Part2(Zawgyi)

1.1K 28 2
                                    

မနက်နေထွက်တာနဲ့ တပ်သားတွေ အပြေးလေ့ကျင့်နေကြသည်။အားမာန်အပြည့်နဲ့ပေါ့။‌ထို့အတူ ရေတံခွန်နားတွင် ဗိုလ်ကြီးရှောင်းကျန့်တစ်ယောက် တပ်သားတွေ လေ့ကျင့်နေတာကို ကြည့်နေသည်။
"ဟေ့ ညာဘက်က တစ်ယောက် သေသေချာချာပြေးလေ
ဘယ်ကိုငေးနေတာလဲ ဟမ်"
ဆိုပြီး အော်လိုက်တော့ ထိုတပ်သားလဲ သတိကပ်ပြီးပြေးတော့သည်။
ထိုစဉ် ရှောင်းကျန့်နားကို ကျိုးချန်ရောက်လာသည်။
"ရှောင်းကျန့် ဘယ်လိုလဲ"
"ဘာကိုလဲ"
"အော် မနေ့က တိုက်ပွဲအသေးစားလေးပြောတာပါ ငါမအားတာနဲ့ပဲ မလိုက်ရတာ ရင်နာတယ် အဲ့ခွေးကောင်တွေကို လုပ်ချင်နေတာ ဘာမှ မဆိုင်တဲ့ ကလေးတွေကို ဖမ်းပြီးတော့"
"ကောင်းပါတယ် မင်းမလုပ်ရင်တောင် ငါလုပ်ပြီးပြီ"
"အေးကွာ ဒါနဲ့ ရှောင်းကျန့် ငါတို့တွေ ဌာနချုပ်ကိုပြန်နားရတော့မှာလား"
"အင်း ဒီမှာနေတာလဲကြာနေပြီလေ ဒါပေမယ့် ငါကတော့ ဒီမှာပဲ နေဖြစ်မယ်ထင်တယ် မင်းလဲ သိတဲ့အတိုင်းလေ"
"မင်းကလဲ ငါကရော မင်းလို့မဟုတ်တာကြနေတာပဲ"
"ဟင်း ဟုတ်ပါပြီကွာ ဒါပေမယ့်လဲ အထက်ကအမိန့်ကို မသိသေးဘူးလေ"
"အေး ဟုတ်တော့ဟုတ်ပါတယ်"
အမှန်တော့ ကျိုးချန်ရော သူရောက မိဘတွေမရှိကြတော့ဘူး။
ငယ်ငယ်တည်းက ပေါင်းလာတဲ့ သူငယ်ချင်းတွေဆိုတော့ ညီအကိုအရင်းတွေလို ဖြစ်နေပြီ။ပြီးတော့ ကျိုးချန်ကလဲ သူနဲ့ ရာထူးအတူတူပဲ။တာဝန်ကျတော့လဲ အတူတူပင်။
ထိုစဉ် တပ်သားတစ်ယောက် သူတိုဆီရောက်လာပြီး
"ဗိုလ်ကြီးရှောင်းကျန့် ဗိုလ်ကြီးကျိုးချန် အလေးပြု"
"အင်းပြော"
"တပ်ရင်းမှူးရောက်နေပါတယ်"
"ဟုတ်ပြီ"
ဆိုပြီး သူတို့ တပ်ရင်းမှူးရှိတဲ့နေရာကို သွားကြသည်။သူတို့ရောက်သွားတော့
"တပ်ရင်းမှူး အလေးပြု"×2
"အင်း မင်းတို့ကို ငါအထူးတာဝန်ပေးဖို့လာခဲ့တာ"
ရှောင်းကျန့်::"ဟုတ်ကဲ့ပြောပါ"
"အင်း မူးယစ်ဂိုဏ်းခေါင်းဆောင် Tigerကို မင်းတို့သိမှာပေါ့"
ကျိုးချန်::"သိပါတယ် သူက မြို့အနှံ့မှာ မူးယစ်ဆေးတွေကို လိုက်ဖြန့်နေတဲ့သူပဲ ပြီးတော့ သူ့ကို ဘယ်သူမှလဲ မမြင်ဖူးဘူး
ဖမ်းလဲမမိကြဘူး"
"ဟုတ်တယ် အခုသူအကြောင်းကို ငါတို့သတင်းရထားလို့"
ရှောင်းကျန့်::"ဘယ်ကနေလဲ တပ်ရင်းမှူး"
"အဲတာတော့ ငါတို့လဲတိတိကျကျမသိဘူး ဖုန်းဆက်လာတာ ပြီးတော့ ဖုန်းကလဲ အများသုံးဖုန်းနဲ့ဆက်တာ သူက သူ့လူတွေနဲ့
မနက်ဖြန် ##မြို့ကိုထွက်မှာတဲ့ ရထားနဲ့လို့ပြောတယ်"
"သတင်းက သေချာရဲ့လား"
"ဘာပဲဖြစ်ဖြစ် ငါတို့ဘက်ကတော့ စောင့်ကြည့်ရမယ် တကယ်လို့ သူမပါရင်တောင် သူ့လူတွေကို ဖမ်းမိရင် သဲလွန်စတော့ ရမှာပဲ ပြီးတော့သူက ရထားကို အထူးတွဲ အဲကွန်းမှာ လက်မှတ်ဖြတ်ထားတယ်"
"ကောင်းပါပြီ ကျွန်တော်တို့ လုပ်ပါ့မယ်"

