Sehun Sulli ကို မုန်းမိတာမှားပြီလား လို့တွေးမိတယ် Sehun ခေါင်းကိုခါရမ်းလိုက်တယ် မဖြစ်ဘူး Sehun မင်းစိတ်တွေပျော့သွားလို့ မရဘူး Sehun တင်းထားစမ်းပါ
Sulli ဆက်ဆံပုံက အရင်းနှီးဆုံးလူတစ်ယောက်နဲ့ အိမ်မှာအတူတူနေနေသည့်ပုံ လင်မယားလို့ ထင်စရာမရှိ ဘယ်သူက ကိုယ်ချစ်တဲ့လူကို အဲ့လိုဆက်ဆံမှာလဲ
ဒါဆို Sulli က Luhan ကို မချစ်ခဲ့ဖူးလား
Luhan ကရော Sulli ကို တစ်ဖက်သတ်ချစ်နေလား ဒါမှမဟုတ် လုံးဝခံစားမှုမရှိတာလား
Sehun ခေါင်းထဲ နားလည်ရခက်တဲ့ အတွေးများသာ ရှုပ်ယှက်ခတ်လျက်
သူဌေး... ကျွန်တော်ရောက်ပြီ
မင်းရောက်လာတာ ဝမ်းသာတယ်ကွာ မင်းကိုမျှော်နေတာ korea က အလုပ်တွေ အဆင်ပြေလား
ဟုတ်ကဲ့ အားလုံးအဆင်ပြေပါတယ် သူဌေး
ငါ့ကိုဒီမှာသူဌေးလေးလို့ပဲ ခေါ်ကြတယ် မင်းလည်းအဲ့လိုပဲခေါ်ရမယ်ထင်တယ် Nae.. သူဌေး အဲ သူဌေးလေး
ဒါနဲ့ မီးခံသေတ္တာထဲမှာ လျို့ဝှက်ထားတာတွေ ရှိတယ်ပြောတယ် မင်းကြိုးစားကြည့်မလား
Nae.. ကျွန်တော်လုပ်ကြည့်ပါ့မယ်
ကောင်းပြီ မင်းရောက်လာမှ နည်းနည်းစိတ်အေးတော့တယ် ငါတစ်ယောက်ထဲ အူကြောင်ကြားဖြစ် နေတာကွ
Sehun သူ့လူယုံတော်ရောက်လာတော့ စိတ်သက်သာရာရနေတယ်
သူဌေးလေး အပြင်မှာ သူဌေးလေးကတော်ရောက်နေပါတယ် secretary ph လှမ်းချိတ်တော့
ဝင်လာခိုင်းလိုက်ပါ
Sehun မျက်စတစ်ချက်ပစ်လိုက်တော့ သူ့လူယုံက sofa အနားမှာလာရပ်လိုက်တယ် မီးခံသေတ္တာနားရပ်နေရင် အထင်လွဲနိုင်တယ်လေ
Sulli.. ဘာကိစ္စရှိလို့လဲ
Luhan secretary အသစ်ခေါ်ထားတယ်ဆိုလို့
maja.. ကိုယ်လည်းပြောပြမလို့ပဲ သူကဒီနေ့ရောက်မှာ မသေချာလို့
Sulli တစ်ချက်ကြည့်လိုက်တော့
Annyeongsayaw.. သူဌေးလေးကတော်
YOU ARE READING
^Second Face^ ( Completed )
Fanfiction*Hunhan *Yaoi *အချစ်ကြောင့် ဖြစ်ပေါ်လာတဲ့ အမုန်း *အမုန်းကြောင့် မှားမိပြီးမှ *နောက်ဆုံး အချစ်တွေ ပြန်လည်ရှင်သန်မှာလား ဆိုတာတော့
^Second Face^ Part-17
Start from the beginning
