နွေဦးလေပြေ🤍(အပိုင်း_၃၂)

Start from the beginning
                                    

အရက်ရှိန်ကြောင့် ကြက်သွေးရောင်သန်းနေသည့်မျက်နှာ လုံးဝမှေး‌စင်းနေသောမျက်ဝန်းနှင့် သူ့ရင်ဘတ်သူပုတ်၍ ဆိုနေသောမိုးသားကြောင့် ခန့်ညီလက်ကျန်ခွက်ကိုကောက်မော့ရင်း ခပ်ပြုံးပြုံးသာကြည့်နေမိသည်။
မိမိကအရက်ဂျိုးဖြစ်နေသည်မို့တော်ရုံမမူးတတ်ပေ။

ကလေးတွေကိုထိန်းရမှာမို့ဒီညအနည်းငယ်ပဲသောက်ဖို့စဉ်းစားထားသည်။

"မိုးသား မင်းအဲ့လိုပြောကြေးဆို ငါတို့အိမ်လည်းအနုပညာမျိုးရိုးကွ"

"မင်းဟာက ဟုတ်လို့လားကွာ"

အမြည်းတစ်ခုကိုကောက်ဝါးရင်းမယုံကြည်ဟန်နှင့်မိုးသားဆိုတော့ ယိုင်နဲ့နဲ့ခန္တာကိုယ်နှင့်ဟိန်းထက်အတင်းထရပ်သောကြောင့်ကိုညီ့မှာနောက်ကနေအတင်းပြေးထိန်းရလေသည်။

"ဒီမှာ။မေသဉ္ဇာဦး ငါးစိမ်းသည်လုပ်တဲ့အခန်းမှာ နောက်ကစာရင်းလုပ်နေတာ ဘယ်သူလို့ထင်လဲကွ"

"ဘယ်သူလဲ!!"

"ငါ့အဖေကွ....ငါ့အဖေ"

"ခွီး ဘေးကနှစ်ယောက်ကဘယ်လိုမှထိန်းမရတော့သည့်ဟန်နှင့်ထရယ်လေသည်။
ဒိုင်းခနဲရောက်ရှိလာသည့် ဗို့အားပြင်းနှစ်ခုကြောင့်သာ အရက်ခွက်ကိုယ်စီကောက်ကိုင်ကြလေသည်။

သောက်ခွေးတွေအရက်ကလေးဝင်တာနဲ့ပေါက်ကရတွေပြောပြီ။

"ဟ!အဲ့လိုပြောကြေးဆို ငါလည်းအနုပညာမျိုးရိုးပဲကွ"

"ကိုညီ!!"

ဘေးကနေရဲနှင့်မင်းမြတ်ကမြတ်လုံးပြူးကြီးများနှင့် မိမိနာမည်ခေါ်၍အံ့ဩ‌နေသောကြောင့် မျက်စိတစ်ဖက်လှည့်မှိတ်ပြလိုက်သည်။
အင်း....ဒီညကမိုးသားရောင်နဲ့ဟိန်းထက်ရဲ့ည။
သူတို့ပျော်ဖို့၊ပွဲမြိုင်ဖို့ကအရေးကြီးဆုံးပဲ။

"ကိုညီ့ဟာကဟုတ်ပ့ါမလားကွာ"

ဟိန်းထက်ကကြက်သားတစ်ဖက်ကောက်ဝါးရာကနေမိမိကိုမယုံသလိုကြည့်၍ဆိုသည်။

"ဟုတ်တာပေါ့ကွမင်းကလည်း။ငါ့ကိုကြီးကောင်ကအယ်ဒီတာဆိုတာမင်းတို့သိတယ်မလား"

"မသိပဲနေမလား ကျွန်တော်တို့ပိုက်ဆံပျက်တိုင်းသူ့အိမ်ပဲသွားသွားငတ်နေရတာ"

နွေဦးလေပြေ🤍Where stories live. Discover now