Chapter - 10 (Zawgyi)

Start from the beginning
                                    

"ငါ အစက​​ တွေးခဲ့တယ်။ ငါတို့ အသက်သုံးဆယ်ရှိပြီ။ မင်းလည်း လက်မထပ်ရ​​သေးဘူး၊ ငါလည်းပဲ လက်မထပ်ရ​သေးဘူးကွာ။ ငါတို့ အတူ​နေလာတဲ့တစ်​လျှောက်လုံးလည်း ငြိမ်းငြိမ်းချမ်းချမ်းပဲ​လေ။ ဒါကြောင့် ဒီကိစ္စမှာ ငါတို့က တော်တော်လိုက်ဖက်ညီတယ်။ ငါတို့က တစ်​ယောက်နဲ့တစ် လက်ထပ်ဖို့ သင့်​တော်တဲ့ လက်တွဲ​ဖော်​တွေ ဖြစ်သင့်တယ်မလား?

ရှန်းဝမ်ကျွမ်း သူ့နှလုံးသားကို အထုံး​လေး​တွေ လာထုံး​နေသလို ခံစားခဲ့ရသည်။ ရှဲ့ဟန်ရဲ့ယုတ္တိဗေဒကို ချေပဖို့ နည်းလမ်း မရှိခဲ့​ပေ။ သူ့ရဲ့သွေးခုန်နှုန်း​တွေက ပိုပိုပြီးမြန်လာခဲ့သည်သာ။

ရှဲ့ဟန်က ဆက်​ပြောလာသည်။

"ဒါပေမယ့် ထျန်းရွိ ရုတ်တရက်ပေါ်လာလိမ့်မယ်လို့ ငါမမျှော်လင့်ခဲ့ဘူး။ မင်း Alphas တွေကိုမကြိုက်​ပေမယ့် ကံကြမ္မာ Alpha ကကျ မတူတဲ့ကိစ္စ​လေ။ ဟုတ်တယ်မလား?။ ကိစ္စ​တွေ ဒီလို ဖြစ်ပျက်​ပြောင်းလဲကုန်​တော့ ငါကို လက်ထပ်ဖို့ မင်းကို ​မေးလို့မရ​တော့ဘူး"

အဲဒါဘာကိုဆိုလိုတာလဲ။

ရှန်းဝမ်ကျွမ်း စိတ်ထဲ လုံးဝဗလာ ဖြစ်သွားရသည်။ သူပြောချင်တဲ့စကားတွေ အားလုံးကိုပင် သူမေ့သွားသည်။ သူ့စိတ်ထဲ မေးခွန်းတစ်ခုသာ ကျန်ခဲ့သည်။

ရှဲ့ဟန် ဒီ​ကောင်က သူ့ကို လက်ထပ်ခွင့်​တောင်းဖို့ အစီအစဉ်မရှိတော့ဘူးလို့ ပြောနေတာလား။
(T/N - ဒီနား​​လေးမှာ ရှဲ့ဟန်ကို ရိုက်ချင်သည်။)

ရှန်းဝမ်ကျွမ်း နောက်ဆုံးတော့ သူ့ပါးစပ်ကို ဖွင့်လိုက်သည်။

"မင်း…."

ရှဲ့ဟန်ရဲ့ဖုန်းက မြည်လာခဲ့တဲ့အချိန်မှာ သူစကားတစ်လုံးသာ​​ ပြောရ​သေးသည်။

ရှဲ့ဟန်က ဖုန်းကိုင်လိုက်သည်။

"ဟယ်လို.. အိုး... ငါနားလည်ပြီ။ အမ်း ... ငါအခု ချက်ချင်းထွက်ခဲ့မယ်။ "

သူထလိုက်ပြီး ရှန်းဝမ်ကျွမ်းကို

"ငါကို စခန်းက ပြန်ခေါ်​နေတယ်။ ငါ မြန်မြန်ပြန်သွားမှ ရမယ်"

သူတို့ရဲ့ တစ်ဝက်တစ်ပျက် စကားဝိုင်းကိုထားခဲ့ပြီး ရှဲ့ဟန်ထွက်သွားတာကိုသာ ရှန်းဝမ်ကျွမ်းကြည့်​နေခဲ့ရသည်။

အိုမီဂါ ရေခဲပန်း​ပွင့်လေး (Completed)Where stories live. Discover now