Part4(Unicode)

2K 118 2
                                    

မနက်ရောက် ၀မ်ရိပေါ်က အရင်ဆုံး နိုးလာသည်။သူနိုးလာတော့ ကိုကိုက မနိုးသေး။ဒါနဲ့ပဲသူလဲ မှီထားရင်းကန တစ်စောင်း မော့ကြည့်လိုက်သည်။အရမ်းကြီး လှုပ်လိုက်ရင် ကိုကို နိုးသွားမှာဆိုးလို့ ငြိမ်ငြိမ်နေ,နေရသည်။ကိုကိုအိပ်နေတာကို ကြည့်ရတာက မြတ်နိုးလိုက်တာ။ပြီးတော့ ကိုကို့နှုတ်ခမ်းအောက် မှဲ့လေးကို သူတွေ့တော့ သူထိချင်မိသွားသည်။သူလက်ကို အသာမြှောက်ပြီး ထိရုံလေး ထိကြည့်လိုက်သည်။မနာလိုလိုက်တာ သူကျ ကိုကို့နှုတ်ခမ်းအောက်လေးမှာ ရှိတယ်။သူထိနေရင်းနဲ့ ကိုကိုက နိုးလာသည်။သူနဲ့ ကိုကိုနဲ့ မျက်လုံးချင်းဆုံမိတော့ သူရယ်ပြလိုက်သည်။
"ဟီး..ကိုကိုနိုးပြီလား"
"အင်း ဖယ်တော့လက်ကို"
"အော် အင်းအင်း"
"သွားတော့လေ ကိုယ့်နေရာကို"
"ကိုကိုကလဲ နိုးတာနဲ့ သွားဖို့ချည်းပဲ"
"မင်းမျက်နှာလဲ ကြည့်ဦး မျက်ချေးတွေ သားရည်တွေနဲ့"
"ဟင် ဟုတ်လား ကိုကို "
ဆိုပြီး သူဖုန်းထုတ်ပြီး ကြည့်လိုက်တော့
"ဟာ ကိုကို ဘာမှမဟုတ်ဘဲနဲ့ လန့်သွားတာပဲ"
"ဟား..ဟား"
"ဟင် ကိုကိုရယ်တယ်"
ကိုကို ရယ်တာက ချောလိုက်တာ။ယုန်သွားလေးနှစ်ချောင်းက
ထင်းလို့။
"အဟမ်း ဘယ်မှာရယ်လို့လဲ"
ရှောင်းကျန့်လဲ ဘယ်လိုလုပ်ရယ်မိမှန်း မသိ။အမှန်ဆို သူ တစ်စိမ်းရှေ့မှာဆိုရင် တည်တည်တံ့တံ့ပဲ နေတတ်တာ။သူနိုးလာတော့
ကောင်လေးက သူ့ကိုစိုက်ကြည့်နေတော့ သူလဲ တစ်မျိုးဖြစ်ပြီး ပြောမိပြောရာပြောလိုက်တာ။ဒါကို ကောင်လေးက အဟုတ်မှတ်ပြီး
အသည်းအသန် အူယားဖာယား ဖုန်းထုတ်ကြည့်တာကို ရယ်ချင်မိတာနဲ့ သူရယ်လိုက်မိတာ။
"ရယ်လိုက်ပါတယ် အဲ့လိုများများရယ်ပါ ကိုကိုရဲ့
တည်တည်ကြီးနေတာက ကိုကိုနဲ့လိုက်ပေမယ့် ကျွန်တော်မကြိုက်ဘူး"
"ကဲပါ ကိုယ်တော်ချောရယ် သွားပါတော့"
"အဲ ကိုကို ကလေးလို့ခေါ်ရမှာလေ"
"ဟုတ်ပြီ ကလေး သွားတော့ ဟုတ်ပြီလား"
"ဟုတ် သွားပြီနော် ကိုကို"
ဆိုပြီး ထွက်သွားသည်။
၀မ်ရိပေါ် ကိုကို့ဆီက ပြန်လာပြီး ပျော်နေမိသည်။ဘာလို့ဆို
ကိုကို့လက်မောင်းပေါ်မှာ တစ်ညလုံးအိပ်ရတယ်လေ။အရမ်းအိပ်လို့ ကောင်းတာပဲ။ပြီးတော့ သူ့ကို ကလေးလို့လဲ ခေါ်တယ်။ထိုအချိန်မှာ
"သား ရိပေါ်"
"ဟင် အားရီ ဘာဖြစ်လို့လဲဟင်"
"သား နောက်ဘူတာကျရင် ရောက်တော့မှာ အဲဒါ အားရီတို့ အထုတ်တွေချနေတုန်း သားထွက်ပြေးတော့နော်"
"သားထွက်ပြေးရင် အားရီကရော မလိုက်ဘူးလား
