"ဟေ့ကောင်...အပိုတွေလုပ်တာရပ်ပြီး ငါ့ကိုတံခါးလာဖွင့်ပေး ငါ့မေမေဖုန်းခေါ်ထားလို့ ငါနဲ့အဆက်အသွယ်မရရင် စိတ်ပူနေလိမ့်မယ် တံခါးလာဖွင့်"

"မဖွင့်ပေးဘူး ပြန်ချင်ရင်ခဏစောင့် ရေချိုးပြီးမှ လာဖွင့်ပေးမယ်"

"အေး...မင်းဆင်းလာခဲ့ ငါမင်းခေါင်းကို
ဒီပန်းအိုးနဲ့ရိုက်ခွဲပြမယ်"

"လုပ်ရရင်လုပ်ပေါ့ ခုတော့စောင့်နေလိုက်အုံး"

Taehyungအဲ့ကျောပြင်ကိုကြည့်နေရတာကိုက အရမ်းမုန်းတာ။ကိုယ့်ဘာကိုယ်အေးဆေးနေ,နေတာကို လာလာပြီးဆွတာ။သူမက်တပ်လည်းဆပ်မရပ်နိုင်တော့ တံခါးပေါက်နားက ကြမ်းခင်းပေါ်မှာသာထိုင်ချလိုက်တော့သည်။
ဖြစ်ပျက်နေပုံက သူများအိမ်ရဲ့တံခါးပေါက်နားက ကြမ်းခင်းပေါ်မှာထိုင်နေရတဲ့သူ့အဖြစ်။မေမေကတော့ပြောတယ် ဘယ်သူမကောင်းကောင်း
ကိုယ်ကကောင်းရမယ်တဲ့။ဒီလိုကောင်မျိုးအပေါ်ကိုတော့ သည်းခံပေးချင်စရာတစ်ကွက်မှမရှိ။

Jungkookရေချိုးပြင်ဆင်ပြီး အောက်ထပ်ကိုဆင်းလာတော့  အိမ်မှာအလုပ်လာလုပ်ပေးတဲ့ အဒေါ်ကြီးတွေကရောက်နေပြီ။Kim Taehyungကိုတော့မတွေ့ရတော့။မဟုတ်မှလွဲ ကျစ်!။

"အဒေါ်ကြီးတို့ ဟိုကောင်လေးရော"

"အော်...အဒေါ်ကြီးတို့ အထဲတံခါးကဝင်လာတုန်း သူပြန်ဖို့စောင့်နေတာတဲ့
မမရဲ့တပည့်လို့ပြောတာနဲ့ ဒေါ်ကြီးတို့ အထဲတံခါးကနေလမ်းပြလိုက်တာ အခုလေးတင်ထွက်သွားတာ ခြေထောက်ကကောင်းကောင်းမထောက်နိုင်ရှာဘူးသားရယ်"

"ဒေါ်ကြီးတို့ အလုပ်ပြီးရင် အရင်လိုသာပြန်နှင့်ပါတဲ့ မာမီခရီးသွားတာမလို့ ကျွန်တော်သွားပြီနော်"

Jungkookပြောရင်းနဲ့အိမ်ရှေ့တံခါးကိုအမြန်ဖွင့်ပြီး ကားဂိုဒေါင်ရှိရာကိုသွားလိုက်သည်။ကားသော့ကသူယူထားတာ။သပ်သပ်မပေးချင်လို့ကားထဲကျန်ခဲ့တာလို့ပြောလိုက်တာကို ယုံပြီးထွက်သွားပုံရသည်။
တွေ့ပါပြီ ကားနားမှာရပ်နေတဲ့လူကို။
ပြီးတော့ သူ့ခြေထောက်ကသွေးတွေပြန်ကြနေတာ။ဖိနပ်ကစီးလို့မရသေးတော့ ဖိနပ်ကိုလည်းကိုင်ထားသေးသည်။

APOLLO Where stories live. Discover now