"အင်း ကောင်းပြီ"
ဆိုပြီး တပ်ရင်းမှူးက ထွက်သွားသည်။
"ကဲ ရှောင်းကျန့်ရေ ငါတို့လုပ်ငန်းစလိုက်ရအောင်"
"ကောင်းတာပေါ့ကွာ"
"ကဲ ဒါဆိုငါတို့ရဲ့မိုးကြိုးအဖွဲ့ကို ခေါလိုက်ရအောင်"
မိုးကြိုးအဖွဲ့ဆိုတာ သူတို့အဖွဲ့ပါ။စုစုပေါင်း လူခုနှစ်ယောက်သာရှိသည်။သူတို့အပါအ၀င်ပေါ့။လူနည်းပေမယ့် ဉာဏ်ပညာ အတိုက်အခိုက် လျင်မြန်ဖျက်လတ်မှုတွေ အပြည့်ရှိသည် ။
ရှောင်းကျန့်လဲ မနက်ဖြန်အတွက်သူပြင်ဆင်စရာရှိတာကို ပြင်ဆင်နေသည်။ ထိုစဉ် ကျိုးချန်ရောက်လာပြီး
"ဟေ့ကောင် မင်းဘာတွေလုပ်နေတာလဲ"
"ပြင်စရာရှိတာပေါ့ကွာ"
"အေးပါ"
"ဒါနဲ့မင်းရော မပြင်ဘူးလား"
"ငါလား"
"အင်း"
"ငါက ဒီရောက်ကတည်းက အထုတ်ကို မဖြည်တာလေ အဲ့တော့အေးဆေးပေါ့"
"ဟေ့ကောင် မင်းကို အ၀တ်ထုတ်ကို ပြောနေတာ မဟုတ်ဘူး
လက်နက်ကိုပြောနေတာ"
"‌အော် အဲဒါလား ပြင်ပြီးပါပြီ"
"နေပါဦး မင်းက ဒီကိုရောက်ကတည်းက အထုတ်မဖြည်တာဆိုတော့ မင်းဘယ်လိုတွေ ၀တ်နေတာလဲ အ၀တ်အစားကို"
"ဟဲ ဟဲ ငါက အိတ်ထဲပဲ ထိုးပြီးထည့်တာ ခေါက်မနေဘူး"
"မင်းတော်တော် ညစ်ပတ်တာပဲ အာ့ဆို အင်္ကျီတွေ ပြန့်အောင်မင်းဘယ်လိုလုပ်တုန်း"
"အပြင်မှာ ဒီတိုင်း‌ချိတ်နဲ့ လှန်းလိုက်တာလေ ပြီး‌ရင်တော့ လက်မီးပူပေါ့ကွ လက်နဲ့ ဖိလိုက်တာ"
"ကောင်းရော"
"ဟား....ဟား"

၀မ်ပေါက်စရဲ့ဗိုလ်ကြီးရှောင်းNơi câu chuyện tồn tại. Hãy khám phá bây giờ