တော်ကြာ ဦးလေးက အားရီကို တစ်ခုခုလုပ်နေဦးမယ်"
"ဟင့်အင် အားရီကို ဘာမှမလုပ်ပါဘူးသားရယ် သားသာ
လွတ်အောင်သွား ဟုတ်ပြီလား"
"ဒါပေမယ့် အားရီ"
"သား အားရီစကားကို သေချာနားထောင်နော် သား
နောက်ပိုက်းကျရင်လဲ ကိုယ့်ကိုကိုယ် ဂရုစိုက်နေ"
"အားရီကလဲ သားတို့က နောက်မတွေ့ရတော့မှကျနေတာပဲ"
"မဟုတ်ပါဘူး သားရယ်"
ဆိုပြီး အားရီက ငြိမ်သွားသည်။အားရီတစ်ခုခုတော့ ဖြစ်နေတယ်လို့ သူထင်တယ်။ဒါပေမယ့် သူစဉ်းစားလို့မရဘူး။
"ဟုတ်ကဲ့ပါ အားရီ သားကို စိတ်ချနော်"
"အေး အေး ခဏလောက်ဖက်လို့ရလားသား"
"ရပါတယ် အားရီရဲ့"
ဆိုပြီး ဖက်လိုက်သည်။ခဏကြာတော့
"ဒါဆို အားရီသွားပြီနော်"
"ဟုတ်ကဲ့"
.............................
"ကဲ ဒါဆို ငါတို့လုပ်ငန်းစကြမလား"
"အင်း စကြတာပေါ့"
ဆိုပြီး လူ၈ယောက်က တိုင်ပင်ပြီး အထူးတွဲဘက်ကို လာခဲ့ကြသည်။သူတို့မှာ လက်နက်တွေလဲ ပါလာသည်။
၀မ်ရိပေါ် အားရီကို အရမ်းချစ်သည်။သူ့ကိုလဲ အလိုလိုက်သည်။အခု အားရီက သူ့ကို ထွက်ပြေးဖို့ပြောတော့ သူထွက်မပြေးချင်ဘဲ ပြေးရတော့မည်။ဟိုလူ့ကြောင့်ပေါ့။
"ဟိတ် မလှုပ်နဲ့"
ဆိုပြီး သူတို့အတွဲထဲကို လူ၈လောက်၀င်လာသည်။လက်နက်ပါလာတာကိုတော့ သူမမြင်ပေ။ သူလဲ
"ဟာ ဘာလို့မလှုပ်ရမှာလဲ ရထားကသွားနေတော့ လူက လှုပ်မှာပဲ"
"အံမယ် စွာလှချည်လား"
ဆိုပြီး ဓားတွေ သေနတ်တွေ ထုတ်လာသည်။အဲ့တော့မှ ကျန််တဲ့သူတွေလဲ လန့်သွားကြတော့သည်။
"ဟေ့ တစ်ယောက်မှ အော်မယ် မကြံနဲ့နော် ပစ်လိုက်မယ်"
ဆိုပြီး သူတို့ထဲက တစ်ယောက်ကခြိမ်းခြောက်လိုက်သည်။
ကျိုးချန် အစကတော့ ဒီတိုင်းရိုးရိုးဆူနေတာပဲမှတ်တာ
သူကြည့်လိုက်တော့ လက်နက်တွေကိုင်ထားတဲ့သူတွေက ပြည်သူတွေကို ခြိမ်းခြောက်နေသည်။ဒါနဲ့သူလဲ နားကြပ်ကို တစ်ချက်ပုတ်ပြီး ကျန်တဲ့သူတွေကို ဆက်သွယ်လိုက်သည်။
"ကြားလား ကြားရင်ပြန်ပြောပါ"
ရှောင်းကျန့်::"အင်း ကြားတယ်"
ချန်ချန်,လုဖေး,ထိုက်ဖူ,ရှင်းလျန်နဲ့ပိုင်ချန်တို့ကလဲ ကြားရကြောင်းပြန်ပြောသည်။
"အင်း ငါတို့အတွဲမှာ လက်နက်ကိုင်ထားတဲ့ အမည်မသိသူတွေ သောင်းကျန်းနေတယ်"
ရှောင်းကျန့်::"ခု ငါတို့လာခဲ့မယ် အခြေအနေစောင့်ကြည့်နေ"
"အင်း သတိထားလာ"
"ဟင်း မင်းက ယောကျာ်း‌ေလးဖြစ်ပေမယ့် စွာသားပဲ"
"စွာတော့ ဘာဖြစ်လဲ"
"စွာတော့ မင်းကို ဒီလိုလုပ်မယ်"
ဆိုပြီး သူ့ကို နောက်ကနေ သေနတ်နဲ့ ချိန်ထားလိုက်သည်။
ထိုစဉ်တစ်ယောက်က ထအော်လိုက်သည်။
"ဒီမှာ ဓားပြတိုက်နေ...."
