ညအိပ်ချိန်ရောက်ရင် ရန်းဆီပြန်လာသည်။တစ်ခါတစ်လေ ရန်းအိပ်ပျော်သွားမှရောက်လာတတ်သည်။ ရန်း နဲ့ ဝန်းကြားမှာ စကားတွတ်ထိုးဖို့အချိန်တွေမရှိတော့ဘူး ။ တဖြည်းဖြည်းနဲ့ ဝေးလာသလိုခံစားရသည်။ နီးလျက်ဝေးဆိုတာကို ရန်းလက်တွေ့ခံစားနေရပြီ။
ဒီကြားထဲ ဟိုကောင်လေးအခန်းက အရေးပေါ်အသံမြည်ရင် ဘယ်ချိန်ဖြစ်ဖြစ် ကပျာကယာပြေးထွက်သွားတတ်သေးသည်။ ဟိုကောင်လေးနဲ့ပတ်သက်ရင် အရင်ကထက် ပိုပြာယာခတ်လာတတ်သည်။ ဟိုကောင်လေးရဲ့မိဘတွေရှေ့မှာ မြေကြီးထဲဝင်သွားမတတ် ခေါင်းငုံ့ထားတတ်ပြီး ဟိုကောင်လေးကို အစွမ်းကုန်ပြုစုပြသည်။ ရယ်စရာကောင်းတဲ့ကောင် ။
မဟုတ်သေးဘူး ။ ရယ်စရာကောင်းတဲ့ကောင်က ဝန်းမဟုတ်ဘူး ငါ ။ ဟက်! ။
" ကိုရှေးဆက်ရန်း ဒီနေ့ ဓာတ်မှန်ရိုက်ရမယ်နော် ပြောထားတယ်မလား "
တာဝန်ကျသူနာပြုဆရာမလေးရဲ့အသံကြောင့် ပျံ့လွင့်နေတဲ့စိတ်တွေကို ပြန်ခေါက်သိမ်းရင်း ခေါင်းငြိမ့်ပြလိုက်သည်။ ဒီနေ့ ဓာတ်မှန်ရိုက်ရမယ့်နေ့ ဆိုတာ ဝန်းလည်း သိပေမယ့် တခြားသော လူမမာကိုပြုစုနေရတော့ မေ့နေသည်ထင်ပါရဲ့ ။
" ဟုတ်ကဲ့ ကျွန်တော် အဆင်သင့် ဖြစ်နေပါပြီ "
" လူနာရှင်ရော "
" မရှိဘူး.... ကျွန်တော့်မှာ လူနာရှင်မရှိဘူး "
အစကတည်းက လူနာရှင်မှ မရှိခဲ့တာ။
ဆေးရုံပေါ်မှာ ရန်း သတိရလာကတည်းက ဘေးနားမှာတစ်ယောက်မှ မရှိခဲ့ဘူး။ အားကိုးအားထားစရာ တစ်ယောက်သော ကလည်း အစကတည်းက ဘေးနားမှာ မရှိခဲ့တာပဲ။" ဒါဆို ကျွန်မနဲ့အတူသွားရအောင် "
သူနာပြုဆရာမလေးက သွက်သွက်လက်လက်ပင် Wheelchair ကို တွန်းကာ ဓာတ်မှန်ဋ္ဌာနကို ပို့ပေးသည်။
တစ်ပွင့်တည်းသောနေကြာပန်းလေးက သူ့အလှကိုမပြနိုင်တော့ဘဲ ကြမ်းပြင်မှာမှောက်ကာ ခနေပြီ။
" အားလုံးအဆင်ပြေပါတယ်.... ခြေထောက်က ပတ်တီးဖြေလို့ရပြီ.... လက်ကတော့ နောက်အပတ်မှ ဖြေလို့ရမယ်.... ကျန်တာအားလုံးအဆင်ပြေပါတယ် "
![](https://img.wattpad.com/cover/272136580-288-k955915.jpg)
Part - 24
Start from the beginning