လက်ညိုးနဲ့အသာထိုးကြည့်မိတော့ အရင်ခေတ်ကအဝတ်လျှော်ရင်သုံးတဲ့ဘုတ်ပြားကြီးအတိုင်းပဲ။အဝတ်တွေတင်လျှော်ပြီး လှိမ့်ရင်ဂျီးပြောင်လောက်မယ်ထင်သည်။

အနီစက်တွေကခန္ဓာကိုယ်မှာ တစ်စတစ်စပြန့်လာတယ်။ ရေပတ်တိုက်ပေးနေပေမဲ့ အပူကမကျသေးဘူး

"တောက်! ဒီသမားတော်"

ခဏတာအပြာရောင်ပြေးယှက်သွားတဲ့ မျက်ဝန်းကြည်ကြည်ကကြောက်ဖို့ကောင်းလောက်အောင်လှလွန်းသည်။မျက်လုံးကိုဖြဲကြည့်ရနိုး မဖြဲကြည့်ရနိုးတွေဝေနေစဉ်

"သမားတော်ရောက်လာပါပြီ ကြင်ယာတော်လေး"

အကျီကိုအပေါ်ယံလွှမ်းခြုံပေးလိုက်ပြီး

"သမားတော်ပဲ ဝင်ခဲ့"

ကုပ်ချောင်းချောင်းနဲ့ဝင်လာတဲ့ သမားတော်ကပိတ်ရိုက်ချင်စဖွယ်။ ဒါပေမဲ့လူနာကပိုအရေးကြီးနေတာကြောင့်စိတ်ကိုလျော့ချလိုက်ရတော့သည်။

"ကြင်ယာတော်လေး မိဖုရားငယ်ကဝင်ခွင့်"

"ဝုန်း.."

"မင်းကြီးအဟင့်"

ဂါဝန်ကားကားနဲ့မိဖုရားငယ်က ဘတ်ဟျွန်းရေပတ်တိုက်ထားတဲ့ရေဇလုံကိုခလုတ်တိုက်သွားတာကြောင့် ရေတွေကကြမ်းပြင်မှာပြန့်လျက်

"ဒီမှာ ဝင်ခွင့်တောင်းရတယ်ဆိုတာနားမလည်ဘူးလား လူ့ကျင့်ဝတ်မရှိဘူးလား"

"အပိုတွေလာမပြောနဲ့ ဒါနဲ့မင်းကြီးနားမှာတွယ်ကပ်နေပြီး ရုပ်လှလှလေးနဲ့မြူစွယိနေတာပျော်ရဲ့လား"

"အဲ့မင်းကြီးကိုယ်တိုင်က အသည်းအသန်ငါ့ကိုအနားခေါ်ထားတာလေ"

ခနဲ့လိုက်တဲ့စကားကြောင့်မျက်နှာက ကွက်ခနဲပျက်သွားရသည်။မြောက်တတ်လာတဲ့မိဖုရားငယ်ရဲ့လက်ဖဝါးကိုဆွဲစုပ်ပြီး ဘတ်ဟျွန်းကခပ်ဝေးဝေးကိုတွန်းပစ်လိုက်သည်။

"မင်းထိချင်တိုင်းထိလို့မရဘူး ငါကဂျိုဆွန်းလီယောလ်မင်းကြီးရဲ့ ကြင်ယာတော်ဗြောင်ဘတ်ဟျွန်း"

"မိဖုရားကြီးထက်အဆင့်မြင့်တဲ့ အမျိုးသားကြင်ယာတော်ကိုထိရဲသလား"

Imaginary SphereWhere stories live. Discover now