' ဒိုင်း '
"ကဲ ကျန်တဲ့သူတွေမြင်တယ် သူဘယ်လိုဖြစ်သွားတယ်ဆိုတာ"
၀မ်ရိပေါ် သူတော်တော်လန့်သွားသည်။သူရှေ့မှာပဲ လူတစ်ယောက်က အသတ်ခံလိုက်ရတာလေ။သူ့ဘ၀မှာ တစ်ခါမှအဲလိုမှ မဖြစ်ဘူးတာ။ပြီးတော့ သူရုပ်ရှင်ကြည့်ရင်တောင် အဲ့လို သတ်တဲ့ဖြတ်တဲ့ကားတွေကို သူဘယ်တော့မှ မကြည့်။ခုတော့ သူလက်တွေ့မြင်နေရသည်။အဲဒါကလဲ သူ့ရှေ့မှာပင်။‌အဲ့လူက ရင်ဘက်ကို မှန်တာဆိုတော့ သွေးတွေက တော်တော်ထွက်နေသည်။
သူမမြင်ချင်တော့လို့ မျက်လုံးမှိတ်လိုက်သော်လဲ ဒီပုံရိပ်တွေပဲ မြင်နေရသည်။အားရီတို့စီးတဲ့အတွဲနဲ့ကလဲ ဝေးတော့သူအားရီတို့ကို စိတ်ချပါသည်။
"ဟေ့ကောင်လေး ဘာရပ်နေတာလဲ သွားရှေ့က"
ဆိုပြီး သူ့ကို သေနတ်ထောက်ထားရင်းနဲ့ပဲ ပြောလိုက်သည်။
အမှန်တော့ ကြောက်ပြီး ခြေထောက်ကလှမ်းမရတော့ပေ။သူလှမ်းချင်ပေမယ့် မရွေ့။ကြာဝောာ့ ထိုလူက စိတ်မရှည်တော့ဟန်ဖြင့်
သူ့ကို အတင်းဆွဲပြီး ခေါ်သည်။
ကျိုးချန်တစ်ယောက် ဓားစာခံလုပ်ထားတဲ့သူကို ကြည့်လိုက်တော့
ဟို စိတ်မနှံ့တဲ့သူမလား။သူကြည့်နေရင်း ရှောင်းကျန့်တို့လဲ ရောက်လာသည်။
ရှောင်းကျန့်::"အခြေအနေဘယ်လိုလဲ"
"မကောင်းဘူး ဟိုမှာကြည့်"
ရှောင်းကျန့်ကြည့်လိုက်တော့ ကလေးကို သေနတ်နဲ့ထောက်ထားသည်။ကလေးက တော်တော်ကြောက်နေပုံရသည်။လက်တွေလဲ တုန်နေသလိုပဲ။အေးလေ သူ့ရှေ့မှာလူသတ်ထားတာဆိုတော့လဲ လန့်မှာပေါ့။
ထိုက်ဖူ::"ကျွန်တော်တို့ ဘယ်လိုလုပ်ကြမလဲ ဗိုလ်ကြီး"
ရှောင်းကျန့်::"ဒီလိုလုပ် မင်းနဲ့ ချန်ချန်က သူတို့နဲ့မျက်စောင်းထိုးမှာ နေရာယူ ရှင်းလျန် လုဖေး ပိုင်ချန်မင်းတို့က အခြေအနေကို စောင့်ကြည့်
