Part5(Unicode)

1.9K 98 2
                                    

            "တပ်ရင်းမှူး အလေးပြု"
            "အင်း ထိုင် ရှောင်းကျန့်"
           "ဟုတ်ကဲ့"
           "စုံစမ်းလို့ရပြီလား"
           "မရသေးပါဘူး တပ်ရင်းမှူး"
           "ဒါဆို ဟိုလူတွေလုပ်တာများလား"
          "အဲဒါတော့ မဖြစ်နိုင်ပါဘူး ဘာလို့လဲဆိုတော့ သူတို့က ဒီအတိုင်းပဲ လုယက်တဲ့သူတွေပါ"
          "ဒါဆို Tigerတို့ လုပ်တယ်ဆိုတဲ့သဘောပေါ့"
          "အဲ့လိုပြောလို့ရပေမယ့် သူတို့ကိုယ်သူတို့တော့ ဗုံးပြန်မထောင်နိုင်ဘူးလားလို့ပါ"
           "အင်း ဒါလဲဟုတ်တာပဲ"
            "ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့အတတ်နိုင်ဆုံးဖော်ထုတ်မှာပါ"
           "အင်း ငါမင်းကို ယုံပါတယ် ဒါနဲ့ ဟို‌ကလေးရော သတိရပြီလား"
          "မရသေးပါဘူး တပ်ရင်းမှူး"
          "အေးပါ ဂရုစိုက်လိုက်ဦး"
          "ဟုတ်ကဲ့"
           "ဒါဆို ငါသွားပြီ"
  ......................................
       ရှောင်းကျန့် တပ်ရင်းမှူးနဲ့ပြောပြီးနောက် သူကလေးရှိရာကို ပြန်လာခဲ့သည်။ကလေး သတိလစ်နေတာ တစ်ပတ်လောက်ရှိပြီ။အခုထိ သတိမရသေး။သူ့တဲကိုရောက်တော့ ဆေးဗိုလ်ကြီးလျှိုဟိုက်ခွမ်းက တဲထဲက ထွက်လာသည်။
          "ကလေး ဘယ်လိုနေသေးလဲ ဟိုက်ခွမ်း"
          "သူ့ခန္ဓာကိုယ်ကတော့ အဆင်ပြေနေတယ် ဒါပေမယ့် စိတ်ကတော့"
          "အေးပါ ငါသိပြီ"
          "အင်း ဂရုစိုက်လိုက်ဦး အထဲမှာ ကျိုးချန်ရောက်နေတယ်"
          "အင်း"
          သူအထဲ၀င်သွားတော့ ကျိုးချန်က ဆေးတွေကို နေရာချနေသည်။
           "ကျိုးချန်"
          "ရှောင်းကျန့် လာပြီလား"
          "အင်း"
         ဆိုပြီး သူကလေးဘေးမှာ ထိုင်လိုက်သည်။
          "သတိရလာဖို့ကောင်းတယ်မလား ကျိုးချန် တစ်ပတ်တောင်ရှိပြီလေ"
           "အင်း တကယ်လို့ သူနိုးလာရင်မင်းဘယ်လိုပြောမလဲ ရှောင်းကျန့်"
           "အခြေအနေကြည့်ပြောရမှာပေါ့ကွာ"
           "အေးပါ မင်းအဆင်ပြေသလိုလုပ် ငါသွားပြီ"
           "အေးပါ ကျေးဇူးတင်ပါတယ်"
            "မလိုပါဘူးကွာ"
           ကျိူချန်အပြင်ရောက်တော့ အပြင်မှာရှိနေတဲ့ သူတို့အဖွဲ့တွေက
စောင့်နေကြသည်။
ချန်ချန်::"သူသတိရပြီလား ဗိုလ်ကြီး"
           "မရသေးပါဘူးကွာ"
ရှင်းလျန်::"သနားဖို့ကောင်းလိုက်တာနော် ငယ်ငယ်လေးနဲ့"
ထိုက်ဖူ::"ဒါကိုတောင် ဗိုလ်ကြီးက စိတ်မနှံ့တဲ့သူလို့တောင် ထင်လိုက်သေး"
