Part3(Unicode)

2.2K 123 3
                                    

          ရှောင်းကျန့်တစ်ယောက် ထိုကောင်လေးရှေ့ကနေ ထွက်လာပြီး သူ့နေရာမှာပြန်ထိုင်လိုက်သည်။
        "ဗိုလ်ကြီး"
           ဆိုပြီး သူ့ကိုတိုးတိုး တိတ်တိတ်ခေါ်လာသည်။
       "ဟင် လုဖေးနဲ့ထိုက်ဖူ တို့ပါလား ဘာလို့လဲ ခုနက မင်းတို့ အသံမကြားရဘူး"
         "ဟုတ်တယ် ဗိုလ်ကြီး အဲဒါ ကျွန်တော်တို့လှည့်ပတ်ကြည့်ရင်း လာပြောတာ နားကြပ်မှာ ပြဿနာလေး ဖြစ်သွားလို့"
        "ခုရော ဘယ်လိုလဲ"
        "ခုကောင်းသွားပါပြီ"
        "အင်း အခြေအနေ"
        "ကျွန်တော်တို့ ကြည့်တာတော့ သိပ်ပြီး မထူးခြားဘူး ဗိုလ်ကြီး
        သတင်းအမှားများလား"
        "ဘာပဲဖြစ်ဖြစ် ငါတို့စောင့်ကြည့်ရမှာပဲ"
        "ဟုတ်ကဲ့ ဒါဆို ခွင့်ပြုပါဦး"
          သူတို့နှစ်ယောက်ပြန်သွားတော့ ရှောင်းကျန့်ခေါင်းထဲကို ခုနက ကောင်လေးက ၀င်လာသည်။ပုံစံက အသားကတော့ တော်တော် ဖြူသည်။ဆံပင်ပုံစံက အုပ်အုပ်ကလေးနဲ့ ပြီးတော့ ပါးဖောင်းဖောင်းလေးတွေက အဆစ်ပါသေး။အသက်ကအလွန်ဆုံးရှိမှ 18 19လောက်ပေါ့။ပြီးတော့ စွာလဲစွာမယ့်ပုံပင်။
ထိုစဉ် သူ့နားကို လူတစ်ယောက်က လာထိုင်သည်။
           "ကိုကို"
          "ဟင် မင်းဘယ်လိုရောက်လာတာလဲ"
         "ဟာ ကိုကိုကလဲ ဘယ်လိုရောက်ရမလဲ ခြေထောက်နဲ့ပေါ့"
        "အဲဒါကို ငါ‌ေမးတာမဟုတ်ဘူး မင်းဘယ်လိုလုပ် ငါထိုင်တဲ့နေရာကို သိတာလဲလို့ မေးတာ"
         "အာ ကိုကိုကလဲ ရှင်းရှင်းလေးရယ် ကိုကိုပြန်သွားတဲ့နေရာက
      အဲကွန်းအထူးတွဲလေ အဲ့အတွဲက နဲနဲပဲ ရှိတာကို ခဏလေးနဲ့ တွေ့တယ် ကျွန်တော့်ခုံက ဟိုဘက်တွဲထိပ်နားမှာ ကိုကိုနဲ့ဆိုရင်တော့
ခြေလှမ်း၁၀လှမ်းစာပဲ ဝေးတာ"
          "တော်စမ်းပါ သွားတော့ ကိုယ့်နေရာကို"

         "မသွားချင်ပါဘူး တစ်ယောက်တည်း ပျင်းစရာကြီးကို"
         ရှောင်းကျန့် စိတ်ညစ်လာသည်။သူက တာ၀န်နဲ့လာတာ။ရန်သူကို စောင့်‌ကြည့်နေမှ တန်ကာကျမှာ။ခုတော့ ဒီငရှုပ်ကလေးက လာပြီး ရစ်နေသည်။
          "ကဲပါ ကျေးဇူးပြုပြီး ကိုယ့်နေရာကိုသာ သွားပြီးထိုင်ပါ"
          "ကိုကိုကလဲ"
          "ငါမလဲဘူး ထိုင်နေတယ်"
         "အာ့ဆို ကိုကို တစ်ခုလိုက်လျောပေး ကျွန်တော် ကိုယ့်နေရာကိုယ်သွားထိုင်မယ်"
         "ပြီးရောကွာ ဒါပေမယ့် ငါလုပ်နိုင်တာပဲနော်"
         "ကျွန်တော့်ကို တွေ့တိုင်း ကလေးလို့ခေါ်ပေး"
         "ဘယ်လို"
         "ကလေးလို့ခေါ်ပေးလို့"
           ရှောင်းကျန့် တွေးမိသည်။သူနဲ့ ဒီကလေးက ပြန်တွေ့ရတာမှ မဟုတ်တာ။သူလဲသူ့လမ်းသူသွားမှာပဲဟာ။
          "ပြီးရော ခေါ်ပေးမယ် ဒါပဲမလား သွားတော့"
          "ကတိနော်"
          "အေး ကတိ"
        အမှန်တော့ ရှောင်းကျန့်သာ ၀မ်ရိပေါ်နဲ့ ထပ်တွေ့ရမယ် ဆိုတာ
သိခဲ့ရင် သူကတိ‌ေပးဖြစ်မှာမဟုတ်။
           ၀မ်ရိပေါ် သူလိုချင်တာရတော့ ချက်ချင်းထပြန်သွားသည်။
အမှန်တော့ သူကိုကို့ ကိုအကြပ်မကိုင်ချင်ပါဘူး။ပြောရရင် သူ့ကို နောက်တစ်ခေါက်တွေ့ရင်ချစ်တယ်ပြောတို့ ဘာတို့ သူပြောလို့ရတယ်။ဒါပေမယ့် သူက ကိုကို့ အချစ်ကို အဲ့လိုအတင်းလုပ်ယူရင် ကိုကိုက မုန်းသွားမှာ။အဲ့တော့ တဖြည်းဖြည်းနဲ့မှ သူ့ကို ချစ်လာအောင်လုပ်မှာ။
သူ သူ့နေရာကိုပြန်ရောက်တော့ ရယ်မိသည်
*အဲ့ကိုကိုဟာလေ အရမ်းတုံးတာပဲ သူက လက်မထပ်ချင်တော့ ကိုကိုနောက်ကို တိတ်တိတ်လေးခိုးလိုက်သွားမှာလေ အဲ့တော့ ကိုကိုက သူနဲ့ထပ်တွေ့ရဦးမှာ  ဟီး..ဟီး*
          ကျိုးချန်တစ်ယောက် သူနဲ့ မျက်စောင်းထိုးက ကောင်လေးက ရုတ်တရတ်ထရယ်တော့ သူလန့်သွားသည်။ဒီကောင်လေး အသက်ငယ်ငယ်လေးနဲ့များ ရူးနေတာလားမသိဘူး သနားပါတယ်။

၀မ်ပေါက်စရဲ့ဗိုလ်ကြီးရှောင်းWhere stories live. Discover now