"အဲ့လောက်ပြန်ချင်နေတယ်ဆိုလည်းသဘော မတားဘူးပြန် မာမီပြောတဲ့အတိုင်းလည်းပြောတယ် ကျွန်တော့်ဘက်ကဝတ္တရားမပျက်ဘူး ခင်ဗျားစိတ်နဲ့ခင်ဗျားပြန်တာဆိုရင် မတားဘူးသွား...."

လူကြည့်တော့ခြေတစ်ဖက်ကကြွထားပြီး ညာဘက်လက်ကပါရောင်နေလို့ ဆေးပတ်တီးစည်းထားရတာ။တစ်ယောက်ထဲနေတဲ့အိမ်ကိုပြန်ပြီး ဘယ်လိုတွေများလုပ်မလည်းကိုမသိ။သူ့ကိုမကြည်ကြည့်ပေးပြီး ခြေထောက်တစ်ဖက်တည်းနဲ့ခုန်စွခုန်စွ ထွက်သွားသောသူကို Jungkookရပ်ကြည့်နေလိုက်သည်။လှေကားထိပ်ရောက်ရင်ဘယ်လိုဆင်းမလည်းကြည့်ရတာပေါ့။

ညတုန်းကသာ သူခေါ်လာလို့အပေါ်ရောက်လာတာ။လှေကားကိုသတိမထားမိ။အခုဆင်းဖို့ကြအခက်တွေ့ရသည်။ဒါပေမယ့်လည်း သူဆင်းမှရမယ်။ဒီလှေကားကိုကျော်နိုင်မှသူအဆင်ပြေမှာ။လှေကားလက်ရန်းကိုကိုင်ပြီး ခြေထောက်တစ်ဖက်တည်းကိုသာအားပြုပြီးဆင်းနေရသည်။ဒါတွေက ဟိုကောင်ကြောင့်ဖြစ်တာဆိုပြီးတွေးလိုက်မိတော့ တစ်ခါမှမဆဲဘူးတဲ့သူ့ပါးစပ်ကနေ ခပ်ရိုင်းရိုင်းစကားတစ်ချို့ကိုအော်ဆဲလိုက်သည်။သူဆဲပြီးတာနဲ့နောက်ကနေထွက်လာတဲ့အသံကတစ်စပ်တည်း။

"ရိုင်းလိုက်တာ ဘာကိုလိမ္မာတဲ့ဆရာဝန်လေးလဲ ဟက်... အရိုင်းပင်လေး"

"အေး မင်းကငါရိုင်းတာနဲ့ဘဲတန်တာလေ မင်းကိုတော့ငါက ဒီထက်ပိုရိုင်းအုံးမှာ"

သူ့ကိုပြောဆိုပြီးဆင်းသွားတဲ့သူကလှေကားထစ်တွေကို ကျော်လွန်ပြီး
တံခါးမကြီးနားကိုရောက်သွားသည်။
အထဲကသံပန်းတံခါးချပ်တွေဆီ အကြည့်ရောက်သွားသည်ထင် တောက်တစ်ချက်ခေါက်ပြီး လှည့်ကြည့်လာသည်။

"တံခါးလာဖွင့်"

"ခင်ဗျားရဲ့အလုပ်သမားလား ဖွင့်ဆိုတိုင်းဖွင့်ပေးရအောင်"

"မင်း...ငါဆဲမှာနော်"

"ဆဲလေ ဆဲကြည့်လိုက် ခင်ဗျားကျွန်တော့်ကိုချက်ချင်းတောင်းပန်နေရလောက်အောင် လုပ်ပလိုက်မယ် လာမစမ်းနဲ့"

"မင်း!လူယုတ်မာ"

"ဟုတ်တယ် ယုတ်မာတယ်"

Taehyungငိုချင်စိတ်ပေါက်သွားရလောက်အောင် စိတ်ပျက်သွားမိသည်။
ခက်ခက်ခဲခဲဆင်းလာခဲ့ရတာကို အောက်ရောက်တော့ သော့ခတ်ထားတဲ့တံခါးကြီးကသာ စီးကြိုနေသည်။
ဖုန်းကလည်း ကားပေါ်မှာကျန်ခဲ့တာဆိုတော့ မေမေတို့သာဖုန်းဆက်ခဲ့ရင် သူမကိုင်ဘူးထင်ပြီး တစ်ခုခုဖြစ်နေမလားတွေးကာ စိတ်ပူနေကြလိမ့်မည်။

APOLLO Where stories live. Discover now