            "မင်းတို့ကလဲ ငါမသိလို့ပြောမိတာကို"
ပိုင်ချန်::"ဒါဆို သူ့ကို ဒီမှာပဲနေခိုင်းရမှာပေါ့"
လုဖေး::"အေးပေါ့ကွ မင်းကလဲ"
ကျိုးချန်:::"ဒါကတော့ ရှောင်းကျန့် ကြည့်ပြီး စီစဉ်လိမ့်မယ် ဒါနဲ့နေပါဦး
              မင်းတို့က လေ့ကျင့်ရေးမလုပ်ဘဲ    ဒီမှာ    ဘာလာလုပ်နေတာလဲ"
ချန်ချန်::"ဗိုလ်ကြီးကလဲ ကျွန်တော်တို့က ဟိုကောင်လေးကို စိတ်ပူလို့ လာကြည့်တာပါ"
            "အေး မင်းတို့လက်ရည်ကျလို့ကတော့ ရှောင်းကျန့်အကြောင်းသိတယ်နော်"
လုဖေး::"သိပါတယ် ဗိုလ်ကြီးရဲ့ အဲတုန်းကတည်းက မှတ်သွားတာ"
         "သိရင်သွားတော့လေ"
         "ဟုတ်ကဲ့ပါ"
         သူတို့ထွက်သွားတော့ ကျိုးချန်တစ်ယောက် ရယ်ချင်သွားသည်။
အဲတုန်းက ဟိုကောင်တွေ လက်ရည်ကျသွားတာကို ရှောင်းကျန့်စစ်လိုက်တော့ ဂိမ်းဆော့နေတာပေါ်သွားသည်။သူတို့အဲတုန်းက အပြစ်ပေးခံရတာက သဲအိတ်ပေါ်မှာ ခြေထောက်တစ်ချောင်းပဲ ထောက် လက်မြှောက်ခိုင်းထားတာ တစ်နေကုန်ပင်။အဲကတည်းက သူတို့တွေ မှတ်သွားတာ။ပြောမယ့်သာပြောရတာ သူတို့တွေက တကယ်တော်ပါသည်။ခုလဲကြည့် ဟိုကောင်လေးကို လာကြည့်ကြတာ။သူလဲအဲ့တုန်းက တကယ်အံ့ဩသွားတာ။အစကတော့ စိတ်မနှံ့တဲ့သူလို့ထင်နေတာလေ။နောက်မှ ရှောင်းကျန့်ပြောပြတော့‌မှ လူကောင်းမှန်းသိလိုက်တာ။
ရှောင်းကျန့်ဆိုမှ ဒီကောင် ဗုံးပေါက်တဲ့နေ့တုန်းကများ ဟိုကောင်လေးကို တော်တော်စိတ်ပူနေတာ သူတောင်အံ့ဩတယ်။ရှောင်းကျန့်ဆိုတာ ဟိုတစ်ခါကိစ္စဖြစ်ပြီးကတည်းက သူစိတ်ပူတယ်ဆိုတာ အရမ်းရှားသည်။
အင်း ဒီကောင်လေးကပဲ ရှောင်းကျန့်ကို ပျော်အောင်လုပ်ပေးနိုင်ရင်ကောင်းမယ်။
    
             ရှောင်းကျန့် ကလေးဘေးမှာ အစီရင်ခံစာတွေဖတ်နေတုန်း
       "အင်း..ဟင်း..အားရီ သားကို မထားခဲ့ပါနဲ့နော် အားရီ ဟင့်"
        "ကလေး ကလေး သတိထားလေ"
        ဆိုပြီး သူ ကလေးခန္ဓာကိုယ်ကို လှုပ်ပြီး နှိုးလိုက်သည်။ကြည့်ရတာ အိပ်မက်ဆိုးတွေ မက်နေတာထင်တယ်။သူနှိုးလိုက်တော့
နိုးလာပြီး
           "ဟင် ဘယ်ရောက်နေတာလဲ"
          "ကလေး နိုးပြီလား ဘယ်လိုနေသေးလဲ"
         "ကိုကို အားရီတို့ရောဟင် ဘယ်မှာလဲ အိပ်မက်ထဲမှာ အားရီက ကျွန်တော့်ကို ထားသွားတာ အဟင့်"
         သူဘယ်လိုပြန်ပြောရမှန်းမသိတော့။ကလေးက သူ့လက်ကို အားကိုးတကြီးကိုင်ပြီး
         "ဟင် ကိုကို အားရီတို့ရောလို့"
            သူလဲ နောက်ဆိုသိရမှာပဲ။အခုကတည်းက သိရင်ပိုပကာင်းမယ်ထင်တာနဲ့ သူ‌ပြောပြလိုက်သည်။
