အဲ့ ဆယ်နှစ်ဆိုတဲ့ အတိုင်းအတာတစ်ခုမှာ ကိုးနှစ်က အဝေးကနေငေးကြည့်နေရပြီး တစ်နှစ်ကတော့ အနီးကပ် ပေးသမျှဒဏ်ရာတွေခါးစည်းခံနေရတယ်....

အကြောင့်ပြချက်လည်း ရေရေရာရာမရှိပါပဲ....."

သွေးသစ် ညိုးငယ်စွာနှင့် မြက်ခင်းပြင်ပေါ်အိပ်လိုက်ကာ ကောင်းကင်ပေါ်က နေမင်းကြီးကိုကြည့်လိုက်သည်။

နေမင်းကြီးက တောက်ပပြီး သွေးသစ်ကို နှစ်သိမ့်ပေးနေသည်ထင်ပါရဲ့ ကျဆင်းလာတဲ့မျက်ရည်မိုးများက တစ်ခဏအတွင်း ခမ်းခြောက်လို့သွားလေပြီ....။

သွေးသစ် နေရောင်စူးလွန်းလို့ လက်ဖြင့်ကာလိုက်ကာ ....လက်မှသွေးများက တံတောင်ဆစ်အထိ စီးဆင်းသွားနေသည်။

ကြည့်ရတာ ထိုးလိုက်တုန်းက ဒဏ်ရာပြန်ကွဲသွားသည်ထင်သည်။ နာကျဉ်မှုဆိုသည့်အရာဟာ အချစ်၏ နာကျဉ်မှုလောက် ပြင်းထန်ပါ့မလား တွေးရင်း.......

သွေးသစ် သက်ပြင်းအကြိမ်ကြိမ် ချကာ
ခဏတာ လောကကြီးနဲ့ အဆက်သွယ်ဖြတ်ကြည့်လိုက်သည်။

~~~~~~~~

ဝဠာမှာတော့ 'အနိုး မင်းဘယ်တွေများရောက်နေလဲကွာ'... ဟုတစ်တွတ်တွတ်ပြောကာ အဆက်မပြတ်လိုက်ရှာတော့သည်။ နေကပူ ကားကပိတ်နဲ့တကယ်အဆင်မပြေ ....။ နောက်ဆုံးတော့ အနိုးကိုတွေ့ခဲ့ပြီ....

မြက်ခင်းပေါ်တွင်အိပ်နေသောအနိုး.....

အနိုးဟုရေရွတ်ကာ ခေါ် ကြည့်တော့နိုးမလာ လက်ကသွေးများလည်း အဆမတန်ထွက်ထားပြီး အချို့ကတော့ ခြောက်သွေ့နေလေပြီ....။ သတိလစ်နေသော အနိုး၏ ခန္ဓာကိုယ်ကိုအသာမကာ "..."ဆေးရုံသို့ အမြန်မောင်းလာလိုက်တော့သည်။

ဆေးရုံရောက်ဆရာဝန်ကြီး၏ စမ်းသပ်မှုအပြီး

"လူနာက အရမ်းအားနည်းနေတယ် ဒဏ်ရာကလည်း သွေးတော်တော်ထွက်ထားတယ်။ လူနာကိုနဲနဲမှအားမရဘူး.."

"ဟုတ်ဟုတ်ကဲ့ ဒေါက်တာစိုး"

"အင်း မင်းလည်း သိပ်တော်တဲ့ဆရာဝန်ပဲ လူနာကိုဂရုစိုက်ပေးလိုက်ပါ ...ပြီးရင် လူနာက စိတ်ငြိမ်ဆေးတွေရော အိပ်ဆေးတွေပါစွဲသောက်ထားတဲ့လက္ခဏာတွေတွေ့ရတယ်..."

Before time Passes (အချိန်မလွန်ခင်)[Complete]Where stories live. Discover now