"စီနီယာဒီထက်မကချောနိုင်ပါစေ!..."

"နောင်နှစ်မှာလည်း ဒီထက်မကကျွေးနိုင်မွေးနိုင်ပါစေဗျ!..."

"ငါတို့သူငယ်ချင်းကျန်းကျန်းမာမာနဲ့သက်တော်ရာကျော်ရှည်ပါစေ!..."

"ဒီထက်လည်းစော်ကြည်ပါစေ!..."

"ဝါး!...ဟား!...ဟား!...ဟား!..."

သူတို့အပြောနဲ့သူတို့သဘောကျကာတဝါးဝါးရယ်ရင်းဝိုင်းကျနေကြသည့်သူငယ်ချင်းအုပ်ကြောင့်ရှောင်းကျန့်မှာခေါင်းတရမ်းရမ်းနဲ့ရယ်မောရင်းသာအတင်းပြန်ထိုင်ခိုင်းပြီးစားသောက်စေလိုက်တော့တယ်။မျက်နှာချင်းဆိုင်မှာထိုင်နေသည့်ဖန်းဝေကတော့ဆိုဂျူးသောက်လိုက် အသားစားလိုက်နှင့်အတော်ခရီးရောက်နေပုံ။

"ဟာ!...ရိပေါ်တို့သူငယ်ချင်းနှစ်ယောက် နောက်ကျတယ်နော်...လာ လာကျဲတို့ဝိုင်းကို..."

လုမေအပြောကြောင့်ရှောင်းကျန့်မျက်နှာပိုပြီးရွှင်ပြလာသလိုရိပေါ်နဲ့ပါလာသည့်ဖေရှီးကိုတချက်ကြည့်ပြီးဖန်းဝေကတော့ဆိုဂျူးကိုပုလင်းလိုက်မော့နေတော့တာပဲ။ဖေရှီးမျက်နှာမြင်လျှင်ဖန်းဝေ စိတ်တွေကဆင့်ကလျားဖြစ်တတ်သလို ရိပေါ်ကိုလည်းသူချစ်မိတာသေချာ၏။

အစကရိပေါ်နဲ့ဖေရှီးဆို ရိပေါ်ကိုသာဂရုပြုမိပေမဲ့ ခုနောက်ပိုင်းဖေရှီးကိုပိုပြီးအာရုံစိုက်လာတတ်သည့်မိမိကိုယ်ကိုယ်လည်းဖန်းဝေနားမလည်တော့။ရိပေါ်မျက်နှာလေးမြင်လျှင်ချစ်စိတ်တိုးသလို ဖေရှီးကိုမြင်ပြန်ရင်လည်းနှလုံးသားကလျှပ်ကူးနေသလို ဖန်းဝေ ရင်ထဲတလျှပ်လျှပ်။စိတ်ရှုပ်ရှုပ်နဲ့ဆိုဂျူးအပြင်ဘီယာတွေပါကောက်မော့တော့လည်း သူလိုကိုယ်လိုဖန်းဝေကိုမည်သူမှလာမတား။

လုမေခေါ်တာကြောင့်ရိပေါ်နဲ့ဖေရှီးကရှောင်းကျန့်တို့ဝိုင်းမှာပဲဝင်ထိုင်လာကြတာမို့ရိပေါ်ကဖန်းဝေနဲ့မျက်နှာချင်းဆိုင်ဖြစ်ပြီးဖေရှီးကဖန်းဝေနဲ့ကပ်ရပ်ရှောင်းကျန့်မျက်နှာချင်းဆိုင်မှာ။လုမေနဲ့တခြားကျောင်းသားတစ်ယောက်လည်းစားပွဲထိပ်မှာအသီးသီးနေရာယူထားကြတာမို့နေရာလွတ်မရှိလောက်အောင် စားပွဲတိုင်းလူပြည့်သွားရတယ်။

LOVE ME,OK![Complete]Where stories live. Discover now