Chapter(305) - သီးသန့်မိသားစုမှတပည့်များ

Start from the beginning
                                    

ဝမ်ရိထုန်က ခန့်မှန်းသည်။

"သူတို့ အရမ်းပျင်းနေလို့ ကမ္ဘာကြီးရဲ့ အတွေ့အကြုံတွေကို ရှာဖွေဖို့ဆိုပြီး လေ့ကျင့်ဖို့ ထွက်လာတာများလား? "

"မဖြစ်နိုင်ဘူး" တစ်နေကုန် တိတ်ဆိတ်နေသည့် ပေ့ရှစ်ထျန်းက အနည်းငယ် အက်ရှနေတဲ့အသံနဲ့ ရုတ်တရက် စကားပြောလာသည်။

"သီးသန့်မိသားစုတွေ အားလုံးက အပေါ်ပိုင်းဘုံကနေ အငယ်တန်းဘုံမှာ ထားတဲ့ သူလျှိုတွေထက် မပိုဘူး, အကယ်၍ သူတို့တွေ အပြင်ထွက်ပြီး လေ့ကျင့်ချင်တယ် ဆိုရင်တောင် အထက်ပိုင်းမှာပဲ အဲ့ဒီလိုသွားလုပ်ဖို့ ရွေးချယ်မှာ သေချာတယ်, သူတို့အတွက်က တိုက်ကြီးငါးတိုက်မှာ လေ့ကျင့်စရာမှ မလိုတာ"

ဝမ်ရိထုန်က ပေ့ရှစ်ထျန်းအား မျက်လုံးလှန်ကြည့်သည်။

"မင်းကိစ္စမဟုတ်ပါဘူး, ဘာလို့ ငါတို့စကားကို လာဖြတ်ပြောနေတာလဲ?"

ပေ့ရှစ်ထျန်းက သူ့နှုတ်ခမ်းကို ဖိကပ်လိုက်ပြီး မျက်နှာသေဖြင့် ဆက်ပြောသည်။

"ငါကဒီအတိုင်း မင်းကို သတိပေးချင်လို့, အကယ်၍ သီးသန့်မိသားစုတွေ အိမ်ပြင်ထွက်လာပြီဆိုရင် တိုက်ကြီးငါးတိုက်မှာ တစ်ခုခုဖြစ်တော့မှာမို့လို့ သူတို့ကို ထွက်လာစေဖို့ ဖိအားပေးလိုက်တယ် ဆိုတာပဲ, ပေါ့ပေါ့တန်တန် သဘောမထားနဲ့"

ဆန့်ကျင်မှုအပြည့် မျက်နှာထားနဲ့ ဝမ်ရိထုန်က မထီမဲ့မြင်ဟန် ပြန်ပြောသည်။

"မင်းငါ့ကို သတိပေးစရာ မလိုပါဘူး, တစ်ပါးသူရဲ့ စီးပွားရေးမှာ မင်းနှာခေါင်းကိုသာ လာကပ်မနေနဲ့, ပြီးတော့ငါက လက်ဆောင်တွေသယ်လာတဲ့ သူမျိုးကို သံသယဖြစ်တယ်"

"အားထုန်" ကျန်းဖုန်းထင်က ဝမ်ရိထုန်ရဲ့ နာမည်ကို ပေါ့ပါးစွာ လှမ်းခေါ်လိုက်သည်။ ဝမ်ရိထုန်က ချက်ချင်းပင် ပါးစပ်ပိတ်သွားတော့လေသည်။

တောင်ထွတ်စည်းမျဉ်းတွေကို ကူးယူဖို့ အပြစ်ပေးခံခဲ့ရတဲ့ ဝမ်းနည်းစရာ အတိတ်ကို ဘယ်သူက သူ့ကိုသတိရအောင် လုပ်လိုက်တာလဲ?

ပေ့ရှစ်ထျန်းက ဝမ်ရိထုန်အား နက်နက်နဲနဲ တစ်ချက်ကြည့်လိုက်ပြီးနောက်မှာ လင်ရွှမ်းဇီဘက် လှည့်သွားသည်။

(Book-2)အမြင့်မြတ်ဆုံး ကောင်းကင်အရှင်၏ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now