Chapter - 11 ( Zawgyi)

1.1K 133 6
                                    

စစ်ဆေးမေးမြန်းခန်းတစ်ခု၌ သံသယရှိသူက သူရဲ့ပြစ်မှုကျူးလွန်သည့်ရည်ရွယ်ချက်နဲ့ ကျူးလွန်ခဲ့သည့်နည်းလမ်းများကိုဝန်ခံခဲ့သည်။ အမှုက အပြီးသတ်သွားပြီဖြစ်၍ ထိုအမှုကို ကိုင်တွယ်စစ်​ဆေးခဲ့​သောစုံ​ထောက်များ အနားယူနိုင်ခဲ့ပြီဖြစ်သည်။

ရှဲ့ဟန်  ပြက္ခဒိန်ကို တစ်ချက်စစ်လိုက်သည်။ ရှန်းဝမ်ကျွမ်းရဲ့Heatကာလဝင်မည့်အချိန်နီးလာပြီဖြစ်သည်။

အိုမီဂါတစ်ဦး၏ Heat ကာလသည် ပုံမှန်ရက်ဝန်းတစ်ခု ရှိ​သော်လည်း အိုမီဂါတိုင်းအတွက်​တော့ တူနိုင်မည်မဟုတ်​ချေ။ အိုမီဂါ အများစုသည် တစ်လလျှင် တကြိမ် Heat ဝင်တတ်​သော်လည်း ရှန်းဝမ်ကျွမ်းက​တော့ မတူညီခဲ့​ပေ။ဒါဟာ သူ့ရဲ့ Alpha​မျိုးရိုး​ကြောင့် ဖြစ်နိုင်​ပေသည်။

သူ့ရဲ့Heatဝင်မည့်ကာလကို ခန့်မှန်းရန် အလွန် ခက်ခဲ​ပေသည်။ ရှန်းဝမ်ကျွမ်းဟာ Heatကာလကို လစဉ် မကြုံ​တွေ့ရ​သော်လည်း Heatရဲ့ လက္ခဏာ​တွေက မခံမရပ်နိုင်​အောင် ပြင်းထန်လှသည်။ သို့​သော် ဖိနှိပ်​ရေးပစ္စည်း​တွေသုံးပြီး သူ့​နေစဉ်ဘဝကို ပုံမှန်အတိုင်း ဖြတ်သန်းနိုင်ခဲ့သည်။ ထို့​ကြောင့် သူ့ရဲ့Heatဝင်သည့် အချိန်ဇယားနဲ့ပတ်သတ်ပြီး ရှန်းဝမ်ကျွမ်းကိုယ်တိုင်ပင် အာရုံစိုက်ဖို့ စိတ်မဝင်စားခဲ့​ချေ။

ဒါပေမယ့် ရှဲ့ဟန်က​တော့ ရှန်းဝမ်ကျွမ်းရဲ့Heatဝင်ချိန် အားလုံးကို စေ့စေ့စပ်စပ် မှတ်တမ်းတင်ထားခဲ့သည်။  သူရဲ့မှတ်တမ်းများအရ ရှန်းဝမ်ကျွမ်းရဲ့Heatသည် ဆယ်ပတ်လျှင်တစ်ကြိမ်ခန့် ဖြစ်တတ်ပြီး သူ့Heat တစ်ကြိမ်နဲ့တကြိမ်ကြား ပျှမ်းမျှ အချိန်က ၆၈ရက် ဖြစ်သည်။

ရှဲ့ဟန်ဟာ ရှန်းဝမ်ကျွမ်း Heatမဝင်ခင်နှင့် ဝင်ပြီးရက်တွေမှာ သူ့ရဲ့အချိန်ဇယားကို အား​နေဖို့ နည်းလမ်း​တွေအမြဲရှာလိမ့်မည်။ ပြင်ဆင်မှုအားလုံး လုပ်ပြီး အသင့်​စောင့်​နေ​ပေလိမ့်မည်။ ဒါ​​ပေမဲ့ သူဒါ​တွေ လုပ်ထားတာနဲ့ ပတ်သတ်ပြီး ရှန်းဝမ်ကျွမ်းကို​တော့ ​ပြောပြလိမ့်မည်မဟုတ်​ချေ။ အချိန်တိုင်း သူရှန်းဝမ်ကျွမ်း ​ခေါ်လာမည့် အချိန်ကိုသာ တိတ်တဆိတ်​စောင့်​​နေခဲ့သည်။

အိုမီဂါ ရေခဲပန်း​ပွင့်လေး (Completed)Where stories live. Discover now