          "မရှိတော့ဘူး ကလေးရဲ့ ကလေးရဲ့ အားရီတို့ ဗုံးပေါက်တဲ့အထဲမှာ ပါသွားတယ်"
          "မ...မဖြစ်နိုင်တာ ကိုကိုရဲ့ အားရီက ကျွန်တော့်ကို ထားသွားမှာ မဟုတ်ဘူး ဟင့်"
          "ကလေး စိတ်ကိုထိန်းနော်သိလား ကိုကိုရှိတယ်"
           "ဟင့် ဘာလို့လဲ အီး...ဟင့်"
           ကလေးကငိုနေတော့ သူလဲ ဖက်ထားလိုက်ပြီး ကျောကိုပွတ်ပေးနေလိုက်သည်။ခဏကြာတော့ ငြိမ်သွားတော့ သူဖက်ထားတာကို ဖယ်လိုက်တော့ ကလေးက ယိုင်ကနဲဘေးကို ကျလာသည်။
             "ဟင် ကလေး သတိထားဦးလေ"
          သူ ကလေးပါးကို ကိုင်ကြည့်ပြီးနှိုးတော့လဲ မရ။သူလဲ အပြင်ထွက်ပြီး အပြင်မှာရှိတဲ့ တပ်သားတစ်ယောက်ကို
       "ဆေးဗိုလ်ကြီးလျှိုဟိုက်ခွမ်းကို အခုခေါ်"
         "ဟုတ်ကဲ့ ဗိုလ်ကြီး"
           ထိုတပ်သားလေးလဲ အမြန်ပြေးသွားပြီး ခေါ်တော့သည်။
ကျိုးလျမ်လဲ အပြင်မှာ ရုတ်ရုတ်ဖြစ်တဲ့အသံကြားတာနဲ့ သူလဲ အပြင်ထွက်လာသည်။
            "ဘာဖြစ်လို့လဲ"
             "ဗိုလ်ကြီး ရှောင်းကျန့်က ဆေးဗိုလ်ကြီးကို အရေးတကြီး ခေါ်ခိုင်းလိုက်လို့ပါ ဗိုလ်ကြီး"
             သူလဲ စကားဆုံးတာနဲ့ ရှောင်းကျန့်တို့ရှိတဲ့နေရာကို ပြေးသွားလိုက်သည်။သူရောက်တော့ ဟိုက်ခွမ်းက ကြည့်ပေးနေသည်။
ဟိုက်ခွမ်း::"ဘယ်လိုဖြစ်တာလဲ ရှောင်းကျန့်"
            "ငါ သူ့ကိုပြောပြလိုက်တာ အကုန်လုံးကို"
ကျိုးချန်::"မင်းမပြောသင့်သေးဘူးလေ"
              "ငါသိပါတယ် ဒါပေမယ့် သူစိတ်ကိုသူခိုင်အောင်လုပ်ရမယ်လေ နောက်မှပြောလဲ အခုလိုအခြေအနေဖြစ်မှာပဲ"
ဟိုက်ခွမ်း::"အင်း ဟုတ်တော့ဟုတ်ပါတယ်"
             "ကလေး အခြေအနေဘယ်လိုရှိလဲ ဟိုက်ခွမ်း"
              "အင်း သူနိုးလာမှပဲ သိရမယ် ရှောင်းကျန့်"
               "အင်းပါ"
ကျိုးချန်::"သိပ်လဲ မစိုးရိမ်ပါနဲ့ကွာ ပြန်ကောင်းမှာပါ"
            "အင်း"
           ကျိုးချန်တို့လဲ ပြန်သွားတော့ ရှောင်းကျမ့် ကလေးဆံပင်တွေကို သပ်တင်ပေးရင်း မြန်မြန်ပြန်ကောင်းပါစေလို့ ဆုတောင်းနေမိသည်။
    နောက်နေ့မနက်  ရှောင်းကျန့်တစ်ယောက် လေ့ကျင့်ရေးကို ကြီးကြပ်ပြီးတာနဲ့ သူ့တဲကိုပြန်လာတော့ ကလေးက နိုးနေသည်။
        "ဟင် ကလေး နိုးပြီလား"
        "ဟုတ်ကဲ့"
          ဆိုပြီးသာ ပြောပြီး ငေးငိုင်နေသည်။
        "အင်း အာ့ဆိုလဲထလေ မျက်နှာသစ်ရအောင်နော်"
          လို့ သူဆိုတော့ ထလာသည်။သူလဲ မျက်နှာသစ်ဖို့စီစဉ်ပေးတော့
ကလေးက ဘာမှမလုပ်ဘဲငိုင်နေသည်။ဒါနဲ့ သူကိုယ်တိုင်ပဲ မျက်နှာသစ်ပေးလိုက်ရသည်။
