အပိုင်း(၂၃)

7.2K 709 140
                                    

Unicode

နေ့လည်ကကိစ္စကို မတွေးမိစေရန် ဂျီမင်းအလုပ်တွေပဲဖိလုပ်နေခဲ့တာ ဘယ်နှစ်နာရီကြာနေပြီလဲမသိ။ ဒီလိုပုံစံနဲ့အပြင်လည်း မထွက်ချင်။ ရုံးခန်းထဲမှာသာနေနေမိသည်။

ဒေါက်...ဒေါက်...

"ဝင်ခဲ့"

စာရွက်တွေမှာလက်မှတ်ထိုးနေရာကနေ အကြည့်မခွာပဲ ခွင့်ပြုချက်လှမ်းပေးလိုက်သည်။

"Hyungအခုထိ ရုံးမဆင်းသေးဘူးလား"

"ဟင် ဘယ်နှစ်နာရီရှိနေပြီလဲ"

"ခြောက်နာရီခွဲ"

"အဲ့လောင်တောင်ရှိသွားပြီလား"

အခုမှလောကကြီးနဲ့ အဆက်အသွယ်ပြန်ရလာပုံပေါက်သော ဂျီမင်းသည် လက်ပတ်နာရီအားတစ်ချက်ပြန်ငုံ့ကြည့်ပြီး

"ဟုတ်သားပဲ ရုံးမှာဘယ်သူတွေကျန်သေးလဲ"

"သန့်ရှင်းရေးသမားတွေရယ် လုံခြုံရေးရယ် over time သမားတွေကလွဲလို့ ကျန်တဲ့သူတွေအကုန်ပြန်သွားပြီhyung"

"အဲ့တာဆိုကိုယ်တို့လည်းပြန်ကြမယ်လေ မင်းကရောမပြန်သေးပဲဘာလုပ်နေတာလဲ"

"ကျွန်တော်ကhyungပြန်မှ ပြန်ဖို့လုပ်ထားတာ ထွက်မလာတာနဲ့...."

"ဒါဆိုပြန်မယ်လေအခု ကိုယ်လိုက်ပို့ပေးမယ်"

"အဲ့တာထက် အခုထိဘာမှမစားရသေးဘူးမလား"

"အင်း ဗိုက်မဆာလို့"

"ဒီနားမှာဆိုင်တစ်ဆိုင်ရှိတယ် ညနေဘက်တွေဆို menuအသစ်တွေရတယ် ကျွန်တော်တို့သွားကြမလား"

"မဆိုးပါဘူး အဲ့ကိုပဲသွားကြတာပေါ့"

"ဒါနဲ့ hyungနှုတ်ခမ်းက...."

သူ့နှုတ်ခမ်းကိုကြည့်လာတဲ့ဝူယောင်းကြောင့် ဂျီမင်းအမြန်သူ့နှုတ်ခမ်းကို လက်နဲ့ဖုံးလိုက်ရသည်။

"ဘာမှမဟုတ်ဘူး နှုတ်ခမ်းအဖတ်တွေလန်လို့ဆွဲခွာထားတာ"

"နှုတ်ခမ်းခြောက်တာလား အဲ့တာရေများများသောက်ပေး"

"သိပါတယ်ကွာ စကားများလိုက်တာမြန်မြန်လာ ငါဗိုက်ဆာလာပြီ"

"လာပြီ လာပြီ"

~ပင်လယ်လို မောင်~(ပင်လယ်လိုမောင်)//CompleteWhere stories live. Discover now