ငါအချက်ပြတာနဲ့ တန်းပစ် ကျိုးချန် မင်းနဲ့ငါ ထွက်မယ်"
ကျိုးချန်::"ကောင်းပြီ"

"ဟေ့ ဘာလို့အဲ့လိုလုပ်နေရတာလဲ"
လို့ရှောင်းကျန့်က မေးလိုက်သည်။
"မင်းက ဘယ်သူလဲ"
"ငါဘယ်သူဆိုတာ မင်းတို့သိစရာ မလိုဘူး"
၀မ်ရိပေါ် မျက်လုံးမှိတ်နေရင်းကနေ ကိုကို့အသံကြားလို့ သူမျက်လုံးဖွင့်ကြည့်တော့ ကိုကိုဖြစ်နေသည်။သူ၀မ်းသာသွားပြီး
တိုးတိုးလေးခေါ်လိုက်သည်။
"ကိုကို"
သူအရမ်းအားတက်သွားသည်။ကိုကိုက ‌သူ‌‌ေခါ်လိုက်တာကိုကြားသည်လေ။ကိုကိုက သူခေါ်လိုက်တော့ သူသိကြောင်း ခေါင်းငြိမ့်ပြသည်။
"အမယ် အထင်ကြီးလှချည်လားကွ"
"အပိုတွေ မပြောချင်ဘူး ကလေးကို လွှတ်လိုက်"
ဒီမှာ အံ့ဩသွားသူတွေက ကျိုးချန်နဲ့ သူတို့လူတွေ။
ကျိုးချန်စိတ်ထဲတွင်
*ဒီကောင် ဘယ်တုန်းက အဲ့လောက်နူးညံ့သွားတာလဲ*
ချန်ချန်,ရှင်းလျန်,လုဖေး,ထိုက်ဖူနဲ့ပိုင်ချန်တို့ခေါင်းပေါ်မှာတော့
?????????တွေပြည့်နေသည်။
"ဘာလို့လွှတ်ရမှာလဲ ဒီကောင်လေးကလေ မငါးသိလား ယောကျာ်းလေးသာဆိုတယ် မိန်းကလေးထက်တောင် လှသေးတယ်"
၀မ်ရိပေါ်တစ်ယောက် မျက်ရည်တွေကျလာသည်။သူ့ကို ဘယ်သူကမှ ပိုင်ဆိုးပိုင်နင်းနဲ့ အဲ့လိုမပြောဖူးပေ။
ရှောင်းကျန့် တစ်ယောက် ကလေးကမျက်ရည်ကျလာတော့
စိတ်ကတိုလာသည်။
"အော် အဲ့လိုလား မင်းနောက်မှ နောင်တမရနဲ့နော်"
ဆိုပြီး ရှောင်းကျန့် သူ့လူတွေကို အချက်ပြလိုက်တော့
'ဒိုင်း ဒိုင်း ဒိုင်း'
ဆိုပြီး လူသုံးယောက်က လဲကျသွားသည်။ကျန်တဲ့ငါးယောက်လဲ နဲနဲတော့ တုန်လှုပ်သွားသည်။
"မင်း..."
