Part6(Unicode)

1.8K 103 4
                                    

၀မ်ရိပေါ်ထိုနားကို ရောက်သွားတော့
လုဖေး:::"ဟာ ၀မ်လေး လာထိုင်"
"........"(ခေါင်းငြိမ့်ပြသည်။)
"ဗိုလ်ကြီးရော"
"........."(လက်ညှိုးထိုးပြသည်။)
"အော် အင်းပါ"
သူတို့လဲ ဆော့စရာရှိတာကို ဆက်ဆော့နေကြသည်။
ရှောင်းကျန့်လဲ ညဉ့်နက်လာတော့ ကလေးကိုခေါ်ဖို့ လုဖေးတို့ရှိတဲ့နေရာကို လာခဲ့သည်။
"ကလေး"
၀မ်ရိပေါ်က သူခေါ်တော့ လှည့်ကြည့်လာပြီး
"ပြန်ရအောင်နော် အေးလာပြီ"
".........."(ခေါင်းငြိမ့်ပြသည်)
"ကဲ လုဖေး ငါသွားပြီ သိပ်လဲညမနက်စေနဲ့ ကြားလား"
"ဟုတ်ကဲ့ ဗိုလ်ကြီး"

သူတို့တဲကို ရောက်တော့ ကလေးက လက်နှစ်ဖက်ကို ပူးပြီးအာငွေ့ပေးနေသည်။အင်္ကျီကတော့ သူအင်္ကျီကို ယူ၀တ်ထားတော့
အ၀တ်ပုံထဲမှာ လူကမြုပ်နေသည်။ကလေးကို အ၀တ်အစားတွေ ၀ယ်ပေးရတော့မယ်လို့ သူ့စိတ်ထဲမှာ တေးမှတ်ထားသည်။
"ကလေး ချမ်းနေတာလား"
"........"(ခေါင်းငြိမ့်ပြသည်)
"အာ့ကြောင့်ပြောတာ အအေးထဲမှာ ကြာကြာမနေနဲ့ဆိုတာ"
သူပြောလိုက်တော့ ကလေးက ခေါင်းငုံ့သွားသည်။သူ ကလေးမေးစေ့ကို ဆွဲယူပြီးမော့ကြည့်စေလိုက်တော့ မျက်ရည်တွေနဲ့။
"ဟင် ဘာလို့ငိုတာလဲ ကလေးရဲ့ ကိုယ်ပြောလိုက်လို့လား"
သူမေးလိုက်တော့ ကလေးက ခေါင်းငြိမ့်ပြသည်။
"ကိုယ်က ကလေး နေမကောင်းဖြစ်မှာဆိုးလို့ပါ မငိုနဲ့တော့နော်
ကဲ အိပ်တော့ ဟုတ်ပြီလား"
သူ ကလေးကို အိပ်ယာပေါ်သိပ်လိုက်ပြီး သူထွက်သွားမယ်ကြံတော့ ကလေးက သူ့လက်ကိုဆွဲထားသည်။
"ဘာလို့လဲ ကလေးရဲ့ အိပ်လေ"
"..........."
"အတူတူအိပ်ရမှာလား"
လို့ သူမေးလိုက်တော့ ခေါင်းငြိမ့်ပြသည်။အမှန်တော့သူက ကလေးအိပ်ရတာ ကျပ်မှာဆိုးလို့ ထိုင်ခုံပေါ်မှာ အိပ်မယ်လို့လုပ်ထားတာ။အခုတော့ အတူတူအိပ်ရမည့်ပုံပင်။
"ဟုတ်ပါပြီ ကိုယ်အိပ်မယ်နော်"
ဆိုပြီး သူ ကလေးဘေးနား၀င်လှဲတော့ ကလေးက သူ့ရင်ခွင်ထဲကို တိုး၀င်လာသည်။သူအေးလို့လားလို့မေးတော့ ခေါင်းငြိမ့်ပြတာနဲ့ သူလဲ တင်းနေအောင် ဖက်ထားလိုက်သည်။ခဏကြာတော့ သူလဲ အိပ်ပျော်သွားသည်။
