Chapter(302) - သဘောတူညီမှုရပြီ

Start from the beginning
                                    

"ဘာလဲ? ကျုပ်ကိုမယုံဘူးလား?"ချီယွင်က လင်ရွှမ်းဇီရဲ့ ဆိုင်းငံ့မှုကို သတိပြုမိသည်။

"ကျုပ်ခင်ဗျားနဲ့ အရင်တုန်းက ပူးပေါင်းလုပ်ဆောင်မှု မလုပ်ဘူးဘူးလေ အဲ့ဒီတော့ ခင်ဗျားက ယုံကြည်စိတ်ချရပါ့မလား ဆိုတာကို မသေချာဘူးဖြစ်နေတယ်" လင်ရွှမ်းဇီက ယဉ်ကျေးတဲ့စကားတွေ ပြောမနေပဲ သူ့စိတ်ပူပန်မှုကို ရိုးရှင်းစွာပင် ထုတ်ပြောသည်။

ချီယွင်က မျက်ခုံးကို ပင့်မြှောက်လိုက်သည်။

"အဲ့ဒါကြောင့်လည်း ကျုပ်က ခင်ဗျားလိုလူမျိုးတွေနဲ့ ဖြေရှင်းရတာကို မကြိုက်တာပေါ့, တစ်နေကုန် ဟိုဟာလည်း သံသယဝင် ဒီဟာလည်း သံသယဝင်နဲ့, အရမ်းပင်ပန်းတာပဲ"

လင်ရွှမ်းဇီကတော့ မလှုပ်ရှားပေ။

"ယုံကြည်မှုဆိုတဲ့ အရာက အခြေခိုင်အောင် တည်ဆောက်ရတယ်, အကယ်၍ ကျုပ်တို့ အကြိမ်အနည်းငယ် ပူးပေါင်းခဲ့ပြီး တစ်ယောက်ဆီရဲ့ ပုံစံကို ရင်းနှီးလာမယ်ဆိုရင် အားပိုင်နဲ့ဟူပိုကို ခင်ဗျားဆီပေးဖို့ စဉ်းစားမယ်"

သူ့သဘောထားက အလွန်ရှင်းလင်းသည်။ ဒီအခြေအနေမှာ နှစ်ဖက်လုံးက တစ်ယောက်နဲ့တစ်ယောက် မသိကြဘူးဖြစ်တာကြောင့် အားပိုင်နဲ့ဟူပိုကို လူစိမ်းဆီ ဘယ်လိုမှ မပေးနိုင်ဘူး ဆိုတာပဲ။

ချီယွင်က မထီမဲ့မြင်ဟန်လုပ်သည်။

"လုပ်ချင်သလိုလုပ်တော့, ကျုပ်လည်းသူတို့ကိုခေါ်သွားဖို့ အလျင်မလိုဘူး, ကျုပ်ကဒီအတိုင်း ဆွေမျိုးသားချင်းတွေကို တွေ့လိုက်ရပြီး သူတို့တွေ ဒီလိုမျိုး သူရဲဘောကြောင်သလို လုပ်နေကြတာကို ကြည့်ရတာ ခက်ခဲလွန်းလို့ ခေါ်သွားချင်တာပဲရှိတာ, မဟုတ်ရင် ကျုပ်က နေ့တိုင်းဒီလောက် အလုပ်များတဲ့ဟာကို ဘယ်လိုများ သူတို့အတွက် စိတ်ပူပေးဖို့ အချိန်ဖဲ့ပေးနိုင်ပါ့မလဲ?"

ယန်ထျန်းဟန်က ခေါင်းညိတ်သည်။

"ခင်ဗျားမှန်တယ်, ကျုပ်တို့ အကြိမ်အနည်းငယ်လောက် ပူးပေါင်းပြီး စမ်းကြည့်ကြရင်ရော? ကျုပ်တို့တွေ ခင်မင်ရင်းနှီးသွားပြီးရင် ခင်ဗျားလက်နဲ့ သူတို့ကို ထိန်းကျောင်းနိုင်ဖို့ ကျွန်တော်ခွင့်ပြုပေးမယ်"

(Book-2)အမြင့်မြတ်ဆုံး ကောင်းကင်အရှင်၏ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now