အပိုင်း(၂၄)

Start from the beginning
                                    

"ဟင် နိုးပြီလား"

"အင်းးး"

နိုးခါစမို့လို့ မျက်လုံးတွေကဖောင်းအစ်ကာ အသံကပါခပ်အက်အက်လေး။ ဂျောင်ကုတစ်ယောက် စိတ်ရှိလက်ရှိသာဆွဲနမ်းလိုက်ချင်သည်။ ပတ်ဂျီမင်းက ခေါင်းစုတ်ဖွားနဲ့လည်း သေလောက်အောင်ချစ်ဖို့ကောင်းတာပဲ။

"ဒါနဲ့ညက မောင်ဘာဖြစ်..."

"မင်းတပည့်ကငါ့ကိုphလှမ်းဆက်တာ မင်းbarမှာမူးနေလို့ကူညီပါဦးဆိုပြီး မင်းကိုလည်းပြောရဦးမယ် ဒီမှာနေမယ့်ဟာကို ဘာလို့ပါလာတဲ့လူတွေကို ကိုရီးယားပြန်ပို့လိုက်ရတာလဲ"

"ဗျာ..."

"မင်းလက်ထောက်လေ မင်းကသူ့ကိုဟိုပြန်ပို့လိုက်တော့ သူမှာငါ့ကိုတကူးတကကြီးလှမ်းအကူအညီတောင်းရတာ"

မဟုတ်သေးဘူးနော်။ လွဲနေသလိုပဲ။ ဂျောင်ကုခေါင်းကုတ်ပြီးစဥ်းစားနေမိသည်။ ဘယ်သူ့ကိုမှကိုရီးယားပြန်မလွှတ်ပါဘူး။ မနေ့ညကတောင် အတူတူသောက်နေကြသေးတာကို။ အာ..နောက်ဆုံးတော့ဂျောင်ကုသဘောပေါက်ချေပြီ။ အားကိုးရတဲ့အတွင်းရေးမှူးက သူ့ကိုကူညီသွားတာကိုး။ ကိုကိုနဲ့ပြန်အဆင်ပြေရင် ဒီကောင့်ကိုခွင့်ရက်ရှည်ပေးလိုက်ပါ့မယ် အဟမ်း။

"အာ ဟုတ်တယ် မောင်ပြန်ပို့လိုက်တာ မောင်ကဒီမှာကိုကို့ကိုချော့ဖို့နေခဲ့မှာဆိုတော့ ဟိုဘက်မှာ လစ်ဟင်းမှုတွေရှိနေမှာဆိုးလို့လေ"

သူ့စကားကြောင့် ကိုကိုကအကြည့်လွှဲသည်။

"ငါ့ကိုပြန်ခေါ်ဖို့အစီအစဥ်ကို လက်မလျှော့သေးဘူးလား"

"မောင်သိတာ ကိုကို့ကိုပြန်ခေါ်ဖို့တစ်ခုတည်းလေ"

"ငါကအခြားတစ်ယောက်ကိုချစ်မိနေတယ်ဆိုရင်ရော"

ထိုစကားကြောင့် မနေ့ညက ကိုကိုနဲ့ဂျောင်ဝူယောင်းရဲ့မြင်ကွင်းကသူ့မျက်စိထဲပြန်ပေါ်လာသည်။ ညကသူမူးရူးနေအောင်သောက်ရတဲ့ အကြောင်းအရင်း။ အခုတွေးအခုပြန်ပူလောင်။ အားတင်းကာ ပြုံးပြလိုက်ပြီး

"မဖြစ်နိုင်ဘူး မောင့်ဂျွန်ဂျီမင်းအကြောင်းကို မောင်ကောင်းကောင်းသိတာပေါ့ မောင်ကလွဲပြီးအခြားတစ်ယောက်ကိုချစ်နိုင်မယ့်လူမျိုးမှမဟုတ်တာ"

~ပင်လယ်လို မောင်~(ပင်လယ်လိုမောင်)//CompleteWhere stories live. Discover now