နွေဦးလေပြေ🤍(အပိုင်း_၃၀)

Start from the beginning
                                    

“မိုးသား!!”

ဆုမြတ်ခပ်ဆတ်ဆတ်အော်လိုက်တော့ ကျွတ်ခ်ခနဲစုတ်တချက်သတ်ရင်း ပြန်လှည့်သွားသည်။

“နင်ကပါဘာဖြစ်နေတာလဲ။သွားတော့ဆုမြတ် ငါဘယ်သူနဲ့မှစကားမပြောချင်ဘူး”

“အေး...အဲ့မှာတစ်သက်လုံးတစ်ယောက်ထဲသာနေတော့”

ဆုမြတ်စိတ်ပေါက်ပေါက်နှင့်ပြောချင်ရာပြော၍မိုးသားရှေ့ကထွက်လာခဲ့သည်။အသဲကွဲနေလို့ ဒီလိုဖြစ်နေတယ်ဆိုတာနားလည်သော်လည်း အသားလွတ်ကြီးအအော်ခံရတာတော့မုန်းပါသည်။
မိမိတို့ကသူ့ဒေါသတွေ၏ထွက်ပေါက်မှမဟုတ်ဘဲ။

________________💚________________

ရာသီဥတုသာယာသောညနေအချိန်အခါမို့ ကျောင်း၏ဝင်ပေါက်တံခါးမှ ပိုက်ဆံအိတ်လေးတွေကိုယ်စီကိုင်၍ယူနီဖောင်းနဲ့တစ်သွယ်၊မာဖီနဲ့တမျိုး အပြင်သွားရန်တာဆူနေကြသည့် ဂျူနီယာများ၊သူငယ်ချင်းများကိုသာ အကြောင်းပြချက်မရှိငေးကြည့်နေမိသည်။

လေနုအေးတို့ကတိုက်ခတ်နေပြီး အေးမြသာယာနေသော်လည်းခန့်ထည်စိတ်တို့ကမအေးမြနိုင်ပေ။
သူထားခဲ့တုန်းက အမေးစကားမဆိုပဲနေခဲ့သည့်ညိုက“မောင်တို့ပြန်တွဲရအောင်”ဆိုသည့်စကားကိုလည်း အမေးစကားမဆိုခဲ့ပေ။

ယခုလည်းတာဝန်ကျသည့်ဆေးရုံကနေ မိမိကိုတွေ့ချင်၍ ကျောင်းသို့ရောက်အောင်လိုက်လာလေသည်။တကယ်ဆိုမိမိကအရင်သွားတွေ့သင့်သည်မလား။

“မောင်”

“အာ...ညို‌”

“မောင်ဘာဖြစ်နေတာလဲ ညိုခေါ်နေတာကြာပြီ”

“ဘာမှမဖြစ်ပါဘူး။မောင်အတွေးလွန်နေလို့”

မိမိဆံနွယ်ရှည်ကြီးများကိုအသာသပ်တင်နေသည့် မောင့်နှုတ်ခမ်းတွေကပြုံးနေသော်လည်း မျက်ဝန်းတွေကအသက်မရှိပေ။
မောင်ဟာသူ့စိတ်ကိုပဲသူနားမလည်သည်လား။သူ့ကိုယ်သူနားမလည်ချင်ယောင်ဆောင်နေလားဆိုတာ ဘုရားသခင်နှင့်မောင်သာလျှင်သိလိမ့်မည်ဖြစ်သည်။

ညိုကျောင်းပြီးသွားသော်လည်းကျောင်းနှင့်ဝေးကွာနေသည်တော့မဟုတ်ပေ။မောင်နှင့်second yearကကောင်လေးအကြောင်းတွေကမကြားချင်ပါသော်လည်း ညို့ဆီသို့ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာတတ်သည်။

နွေဦးလေပြေ🤍Where stories live. Discover now