"ပြောတယ်မလား နောင်တမရနဲ့လို့"
"ဟက် မင်းကငါ့ကို လာစမ်းတာပေါ့"
ဆိုပြီး ရိပေါ်လက်‌ေမာင်းကို ဓားနဲ့ခြစ်လိုက်သည်။
"အ့"
ရိပေါ်အသားကဖြူတော့ သွေးတွေ စီးကျနေတာ မြင်မကောင်းပေ။ရှောင်းကျန့်ကြည့်တော့ ကလေးကနာတာကို ကြိတ်ခံနေပုံရသည်။နှုတ်ခမ်းကို ဖိကိုက်ထားသည်။
ရှောင်းကျန့်လဲ ရိပေါ်လက်မောင်းကို ကြည့်ပြီး အငိုက်မိနေတဲ့ထိုလူကို လျင်လျင်မြန်မြန်နဲ့ တိုက်လိုက်သည်။ပြီးတောါ ရိပေါ်ကို သူ့ဘက်ကိုမြန်မြန် ဆွဲခေါ်လိုက်သည်။သူ ကျိုးချန်ကို အချက်ပြလိုက်တော့ ကျိုးချမ်လဲ ကျန်တဲ့သုတွေကို လက်စသတ်လိုက်တော့သည်။သူလဲ ကလေးကို နီးရာထိုင်ခုံမှာ ထိုင်ခိုင်းလိုက်ပြီး ဒဏ်ရာကို သူ့အ၀တ်ဖြဲပြီးစည်းထားလိုက်သည်။
"ကလေး ရရဲ့လား"
"အင်း ရတယ် ကိုကို"
ဆိုပြီး အသံညှင်းညှင်းလေးထွက်လာသည်။
ထိုအချိန်တွင်
"ဗိုလ်ကြီး"
"ပြောလေ ချန်ချန်"
"ကျွန်တော်တို့ ဒီကအမြန်ထွက်မှဖြစ်မယ်"
"ဘယ်လို"
"ဟုတ်တယ် ဒီရထားပေါ်မှာ ဗုံးရှိတယ် အဲဒါက ပေါက်တော့မယ် ဗိုလ်ကြီး"
"ဘယ်ကနေ ရောက်လာတာလဲ"
"အဲဒါတော့မသိဘူး ကျွန်တော်ခုနက ဟိုဘက်သွားတော့
ရထားထိန်းတွေပြောနေတာ ကြားတာ"
"အာ့ဆို လူတွေကို ဘယ်လိုလုပ်မလဲ"
"မြန်မြန်ပြောရမှာပေါ့"
ဆိုပြီး လူတွေကို ရထားပေါ်ကနေ ထွက်သွားဖို့ပြောလိုက်သည်။
"ကိုကို"
"ဟင် ကလေးပြောလေ ဘယ်နားနာလို့လဲ"
"အားရီ အားရီတို့ကို ခေါ်ပေးပါနော်"
ထိုအချိန်မှာပဲ ဘုန်းကနဲ အသံမြည်သွားပြီး ရထားလဲ ရပ်သွားသည်။
ရှောင်းကျန့်::"ထိုက်ဖူ ဘာဖြစ်တာလဲ"
"ဗုံးတစ်လုံးပေါက်သွားပြီ ဗိုလ်ကြီး ကျန်တဲ့ဗုံးတွေလဲ ပေါက်တော့မယ်ထင်တယ် သွားရအောင် ဗိုလ်ကြီး"
"ကလေး အားရီတို့က ဘယ်အတွဲမှာလဲ"
"ဟိုဘက်ကအတွဲ"
လို့ ရိပေါ်လက်ညှိုးထိုးပြတဲ့နေရာကို ကြည့်လိုက်တော့
ခုနက ဗုံးပေါက်သွားတဲ့ အတွဲဖြစ်နေသည်။ရှောင်းကျန့် ကလေးကို ဘယ်လိုပြောရမှန်းမသိတော့ပေ။
"ကလေး အရင်ဆုံး ကိုကိုတို့ အရင်ထွက်ရအောင်နော်"
"အား..အားရီတို့ရောဟင်"
"ကိုကို ခေါ်ပေးမှာပါနော် ဟုတ်ပြီလား ထွက်ရအောင်"
"ဟုတ်ကဲ့"
ကလေးကို မတ်တပ်ရပ်ဖို့ တွဲလိုက်တော့ ယိုင်သွားတာမလို့ သူ
ပွေ့ချီလိုက်သည်။
"ကျိုးချန် ငါတို့ထွက်ရအောင်"
"အေး"
သူတို့ကံကောင်းတယ်လို့ပဲ ပြောရမည်။သူတို့ လွတ်တဲ့နေရာရောက်တာနဲ့ ရထားပေါ်မှာရှိတဲ့ ဗုံးတွေ အကုန်ပေါက်သွားသည်။
"ကိုကို အားရီရော ကိုကို"
ဆိုပြီး ငိုပြီးပြောလာသည်။
"အင့် ကိုကို အင့် အားရီကို ခေါ်....."
ဆိုပြီး ရိပေါ်လောကကြီးနဲ့ အဆက်သွယ်ပြတ်သွားသည်။







၀မ်ပေါက်စရဲ့ဗိုလ်ကြီးရှောင်းWhere stories live. Discover now