကျွန်မမဖတ်ရဲသေးလို့ရှင့်ကိုစောင့်နေတာ"

စာအိတ်လေးကို သူ့အားတုန်တုန်ရီရီကမ်းပေးလာသည်။ ဂျီမင်းလည်းယူပြီး စာအိတ်ကိုဖွင့်လိုက်သည်။ အထဲကခေါက်ထားတဲ့စာရွက်ဖြူဖြူလေးအား သက်ပြင်းတစ်ချက်ချပြီး ဖြန့်ကြည့်လိုက်သည်။

DNA ကိုက်ညီမှု 99.99%
ဆေးစစ်ချက်အရ ပတ်ဂျီမင်းနှင့်ယွန်းဂျီအာသည် သွေးသားတော်စပ်မှုရှိသည်။

ဂျီမင်းမျက်အိမ်တွေ လှုပ်ရှားသွားပြီး လက်လေးတွေပင်တုန်ရင်သွားသည်။

"ဘာတဲ့လဲ အ​ဖြေက negative ထွက်တယ်မလား"

သူ့အား မျှော်လင့်ချက်မျက်လုံးတွေနဲ့ ကြည့်လာတဲ့ညီမဖြစ်သူကို ဘာမှမပြောပဲ စာရွက်လေးသာပေးလိုက်သည်။ စာရွက်ကိုမရဲတရဲယူ၍ ဖတ်လိုက်ပြီးနောက်မှာ ကမ္ဘာတစ်ခုလုံး ဇောက်ထိုးဖြစ်သွားသလို လောကတွေပင်ပြောင်းလဲသွားသလို စာရွက်လေးပင်အောက်ပြုတ်ကျသွားရသည်။

"မဖြစ်နိုင်တာ...."

သူမ နှုတ်ခမ်းဖျားမှ အာမေဋိတ်အသံတစ်ခု ဖရိုဖရဲထွက်ကျလာ၏။မတ်တပ်ကောက်ရပ်လိုက်ပြီး ဂျီမင်းရဲ့ရှေ့မှာသွားရပ်ကာ...

"မဟုတ်ဘူးမလား ဒါ..ဒါတစ်ခုခုမှားသွားတာနေမှာ အစ်ကိုက...အစ်ကိုက ညီမရဲ့အစ်ကိုဖြစ်စရာအကြောင်းမှမရှိတာ"

~ပင်လယ်လို မောင်~(ပင်လယ်လိုမောင်)//CompleteTempat cerita menjadi hidup. Temukan sekarang