ဒယ်ဒီကသူ့ကို ပြောပြီးတာနဲ့ မာမီ့ကို
သူ့အိမ်ကိုလှမ်းအကြောင်းကြားခိုင်းနေသည်။"အကိုရေ အကြောင်းကြားလို့မဖြစ်ဘူး
သူ့မိဘတွေက ဒယ်ဂူမှာနေတာ သူ့အဖိုးအဖွားတွေကသာ ဆိုလ်းမှာနေတာ ဒီကအိမ်မှာက Taehyung တစ်ယောက်တည်းနေတာ သူ့မိဘတွေအလည်လာမှသာ အဲ့ဒီအိမ်မှာနေကြတာတဲ့ အဲ့တော့မပြောတော့ပါဘူး လူကြီးတွေသိရင်စိတ်ပူနေလိမ့်မယ်"ထမင်းစားပြီးတာနဲ့ အခန်းထဲကိုပြန်ဖို့လုပ်နေတဲ့သူ့ကို မာမီက ဆန်ပြုတ်ထည့်ထားတဲ့ကြွေအုပ်လေးနဲ့နွားနို့ခွက်ကို ဗန်းနဲ့သယ်သွားခိုင်းသည်။
"ခဏနေနိုးလာရင် ဒါလေးတွေတိုက်ပြီး
မာမီ သားရဲ့စားပွဲပေါ်မှာ ဆေးထားခဲ့တယ် အဲ့ဒါပါတိုက်လိုက်နော်""ဟုတ်ကဲ့ မာမီ"
"နောက်ထပ် Taehyungကိုပြသနာမရှာနဲ့နော် သူကအေးဆေးနေတက်တာ သားတွေ့နေကြကလေးတွေနဲ့မတူဘူး
ဂုဏ်သိက္ခာရှိတဲ့အသိုင်းအဝိုင်းက ကလေးတစ်ယောက် ပြီးတော့သားနဲ့သူက ဆေးကုမ္ပဏီကို အတူလုပ်ကိုင်ဆောင်ရွက်ရမယ့် ပါတနာတွေ မျက်နှာပျက်စရာတွေမဖြစ်စေနဲ့"မာမီပြောတာကို ခေါင်းငြိမ့်ပြပြီး
ဆန်ပြုတ်ဗန်းကိုသယ်ဆောင်ကာ အခန်းထဲကိုသာ တက်လာခဲ့လိုက်သည်။ဟိုကောင်တွေလည်းမရှိတော့
အပြင်လည်းမထွက်ဖြစ်။အချိန်ကလည်းစောနေသေးတော့ မအိပ်ချင်သေးတာနဲ့ laptop ကိုယူပြီးကုတင်ပေါ်မှာ ဆိုင်အသစ်အတွက် လိုအပ်တဲ့နေရာတွေပြင်ဆင်ဖို့ကြည့်နေလိုက်သည်။Taehyung အာတွေခြောက်ပြီးရေသောက်ချင်လာသည်။မျက်လုံးဖွင့်လိုက်တော့ မီးရောင်မှိန်ပြပြလင်းနေတဲ့အခန်းထဲရောက်နေသည်။တစ်ခန်းလုံးက အပြာရောင်နုနုလေးတွေဖြတ်ပြေးနေသလားဟုထင်ရသည်အထိ အပြာနုရောင်အခန်းထဲမှာ လင်းနေတဲ့မီးလေးတွေ။ထထိုင်လိုက်တော့ ခေါင်းကမူးနေသည်။လည်ချောင်းတွေပါနာပြီး ချောင်းတွေပါဆိုးလာသည်။သွားပြီ သူဖျားနေတာ။
"ဘယ်လိုနေသေးလဲ"
အသံကြားမှအနားမှာ အဲ့တစ်ယောက်ရှိနေမှန်းသိတော့၏။လှည့်ကြည့်လိုက်တော့ laptopကနေအကြည့်မခွာဘဲ သူ့ကိုစကားပြောလာသည်။
ep 5
Comincia dall'inizio