" ဟုတ်ပါပြီ တိမ်ယံ ၊ ပြန်တော့လေ ဂျူတီရှိပါတယ်ဆို "
" ဟာ လွမ်းကိုတွေ့ချင်လို့လာတဲ့လူကို အမောစို့အောင် ၊ လွမ်းအခန်းက ဘယ်နားမှာလဲ ကိုယ်လိုက်မယ်လေ ၊ ဒီအတိုင်းတော့ပြန်မသွားနိုင်ဘူး "
" ပြီးရောလေ ကျွန်တော်နဲ့တော့မလိုက်ပါနဲ့ ခင်ဗျားကျွန်တော့်ကို နားနေခန်းထဲမှာစောင့်နေလို့ရတယ် ၊ စောင့်နိုင်ရင်ပေါ့ "
" စောင့်နိုင်တာပေါ့ လေးအင်္သချေ ကမ္ဘာတစ်သိန်းဆိုတဲ့အချိန်ကာလတောင် ကိုယ့်သည်းခံနိုင်စွမ်းကို မမှီပါဘူး ဟဲ ဟဲ နားနေခန်းကဘယ်မှာလဲ စောင့်နေမယ်နော် "
" အပြောကတော့ ရွှေမန်းပဲ "
လွမ်း နားနေခန်းရှိတဲ့ဘက်ကိုလက်ညိုးထိုးပြလိုက်သည်။ တိမ်ယံဆိုတဲ့လူက နားနေခန်းဘက်ကိုထွက်သွားမှ သူနာပြုဆီက စာရင်းတောင်းကြည့်လိုက်ပြီး round လှည့်ရတော့သည်။ ရှစ်နာရီကျော်မှ လွမ်း ဟိုလူ့ကိုသတိရတော့သည်။ ဘယ်လိုပဲဖြစ်ဖြစ်ပါ ဒီအချိန်ထိသူစောင့်နိုင်မှာမဟုတ်ပါဘူး။ မစောင့်နိုင်ရင် ပြန်သွားလိမ့်မယ်။ ပြီးတာနဲ့ လွမ်းအိမ်ပြန်ဖို့လုပ်ရသည်။
" ဒေါက်တာမူပိုင် "
" ပြောပါ မကေသီ "
" နားနေခန်းထဲမှာ ဒေါက်တာကိုစောင့်နေတဲ့သူ အခုထိရှိသေးတယ် ၊ ဒေါက်တာ ဂျူတီပြီးရင် သူ့ကိုပြောပါတဲ့ "
" အာ ရှိနေသေးတာလား ဟုတ်ပြီ ဟုတ်ပြီ ကျွန်တော်သွားလိုက်မယ်နော် "
လွမ်း အိတ်ကိုယူကာ နားနေခန်းဘက်ကိုလျှောက်သွားလိုက်သည်။ ချောင်းကြည့်လိုက်တော့ ဟိုလူက သက်တောင့်သက်သာထိုင်နေခဲ့။
" အဟမ်း ကျွန်တော်အိမ်ပြန်တော့မလို့ "
" ဂျူတီပြီးပြီလား ကောင်းတယ် ၊ လွမ်းတစ်ခုခုလိုက်စားချင်လား ကိုယ်treatပါ့မယ် "
" ဒါဆို နေရာကိုခင်ဗျားပဲရွေးလိုက်ပါ "
" ကိုယ်က အစားမရွေးဘူး ၊ ကိုယ်ကြိုက်တာကို လွမ်းမကြိုက်မှာစိုးတယ် ကိုယ်ပြောတာနားလည်လား ၊ လွမ်းပဲရွေးလိုက်ပါ "
YOU ARE READING
ASTILLBE (Completed)
Teen FictionMarried Life ( Male Pregnant ) " ငါမောင့်ကိုချစ်တယ် ဒါပေမယ့် ငါ့မှာလည်းသည်းခံနိုင်တဲ့အတိုင်းအတာဆိုတာရှိတယ် မင်းငါ့ကိုအရင်ကျောခိုင်းရင် မင်းထားခဲ့တဲ့အတိုင်း ငါနေမယ် ၊ မင်းကိုငါအရင်ကျောခိုင်းတဲ့တစ်နေ့ လုံးဝပြန်လှည့်လာမှာမဟုတ်ဘူးဆိုတာ မောင်မှတ်ထား " "...
Part (26) ( မောင်နဲ့အတူရှိနေသမျှအချိန်တိုင်းက ငါ့အတွက်နိဗ္ဗာန်ပဲ)
Start from the beginning