Unicode
ကနေဒါမှာ ပထမဆုံးနှင်းစကျတဲ့နေ့။ ဂျီမင်းတစ်ယောက်နှင်းတွေကိုလက်နဲ့ခံပြီး ပန်းခြံထဲလမ်းလျှောက်နေမိသည်။ ညီမလေးနဲ့တူတူလာကြည့်ချင်ပေမယ့် အအေးကြောက်တဲ့ညီမလေးက အိမ်ထဲမှာပဲခွေကာကျန်နေခဲ့သည်။ ခုံတန်းလျားလေးပေါ်ကျနေတဲ့နှင်းတွေကို ခါလိုက်ပြီး ဂျီမင်းထိုင်လိုက်သည်။
"အခုချိန်ဂျောင်ကုရော နှင်းကျတာကိုကြည့်နေမလား"
"ဂျောင်ကုကနှင်းတွေကိုမကြည့်ပါဘူး နှင်းတွေကိုကြည့်နေတဲ့ ဂျွန်ဂျီမင်းကိုပဲကြည့်နေတာပါဗျာ"
ထွက်ပေါ်လာတဲ့အသံကြောင့် ဂျီမင်းအနောက်ကိုလှည့်ကြည့်မိလိုက်တော့ သူ့ကိုပြုံးပြုံးကြီးရပ်ကြည့်နေတဲ့ဂျောင်ကု။
"မင်းငါ့နောက်ဘယ်တုန်းကတည်းကလိုက်နေတာလဲ"
"အိမ်ထဲကထွက်လာတာ မြင်လိုက်ကတည်းကပဲ"
ပြောရင်းနဲ့သူ့ဆီကိုလည်းတစ်လှမ်းချင်းစီလျှောက်လာသည်။ သူ့နားရောက်တော့ခြေစုံရပ်လိုက်ပြီး
"မိုးချုပ်နေပြီ မပြန်သေးဘူးလား"
"အစကတော့ပြန်မလို့ပဲ မင်းရှိနေသေးတယ်ဆိုတော့ ငါခဏထပ်နေလိုက်ဦးမယ်"
"ကိုကို"
"ဘာလဲ"
ကောင်းကင်ကြီးကိုကြည့်နေရာမှပြန်ထူးသည်။
"မောင်ပြန်တော့မယ်"
"ဟင်"
ဂျီမင်းအလန့်တကြားကြည့်လိုက်မိတော့ ဂျောင်ကုကတည်တည်ငြိမ်ငြိမ်ပင်။ ဂျီမင်းမတ်တပ်ရပ်ကာဂျောင်ကုဆီလျှောက်သွားမိသည်။
"ငါ့ကိုထပ်မစောင့်တော့ဘူးပေါ့"
"ကိုကိုမလိုက်ချင်တာကို မောင်အတင်းမခေါ်တော့ပါဘူး"
ဂျီမင်းမျက်နှာလေးမဲ့ခနဲ။ အရှေ့ကမျက်ရည်တွေဝဲပြီး မျက်နှာပျက်နေတဲ့လူကိုကြည့်ပြီး ဂျောင်ကုအောက်နှုတ်ခမ်းကိုအသာကိုက်ကာ ကြိတ်ပြီးအသည်းယားမိသည်။ ဒီလူကသူပြောသမျှကိုယုံနေတာပဲလား။
"ဒါပေမယ့်ကိုကိုလိုက်ချင်တယ်ဆိုရင်တော့ မောင်ခေါ်သွားမယ်လေ ဘယ်လိုလဲလိုက်မလား"
YOU ARE READING
~ပင်လယ်လို မောင်~(ပင္လယ္လိုေမာင္)//Complete
Fanfiction...မောင်က ပင်လယ်ကြီးနဲ့တူတယ်... ...ေမာင္က ပင်လယ်ကြီးနဲ့တူတယ်... Start Date-3. 7. 2021 End Date-21. 10. 2021