" ကျွန်တော် မမှာ..."

ရှမ်းရိုးရာဆိုင်ဆိုကာမှ ဝန်း ရန်းကိုဝယ်ကျွေးနေကျဆိုင်ပဲ။ရှမ်းအစားအစာတွေကြိုက်တဲ့ရန်းအတွက် ဝန်း ဝယ်ပို့ပေးလိုက်တာဖြစ်မယ်။ ရန်း အကြိုက်ဝန်းသာသိသည်မို့ ဝန်းကလွဲပြီးဘယ်သူရှိပါဦးမလဲ။
အဟင်း...အလိုက်သိတတ်တဲ့ကောင်လေး ရထားတာကြောင့် ရန်းမျက်နှာချီကာ ပြုံးလိုက်သည်။

" ကျေးဇူးတင်ပါတယ် "

ငါးထမင်းနယ် ၊ အာလူးထမင်းနယ် ၊ တောင်ကြီးဟင်းထုပ် ၊ ဝက်သားချဥ် ရှမ်းအစားအစာအစုံအလင်ပင်။ ဒီလောက်အများကြီး ရန်းတစ်ယောက်ထဲဘယ်လိုစားကုန်မှာလဲ။ဝန်းငယ်က
လောဘကိုကြီးတယ်။ဝန်းငယ်က ရှမ်းအစားအစာကို စွဲစွဲလမ်းလမ်း မရှိပေ
မယ့် ရန်းလုပ်ကျွေးရင် မြိန်ရေယှက်ရေ စားတတ်သည်။ နောက်မှ လုပ်ကျွေးရဦးမယ်။

.

ဆေးရုံမှာရန်းအတွက်ဆို​ပြီး ရောက်လာတဲ့ အပင်တွေအကုန်လုံးကို အိမ်ထိသယ်ချလာကာ အပေါ်ထပ် လသာဆောင်မှာ သီးသန့်နေရာချထားသည်။ဘယ်သူပေးမှန်းမသိပေမယ့် ဒီအပင်လေးတွေက ရန်းကို ကြည်နူးမှု၊လတ်ဆတ်မှု၊နွေးထွေးမှုတွေ ပေးသည်။စိတ်ငြိမ်စေပြီး ကြည်လင်စေသည်။ စေတနာမှန်လို့ထင်သည်။တန်ဖိုးထားရာအရာလို့ ရန်း စိတ်ထဲကအလိုလိုလက်ခံသတ်မှတ်ထားသည်။ ဒါကြောင့်
သီးသန့်ထားထားခြင်းဖြစ်သည်။

ညလေအေးကလည်း ရန်းအနား ထွေးပွေ့ကာ တိုက်ခတ်ကျီစယ်နေသည်။
သန့်ရှင်းလတ်ဆတ်တဲ့လေကို တဝကြီးရှူကာ ထုံးစံအတိုင်း အပင်လေးတွေကို စကားတွေပြောမိသည်။ရန်းစကား​တွေကို အပင်လေးတွေ သေချာနားထောင်နေမှာပါ။

အိပ်ခန်းထဲ ဝင်လာတာနဲ့ အရင်ဆုံးလုပ်တဲ့အရာက ပြတင်းပေါက်ဘောင်ပေါ်က ပန်းမရှိတဲ့ ပန်းအိုးလေးကို အမြတ်တနိုးကြည့်ကာ ရေလောင်းခြင်းပင်။

" ငါဘာလို့များ ရူးမိုက်ခဲ့ရတာလဲ "

" နေကြာပန်းလေးက ဘာအပြစ်ရှိလို့လဲ "
.

လောလောလတ်လတ် ဝယ်ထားတဲ့ ဖုန်းအသစ်လေးက တဂျီဂျီတုန်ခါ​နေတာကြောင့် အတွေးတွေရပ်ကာ ဖုန်းကိုင်လိုက်သည်။

When You Find Lost Love AgainWhere stories live. Discover now