         "ကဲ မနက်စာစားရအောင်နော် လာ"
           ဆိုပြီးလက်ဆွဲခေါ်တော့ ပါလာသည်။
       ထမင်းစားတဲ့နေရာရောက်တော့
        "ဗိုလ်ကြီး  အလေးပြု"
        "အင်း စားကြလေ"
        သူလဲ ကလေးကို ထိုင်ဖို့ပြောပြီး လက်ဖက်ရည်ခွက်ကို လက်ထဲထည့်ပေးလိုက်သည်။သူထည့်ပေးလိုက်တော့ ငြိမ်ငြိမ်လေး ထိုင်သောက်နေသည်။သူ ကျိုးချန်ကိုကြည့်လိုက်တော့ ကျိုးချန်က အခြေအနေကို သိချင်နေပုံဂတာကြောင့် ပြီးမှ ပြောပြမည်ဟုသာ တိုးတိုးလေးပြောထားလိုက်သည်။
         သူတို့လဲ စားသောက်ပြီးတော့
        "ကလေး လာသွားရအောင်"
        ဆိုပြီး လက်ဆွဲခေါ်လာရသည်။ကျိုးချန်နဲ့ဟိုက်ခွမ်းကိုတော့
နောက်လိုက်လာဖို့ မှာခဲ့သည်။
         "ကလေး ရေတံခွန်က လှလား"
         "အွန်း လှတယ်"
         လို့သာပြောပြီး မျက်လုံးသေတွေနဲ့ ရေတံခွန်ကိုသာ ကြည့်နေသည်။
          "ကလေး ဒီမှာ ခဏနေနော် ဘယ်မှမသွားနဲ့ ကိုကို ဟိုဘက်ခဏသွားလိုက်ဦးမယ်"
         ကလေးက ခေါင်းသာငြိမ့်ပြပြီး ဘာမှမပြော။သူလဲ ကျိုးချန်တို့ရှိရာကို လာခဲ့သည်။
ဟိုက်ခွမ်း::"ဘယ်လိုလဲ ရှောင်းကျန့်"
             "မြင်တဲ့အတိုင်းပဲ နိုးလာခဲ့တည်းက အဲ့လိုဖြစ်နေတာ"
ကျိုးချန်::"ဟင်း....ဒါဆို ဟိုက်ခွမ်း ဘယ်လိုဖြစ်တာလဲ"
           "စိတ်ထိခိုက်မှုကြောင့်ဖြစ်သွားတာ သူ့အားရီတို့ကိုလဲ ဆုံးရှုံးရတယ် ပြီးတော့ သူရှေ့မှာ လူသတ်မှုပါထပ်ဖြစ်တော့ ပိုဆိုးတာပေါ့"
ရှောင်းကျန့်::"အေးပါ"
ကျိုးချန်::"ဒါဆို သူ့ကိုဘယ်လိုလုပ်မလဲ ရှောင်းကျန့် ဒီကိုခေါ်ထားမှာလား"
ရှောင်းကျန့်::"အဲ့လိုပဲ လုပ်ရမှာပေါ့ သူကငါ့ကိုပဲသိတာလေ"
ဟိုက်ခွမ်း::"အေးပါ နောက်ပိုင်းသူ့ကို ငါ့ဆေးအကူအဖြစ် လုပ်ခိုင်းရင်လဲရတာပဲလေ"
ကျိုးချန်::"အင်း အဲဒါလဲကောင်းသားပဲ ရှောင်းကျန့် သူလဲမင်းမျက်စိအောက်မှာ ရှိနေတော့"
         လို့ပြောပြီး ရှောင်းကျန့်ကို ကြည့်လိုက်တော့ ဟိုကောင်လေးကို ကြည့်နေတာကို တွေ့လိုက်ရသည်။သူလဲ ဟိုက်ခွမ်းကို ထွက်သွားဖို့ အချက်ပြလိုက်ပြီး သူတို့နှစ်ယောက် ထွက်လာခဲ့ကြသည်။
         ရှောင်းကျန့်လဲ ၀မ်ရိပေါ်အနားသွားလိုက်ပြီး ဘေးမှာထိုင်နေလိုက်သည်။
         "ကလေး"
         လို့သူ ခေါ်လိုက်တော့ လှည့်ကြည့်လာသည်။ဘာမှတော့မပြော။
အကြည့်ကတော့ ဘာလဲဆိုတဲ့သဘောနဲ့။
        "ဒီနေရာကို သဘောကျလား"
         "..............."
         ဘာမှမပြောဘဲ ခေါင်းသာငြိမ့်ပြသည်။
         "ကိုကိုနဲ့အတူနေချင်လား"
         "............."
