Chapter One (Zawgyi)

98 2 3
                                    

Hadrianus ဟာ ဗြိတိန်မှော်ဝန်ကြီးဌာန (British Ministry of Magic) ရဲ့ ဒုတိယထပ်သို့ရောက်သော သလင်းလှေကားပေါ် တစ်လှမ်းချင်းတက်နေခဲ့သည်။ သူရဲ့ ညာလက်ထဲဝယ် စာအိတ်ညိုညိုနှစ်အိတ်ကလွဲ၍ မည်သည့်အရာမှမပါခဲ့။ သို့သော်သူသွားရာလမ်းတစ်လျှောက်မှာ သူ့ကိုမည်သူကမှ မော်မော်ကြွားကြွားမကြည့်ရဲကြပေ။

ယခင်တုန်းကဆိုလျှင် လူအများက သူ့နောက်သို့ သခင်နောက် ကောက်ကောက်ပါအောင်လိုက်သော ခွေးများကဲ့သို့ပင် ကပ်ကာလိုက်ပါကြသည်။ သိပ်စိတ်ညစ်စရာကောင်းသော အချိန်များပေါ့။ သူဖြတ်လျောက်သွားလျှင်ပင် တီးတိုးပြောသံများက နောက်ကအမြဲပါခဲ့ကြသည်။ သို့သော်ငြား ထိုအချိန်များက ဟိုးလွန်လေသောအတိတ်တွင်ကျန်ရစ်ခဲ့ပြီ။

ဟား။ ကွာလိုက်သည်က တအားပါပဲလား။

Hadrianusသည် မှော်ဥပဒေစိုးမိုးရေးဌာန (Department of Magical Law Enforcement) [D.M.L.E] ဘက်သို့သွားသောလမ်းကွေ့ကိုကွေ့လိုက်သည်။ Auror Yaxley နှင့်အတူ Muggleborn ကောင်မလေးတစ်ယောက် ကိစ္စကို ဒီနေ့အပြီးသတ်ဖြေရှင်းရလိမ့်မည်မှန်း သူသိနေသည်။ တော်တော်စိတ်ကုန်စရာကောင်းသောအမှုပင်။ တစ်ခါတစ်ရံတော့ သူ Malfoy ကိုလည်ပင်းညစ်၍သာသတ်ပစ်လိုက်ချင်သည်။

အမှောင်သခင်ကြီး (The Dark Lord) ကသာ သူ့မိဘနှစ်ပါးမျက်နှာထောက်ပြီး သူ့ကိုမကာကွယ်ထားလျှင် သူ Hadrianus ဆီက hex လေး၊ငါးချက်ထိပြီး St. Mungo ဆေးရုံရောက်ပြီးသားဖြစ်နေလိမ့်မည်။ သူ၏ မှော်သွေးသန့်မျိုးရိုး (Pureblood) လေးတစ်ခုကြောင့်သာ အမှောင်သခင်ကြီးလက်အောက် အမှုထမ်းခွင့်ရသည်ကို လောကကြီးတစ်ခုလုံး သူ့အပိုင်မှတ်နေသယောင် မြောက်ကြွမြောက်ကြွဖြစ်နေသည်က သိပ်ကို မျက်ပြင်းကပ်စရာပင်။

သူ့တစ်‌ယောက်ကိစ္စကိုရှင်းနေရသည်က Hadrianus ရဲ့ အရေးကြီးအလုပ်တွေကို အလွန့်ကြန့်ကြာစေသည်။ တကယ့် စိတ်ရှုပ်စရာပင်။

Malfoy ဟာ သူ့ ဌာနခွဲက Muggleborn ကောင်မလေးတစ်ယောက်ကို နှိပ်စက်ခြင်းကျိန်စာ(Cruciatus Curse) ဖြင့် မိနစ် ၂၀ကျော်ကြာ နှိပ်စက်ခဲ့သည်။ ထိုသနားစရာမိန်းကလေးဟာ နှိပ်စက်ခြင်းကျိန်စာမှ ရရှိ‌သောဒဏ်ကြောင့် ယခု St. Mungo ဆေးရုံမှာ အတွင်းလူနာအဖြစ်ကုသမှုခံယူနေရသည်။ သူမသည် လူကောင်းပကတိကျန်သော်လည်း နှိပ်စက်ကျိန်စာ၏ ပြင်းထန်မှုနှင့် နာကျင်မှုဒဏ်‌များကြောင့် သူမ၏စကားပြောနိုင်စွမ်းဟာ အတန်ငယ်ပျက်စီးသွားရသည်။

Utter DevotionWhere stories live. Discover now