Chapter Three

16 2 0
                                    

Slytherin ပင်မစံအိမ်တော်၊ Devonshire။

"အရှင်။"

Hadrianus က Slytherin စံအိမ်တော် စာကြည့်ခန်း၏ တံခါးဝမှ လှမ်းကာနှုတ်ဆက်လိုက်သည်။

Hadrianus က ဟထားသော ကျွန်းတံခါးမကို တွန်းဖွင့်လိုက်ကာ အခန်းဝတွင် ရပ်နေခဲ့သည်။ Slytherin စံအိမ်တော်၏စာကြည့်ခန်းသည် Hogwarts ကျောင်းတော် လျို့ဝှက်ခန်းခန်းမ (Chamber of Secrets ကိုရေးတာပါ။) ရှိ ၏စာကြည့်ခန်းနှင့် တစ်ပုံစံတည်း ဆောက်လုပ်ထားခြင်းဖြစ်သည်။

စာကြည့်ခန်းပြတင်းပေါက်၏ မှန်များတွင် မြွေနဂါးများ၊ ရေသူမများ စသည့်သတ္တဝါများ၏ ပုံများပေါ်နေအောာင်ဖန်ဆင်းထားသည်။ (Goblet of Fire တုန်းက prefect ရေချိုးခန်းထဲ ရေသွားချိုးတုန်းကလိုပေါ့) မီးတိုင်များသည် တောက်လောင်နေလျက်ရှိပြီး အခန်းတွင်းကို နွေးထွေးပြီး လင်းထိန်နေစေသည်။

ထို့အပြင် စံအိမ်တော် တစ်ခုလုံးကိုလည်း Hogwarts ကျောင်းဆောက်လုပ်ခဲ့စဉ်က အသုံးပြုခဲ့သည့် ကျောက်တုံးများ၊ အလိုအလျှောက်ပြန်လည်ပြုပြင်ရေးမန္တန်များ မန်းမှုတ်ထားသည့် မှန်များ၊ အုတ်ချပ်များနှင့် တည်ဆောက်ထားခြင်းဖြစ်သည်။

စံအိမ်တော်၏ မြောက်ဘက်တွင် မှော်ဆေးပင်ဝါးပင်များ စိုက်ပျိုးထားသည့် မှန်လုံအိမ်‌ငယ်လေးရှိပြီး အိမ်တော်ဝန်း အပြင်ဘက်တွင် စမ်းချောင်းငယ်လေးတစ်ခုကလည်း တသွင်သွင်စီးဆင်းနေသည်။ စံအိမ်တွင် နက္ခတ္တဗေဒမျှော်စင်ငယ်လေးလဲရှိပြီး Hogwarts ကျောင်းတော် အသေးစားလေးနှင့်ပင် တူသည်။

သို့ရာတွင် Hogwarts ကျောင်းတော်ကို တည်ဆောက်ခဲ့စဉ်က ကျောင်းရှိ အရေးပါသောနေရာများ၏ ကျောက်နံရံများ ကျောက်သားကြမ်းပြင်များပေါ်တွင် ထုဆစ်ရေးထိုးခဲ့ကြသည့် ကာကွယ်ရေး Runes အချို့သည် နှစ်ကာလကြာညောင်းသည်နှင့် အမျှတဖြည်းဖြည်း ကွယ်ပျောက်သွားကြသည်။

Hogwartsကျောင်းတော်ကို ကျောင်းအုပ်အဆက်ဆက်က ပြုလုပ်ခဲ့သည့် protective wards များစွာနှင့် ကြွင်းကျန်ရစ်သည့် Runes များက ကာကွယ်ထားသည်။ Slytherin စံအိမ်တော်ရှိ Runes များကမူ စံအိမ်အတွင်း လူအဝင်အထွက်နည်းပါးသည်ကတစ်ကြောင်း ထိန်းသိမ်းမှုကောင်း‌မွန်သည်က တစ်ကြောင်းကြောင့်ယခုထက်တိုင်ရှိနေသေးသည်။

Utter DevotionTahanan ng mga kuwento. Tumuklas ngayon