"စပ္လိုက္တာ..အား..သခင်က
ထယ်ထယ်အစပ်မစားနိုင်တာမသိဘူးလား
အစပ်တွေဝယ်လာတယ်..ဟွန့်ထယ်ထယ်
အစပ်တွေစားလိုက်တာမျက်ရည်ပါဝဲတယ်"

"ကိုယ်ကမသိဘူးလေကျားပေါက်ရယ်
မင်းအစပ်စားနိုင်တယ်ထင်လို့ပေါ့
ကျားပေါက်ကကိုယ့်ကိုပြောမှမပြောတာကွာ"

"ဟင်! သခင်ကမှမမေးတာကိုထယ်ထယ်က
ဘယ်လိုပြောရမှာလဲသခင်ရဲ့"

"အဲ့တာဆိုတော့ပိုကီကစပ်တယ် မစားနဲ့
တော့..ရော့ ငါးအသားချောင်းစား"

"ငါးအသားချောင်းကရောမစပ်ဘူးလား
သခင်ရဲ့"

"မစပ်ပါဘူးကျားပေါက်ရာအချိုပါ ဟုတ်
ပြီလား"

"ဒါပေမဲ့ထယ်ထယ်ကလေဒီတော့ပိုကီ
လေးတွေလဲစားချင်သေးတာ"

ငါးအသားချောင်းတစ်ချောင်းကို
လက်တစ်ဖက်ကကိုင်ကာအကြိတ်အနယ်
ဝါးနေရင်းနှင့်ပင်ပလုတ်ပလောင်းနဲ့
တော့ပိုကီကိုမျက်စောင်းထိုးနေလေသည်

"ငါးအသားချောင်းအရင်စားလိုက်ပါဦး
ကျားပေါက်ရယ်"

ထိုအခါမှငါးအသားချောင်းကို
စိတ်ချလက်ချဆက်ပြီးစားတော့သည်

ဂျောင်ကုမှာလဲတော့ပိုကီကိုကုန်အောင်
အရင်မစားရ ကျားပေါက်စားဖို့တော့ပိုကီ
အစပ်ရေတွေအားလုံးကိုသွန်ပစ်ပြီး
ရေဖြင့်ဆေးရသည် တော့ပိုကီက
အဖြူထည်သာကျန်တော့သည်

"ရပြီကျားပေါက်..ဟမ်..မင်းငါစားဖို့
ငါးအသားချောင်းတွေအားလုံးကိုပါ
စားလိုက္တာလား?"

"ထယၳယ္ကအကုန္စားရမွာ
မဟုတ်ဘူးလား ? သခင်ဘဲကျွေးတာလေ"

သေလိုက်တော့ဂျွန်ဂျောင်ကုရေ
ချန်ထားလို့မှမပြောဘဲဒီအတိုင်း
ပေးလိုက်သကိုး..

ကျားပေါက်ကိုမကျေသလိုကြည့်လိုက်ရင်း

"ရော့ဒီမှာတော့ပိုကီ"

သူ့အတွက်လုပ်ပေးထားသည့်တော့ပိုကီ
အချိုလေးကိုရှေ့မှာချပေးလိုက်ပြီး

ကျန်တဲ့တော့ပိုကီတွေကိုကုန်အောင်
အမြန်နှုန်းနဲ့စားရသည် တော်ကြာထယ်ထယ့်
တော့ပိုကီကုန်သွားလို့သခင့်တော့ပိုကီတွေပါ
စားမယ်လို့ပြောရင်ခက်လိမ့်မည်

Baby Tiger(Completed)Donde viven las historias. Descúbrelo ahora