ရှောင်းကျန့် အိပ်ပျော်သွားပေမယ့် ၀မ်ရိပေါ်ကတော့ အိပ်မပျော်သေး။သူစဉ်းစားနေမိတာ လွန်ခဲ့တဲ့တစ်ပတ်က အချိန်ကို။
အဲတုန်းက သူနိုးလာတော့ ဒီတဲထဲမှာ အိပမက်ထဲမှာ အားရီကညသူ့ကိုထားသွားတာ။သူနိုးလာတော့ ကိုကိုကအနားလာပြီး
သူ့ကို ဘယ်လိုနေလဲမေးသည်။သူလဲ အားရီတို့အကြောင်းကိုမေးတော့
ကိုကိုက မရှိတော့ဘူးတဲ့လေ။သူ့မှာ အားကိုးစရာဆိုလို့ အားရီတို့ပဲ ရှိတာလေ။ရထားပေါ်မှာတုန်းက အားရီသူ့ကိုဖက်ထားတုန်းက နောက်ဆုံးဆိုတာ သူသိခဲ့ရင် သူကြာကြာဖက်ထားလိုက်ရမှာ။
သူငိုနေတော့ ကိုကိုကဖက်ထားပေးသည်။ပြီးတော့ သူသတိလစ်သွားသည်။သူပြန်နိုးလာတော့လဲ ကိုကိုက ဂရုစိုက်ပေးသည်။
နောက်တော့ သူဘယ်လိုဖြစ်တာလဲတော့မသိ။သူ ကိုကို့ကို စကားပြောချင်ပေမယ့် အသံကထွက်မလာ။လည်ချောင်းမှာတင် တစ်နေသလိုပင်။ကိုကိုက သူ့ကို မေးလာတော့ သူလဲ ကိုကို့လက်ပေါ်မှာပဲ ရေးပြီးပြောပြရသည်။တော်သေးတာက ကိုကိုသူ့ကို စိတ်မပျက်သွားတာပင်။
ခုလဲ အပြင်မှာအရမ်းအေးပါသည်။ကိုကိုနဲ့ထိုင်နေတုန်း သူဂိမ်းဆော့တာကို ကြည့်ချင်တာနဲ့ သွားဖို့ပြောတော့ ကိုကိုက ခွင့်ပြုပေးသည်။သူလဲ သွားပြီး ခဏကြာလာတော့ သူတော်တော်ချမ်းလာသည်။ကိုကို့ကိုကြည့်လိုက်တော့လဲ တခြားသူတွေနဲ့ စကားပြောနေတာဆိုတော့ သူမရှုပ်ချင်ဘူး။ဒါနဲ့ပဲ သူချမ်းချမ်းနဲ့ ဆက်နေပြီး ကိုကိုသူ့နားလာဖို့ ဆုတောင်းနေမိသည်။
ခဏကြာတော့ သူ့ဆုတောင်းပြည့်သွားသည်။ကိုကိုက သူ့ကိုလာခေါ်သည်။တဲထဲရောက်တော့ ကိုကိုက သူ့ကိုဆူလေသည်။
အအေးပတ်ခံရပါ့မလားဆိုပြီး။သူ၀မ်းနည်းသွားသည် သူ့မှာအခု ကိုကိုပဲရှိတာလေ။ကိုကိုသာ သူ့ကိုပစ်ထားရင်ဆိုတဲ့စိတ်က သူ့ကို လွှမ်းမိုးနေတော့ သူငိုမိသွားသည်။သူငိုတော့ ကိုကိုက ချော့တော့ သူပျော်ပါသည်။ခဏကြာတော့ ကိုကိုက သူအိပ်နေကျကုတင်အသေးလေးပေါ်မှာ သူ့ကိုသိပ်ပြီး ထွက်သွားဖို့လုပ်နေသည်။သူလဲ ကိုကိုလက်ကိုဆွဲထားပြီး မသွားစေချင်တဲ့ အရိပ်ယောင်ပြတော့ ကိုကိုက သိသွားပြီး သူ့ဘေးမှာ ၀င်လှဲပြီး အိပ်လိုက်သည်။ထို့‌‌ေနာက် သူလဲ တဖြည်းဖြည်းနဲ့ အိပ်ပျော်သွားသည်။

၀မ်ပေါက်စရဲ့ဗိုလ်ကြီးရှောင်းWhere stories live. Discover now