Start from the beginning
" ကျွီ... "
ပွင့်ဟလာသော တံခါးနောက်တွင် တစ်ချိန်လုံးစောင့်ဆိုင်းနေရသော လူတစ်ယောက်က ထွက်ပေါ်လာသည်။ ပြဒါးရံက စက္ကန့်မလပ်ပင်အချိန်ကို ကောင်းကောင်းအသုံးချလျက် အလေးအနက်ထားကာ ဆင့်ရဲ့ ပုခုံးနှစ်ဖက်ကို ကိုင်လျက်ပြောခဲ့သည်။
" ကိုယ်အလုပ်ကိစ္စ ချိန်းထားတာလေး ရှိလို့ပြန်တော့မယ်။ ဒီည 9 နာရီ Oasis ကိုလာခဲ့ပါ ကိုယ်မင်းကို အရေးတကြီးပြောစရာရှိတယ် ။ဆင့်မလာမချင်း ကိုယ်စောင့်နေမှာ။ "
" ဒီညက Happy new yearညပဲ။ ကျွန်တော့်အချိန်ဇယားအရ ဒီညမအားဘူး "
" ဖျက်လိုက် "
" ကိုရံ "
ပြဒါးရံက ပိုမိုသိမ်မွေ့စွာ တိမ်ယံဆင့်ကို နားချလေသည်။
" ဖျက်လိုက်ပါ....ကိုယ့်ဘဝအတွက် အရမ်းအရေးကြီးတဲ့စကားကိုပြောမှာမလို့ ဒီတစ်ညတော့ ကိုယ်ကလွဲပြီး အခြားဘယ်သူ့ကိုမှ အရေးမပေးပါနဲ့ "
" ကိုရံဘာဖြစ်နေတာလဲ အရေးကြီးရင်အခုကျွန်တော့်ကို ပြောလို့ရပါတယ် "
" မရဘူး ခုကအခြေအနေကောင်း မဟုတ်သေးဘူး ။ကိုယ်ကဆင့်ကို အကောင်းဆုံးဆိုတာတွေပဲပေးချင်တာ "
နားမလည်နိုင်စွာ တန်ပြန်ငေးကြည့်နေသော တိမ်ယံဆင့်၏ မျက်ဝန်းတစ်စုံတွင် ပြဒါးရံ၏အလေးအနက်ထားမှုတို့က ရောင်ပြန်ဟပ်နေခဲ့သည်။ ထိုတောက်ပနေသော မျက်လုံးတစ်စုံကို ပြဒါးရံက နက်ရှိုင်းယုယစွာ စိုက်ကြည့်နေခဲ့ကာ လက်ကိုညင်သာစွာမြှောက်လျက် တိမ်ယံဆင့်၏ ပါးပြင်မှတစ်ဆင့် တဖြည်းဖြည်းအပေါ်သို့တက်ကာ မျက်ဝန်းတစ်ဝိုက်ကို ခပ်ဖွဖွပွတ်သပ်နေခဲ့သည်။ ထို့ပြင် ကြားရန်ခဲယင်းလှသည့် တိုးဖွဖွစကားတစ်ခွန်းကလည်း ကပ်လျက်ပါလာခဲ့သည်။
" ဆင့် မင်းရဲ့မျက်လုံးတွေကလေ အရမ်းကိုလှပလွန်းတယ်။ ဒါပေမယ့် ကိုယ် ဘယ်အချိန်မှများ ဒီမျက်ကပ်မှန်တွေကို မဟုတ်ဘဲ မင်းရဲ့မျက်ဝန်းအစစ်တွေကို မြင်ခွင့်ရနိုင်မှာလဲ "
ထိုစကားကြောင့် ဆင့်က တောင့်တင်းစွာထုဆစ်ထားသော အသက်မဲ့သည့်ကျောက်ရုပ်အဖြစ် ကူးပြောင်းသွားလေသည်။ ဤသည်မှာ လေပြေရှင်းတောင်မသိသော ကိစ္စရပ်ပင်ဖြစ်သည်။ဒီမျက်ကပ်မှန်တွေက သူ့မျက်လုံးအစစ်တွေနဲ့ ထပ်တူကျလုနီးပါးရှိနေခဲ့သည်မှာ အချိန်အတော်ကြာနေခဲ့ပြီဖြစ်သည့်အတွက် သူကိုယ်တိုင်တောင် ရံဖန်ရံခါတွင် မျက်လုံးအစစ်တို့ဖြင့် မှားယွင်းနေပြီဖြစ်သည်။ ပြဒါးရံက ထိုကိစ္စကိုဘယ်လိုများ သိနေခဲ့ပါသနည်း။ သူ့အနီးအနားကလူတွေတောင် သတိမထားမိခဲ့တဲ့ ဖြစ်ရပ်တစ်ခုကိုလေ။ လက်မခံချင်သော်လည်း အမှန်တရားကသူ့ကိုအသိပေးနေခဲ့သည်။ ပြဒါးရံက သူဆိုသောတိမ်ယံဆင့်နှင့် ပက်သက်လာလျှင် အသေးအဖွဲလေးကအစ သတိထားမိသည်ဆိုသော အကြောင်းအရာပင်။
Hate Poem Written With Love࿐Where stories live. Discover now