^Second Face^ Part-17

Start from the beginning
                                        

Luhan စဉ်းစားတယ် သူ့ကိုဖမ်းထားတယ်ဆိုလည်း ဂိုဒေါင်ထဲပိတ်ပြီးထားတာဖြစ်ဖြစ် ရန်ငြိုးရှိခဲ့တယ်ဆိုလည်း သေအောင်ရိုက်နှက်ပြီး သတ်ချင်သတ်ပေါ့ အခုဟာက ပြန်ပေးဆွဲတယ်လို့ ပြောရအောင်လည်း ဒီဘက်ကလူကသူဌေးတဲ့

သူ့ကိုဘာလို့ဒီလိုထားတာလဲ ရည်ရွယ်ချက်ကဘာပါလိမ့် အိမ်ထဲမှာလည်း ထွက်ပြေးဖို့အပေါက်မရှိအောင် စနစ်တကျလုပ်ထားတယ် ခြံထဲထွက်ကြည့်တော့လည်း ခွေးတိုးပေါက်တောင်မရှိ

Luhan ကတော့ ထွက်ပြေးမယ်လို့ ဆုံးဖြတ်ပြီး ဒါကိုပဲ စိတ်အားထက်သန်နေတယ် သူအကူအညီတောင်းရအောင်လည်း ph ကမရှိ အဆက်အသွယ်မရ ဒီတိုင်းနေရင် မွန်းကြပ်လို့သေလိမ့်မယ

Luhan ခေါင်းထဲမှာတော့ အစီအစဉ်တကျ အကြံများစွာ ထွက်ပေါ်လာတယ် တစ်ဆင့်ချင်းလုပ်ရမှာပဲ ဒါပေမယ့် သူဌေး အဲ့သူဌေးဆိုတဲ့လူကို တွေ့ချင်သေးရဲ့

*******************

Sulli ထမင်းစားရအောင်လေ

မစားချင်ဘူး Luhan ပဲစားလိုက်တော့ အားလုံးပြင်ထားတယ် စားပြီးရင် ပန်းကန်တွေထားခဲ့လိုက် မနက်မှဆေးလိုက်မယ် ဒါဆို အရင်အိပ်နှင့်မယ်နော်

Wae?? နေမကောင်းဘူးလား Sulli ya..

arnyi!! စောစောနားချင်လို့ပါ

ထမင်းတော့စားလိုက်ဦးလေ ဒါမှမဟုတ် ဘာစားချင်လဲ သွားဝယ်ပေးမယ်လေ အပြင်မှာသွားစားမလား

ဟင့်အင်း မစားတော့ဘူး ရင်ပြည့်နေလို့

Sulli Sehun ကိုပြောပြီးအပေါ်တက်ဖို့ လုပ်တော့ Sehun Sulli လက်ကိုဆွဲလိုက်တယ် ပြီးတော့ ဆွဲဖက်လိုက်ကာ

Aigoo!! ကိုယ့်ချစ်ဇနီးလေးက စိတ်ဆိုးနေတာလား

Sulli ရုတ်တရက်ကြောင်သွားပြီး စကားတွေဆွံအသွားတယ်

Lu Luhan ya.. ဟို လွှတ်ဦးလေ

Sehun Sulli ကို လွှတ်ပေးပြီး မျက်နှာပေါ်က ဆံပင်လေးတွေ သပ်တင်ပေးကာ

ဟုတ်တယ်မလား ကိုဟ့်ကိုစိတ်ဆိုး နေတာ

မဆိုးပါဘူး သွားအိပ်တော့မယ်

miya.. ကိုယ် conpany ကို ဒီထက်ပိုပြီး အောင်မြင်စေချင်တယ် ဒီလောက်နဲ့ရပ်နေလို့မရဘူး နောက်ဆိုပြိုင်ဘက်တွေပေါလာတော့မှာ ဒီတော့ ကိုဟ့်ကိုနားလည်ပေးပါ အဆင်မပြေရင် အားလုံးကိုပြောင်းလဲ ရမှာပဲ ဝန်ထမ်တွေရော အလုပ်တွေရော

Sulli ဘာမှပြန်မပြောမိ Luhan ပြောင်းလဲသွားတာက ကောင်းပေမယ့် လက်မခံနိုင်သေး ချက်ချင်းကြီးဆိုတော့ Sulli ya.. ကိုယ့်ကို နားလည်ပေးမယ်မလား

Sehun Sulli နဖူးကိုအနမ်းလေး ပေးလိုက်တယ်ဲ

Sulli ရင်တွေခုန်နေမိတယ် ခုနက ဖက်ထားတဲ့အချိန်ထဲက စိတ်တွေလှုပ်ရှားသလိုလို ဒီတစ်ခါတော့ ရင်ခုန်နေမှန်း သတိထားလိုက်မိတယ်

Waiting for vitamin votes and feedbacks.. saranghae.. gamsamitha.. 90°bow.. gamsamitha...

^Second Face^ ( Completed ) Where stories live. Discover now