          လို့ သူမေးတော့ နဲနဲလေး စဉ်းစားသလိုလုပ်နေသည်။ပြီးမှ ခေါင်းငြိမ့်ပြသည်။
         "ကလေး ဘာလို့စကားမပြောတာလဲ"
         "..........."
          ကလေးက ခေါင်းရမ်းပြသည်။
        "မပြောချင်တာလား မပြောနိုင်တာလား ကလေး"
        လို့ သူဆိုတော့ ကလေးက သူလက်ကို ယူပြီး လက်ဝါးပေါ်မှာ
စာရေးပြလေသည်။
    *ကျွန်တော် စကားက ပြောမထွက်ဘူး*
            "ဟင်"
           ရှောင်းကျန့် အံ့ဩသွားသည်။မနက်ကမှ နဲနဲပြောသေးသည်မလား။အခု ဒီလောက်ဆိုးသွားမယ် မထင်။သူငြိမ်နေတော့ ကောင်လေးက ဆက်ပြီးရေးပြသည်။
       *ကျွန်တော့်ကို စိတ်ပျက်သွားလားဟင်*
         "အာ မဟုတ်ပါဘူး ကလေးရဲ့ ကိုကိုက စိတ်ပျက်စရာလား
    ကလေးသာ အဆင်ပြေအောင်နေ ဟုတ်ပြီလား"
         "........."(ခေါင်းငြိမ့်ပြသည်။)
          "ကဲ သွားရအောင် အေးနေပြီမလား"
...........................         .....................
        သူလဲ ကလေးကို တဲထဲမှာ နားခိုင်းလိုက်ပြီး ဟိုက်ခွမ်းဆီ ထွက်လာခဲ့သည်။
        "ဟိုက်ခွမ်း"
      "ရှောင်းကျန့် လာလေ ဘာဖြစ်လို့လဲ"
      "ကလေးက စကားမပြောတော့ဘူး"
     "ဒါကဖြစ်ရိုးဖြစ်စင်ပဲလေ သူကအရမ်းကို ထိတ်လန့်သွားတာဆိုတော့ စိတ်မပူပါနဲ့ ပြန်ကောင်းမှာပါ ငါဒီလိုလူနာတွေ အများကြီးတွေ့ဖူးတယ်"
      "ဟင်း....အေးပါကွာ"

        ညရောက်တော့ တပ်သားတွေက အလယ်မှာမီးဖိုတစ်ခုလုပ်ပြီး စုရုံး စားသောက်နေကြသည်။အလွန်အေးတဲ့ ရာသီဖြစ်တာကြောင့်
မီးဖိုထားတာတောင် အချမ်းကမပြေတော့ လက်ဖက်ရည်ပူပူလေးက ပါရသေးသည်။
         "ဟာ ဗိုလ်ကြီး ‌လာထိုင်ပါ"
       ဆိုပြီး တပ်သားတစ်ယောက်က နေရာပေးလေသည်။သူလဲ၀င်ထိုင်လိုက်ပြီး ကလေးကိုလဲ ထိုင်ဖို့ပြောလိုက်သည်။
         "ချမ်းနေလား ကလေး"
        "..........."(ခေါင်းခါပြသည်။)
        "အော် အင်းပါ"
        "ဗိုလ်ကြီး ဒီမှာ ရေနွေးချမ်းလေးသောက်ပါဦး"
       "အင်း ဒါနဲ့မင်း အမေရောကောင်းသွားပြီလား"
       "ဟုတ်ကဲ့ ကောင်းသွားပါပြီ ဗိုလ်ကြီးကျေးဇူးကြောင့်ပါ"
      "မဟုတ်တာကွာ မလိုပါဘူး"
        သူတပ်သားတစ်ယောက်နဲ့ပြောနေရင်း သူ့လက်ကို ကလေးက ဆွဲယူပြီး
       *ကျွန်တော် ဟိုဘက်ခဏသွားချင်လို့*
        ဆိုပြီး လက်ညှိုးထိုးပြသည်။ရှောင်းကျန့် ထို‌နေရာကို ကြည့်လိုက်တော့ တပ်သားတစ်ချို့က ပါဆယ်ဂိမ်းဆော့နေကြသည်။
        "အင်း သွားလေ"
        သူခွင့်ပြုချက်ပေးလိုက်တော့ wangyiboလဲ ထိုနေရာကို သွားတော့သည်။

    
       
          

      
        

၀မ်ပေါက်စရဲ့ဗိုလ်ကြီးရှောင်းWhere stories live. Discover now