အချစ်ပိုစေသည်။
“ပြွတ်စ်”
မနေနိုင်စွာနှုတ်ခမ်းတွေကိုဖြတ်ခနဲနမ်း၍နှစ်နှစ်ခြိုက်ခြိုက်ပြုံးမိသည်။အိပ်နေတုန်းပဲအသားယူလို့ရသည်။မနက်သူမနိုးခင်ထပြန်ရမည်။သူနိုးလာလို့မိမိကိုတွေ့လျှင်ဖြစ်ပေါ်လာမည့်နောက်ဆက်တွဲကိုကြောက်ရသည်မလား။
ပြန်အိပ်လို့လည်းမရသည်မို့ ကုတင်ပေါ်မှထကာမိုးသားစာကြည့်စားပွဲတွင်ထိုင်ရင်း မိုးသားစာကျက်နေမည့်ပုံစံကိုမြင်ယောင်ကြည့်မိသည်။
ဒီကောင်လေးစာကြည့်စားပွဲပေါ်ထိုင်တိုင်း မျက်နှာကြီးစူပုတ်နေမလား။
ဒါမှမဟုတ် စာကြည့်စားပွဲပေါ်ပဲခေါင်းမှောက်ပြီးအိပ်ပျော်နေလေမလား။အင်း ဘယ်လိုနေနေချစ်ဖို့ကောင်းနေမှာပဲ။
စာအုပ်တွေလျှောက်မွှေရင်းတွေ့လိုက်ရသည်ကအဝါရောင်ဒိုင်ယာရီစာအုပ်လေး။
သူများprivacyမို့မထိသင့်သော်လည်း သူ့မသိစိတ်ကထိုစာအုပ်ကိုဖတ်ကြည့်ရန်တွန်းအားပေးသည်။
ဒီစာအုပ်လေးက ကလေးငယ်ရေးခဲ့တဲ့စာအုပ်လေးဆိုတာနှင့်ပင် သူ့စိတ်ထဲဖတ်ချင်စိတ်တွေသာကြီးစိုးနေမိသည်။“မင်းဒိုင်ယာရီလေးကိုယ့်ကိုဖတ်ခွင့်ပြုပါကလေးငယ်”
နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေမှန်းသိသော်လည်းသူခွင့်တောင်းမိသည်။
စာအုပ်ကိုဖွင့်လိုက်သည်နှင့် ကြည်နူးခြင်းတို့ကသူ့ရင်ထဲတစိမ့်စိမ့်စီးဝင်လာလေသည်။
အချစ်ခံရတယ်ဆိုတာဒါမျိုးလား။
အဝါရောင်ဒိုင်ယာရီစာအုပ်လေးထဲတွင် မိမိအတွက်စာလွှာများနှင့် မိမိဓာတ်ပုံလေးတွေပါစနစ်တကျနေရာယူထားလေသည်။“ဒီနေ့ကျောင်းအုပ်မာမီနှုတ်ဆက်ပွဲမှာစီနီယာအကိုကြီးတစ်ယောက်ကိုတွေ့တယ် ။ သူ့နာမည်က“ခန့်ထည်ဝါ”တဲ့။
ဘုရားရေ....သူ့အသံကဒီလောက်ကောင်းစရာလိုလို့လား။
ပြီးတော့သူ့ပုံစံကသူ့နာမည်နဲ့သိပ်လိုက်ဖက်တာပဲ။အရပ်မြင့်မြင့်၊ အသားဖွေးဖွေး၊အရမ်းကြီးမတောင့်ပေမယ့်ကြည့်ကောင်းသည့်ခန္ဓာကိုယ်အချိုးအစား။စာလည်းတော်တယ်။ပုံစံကလည်းGentelmanဆန်တယ်။
YOU ARE READING
နွေဦးလေပြေ🤍
General Fiction"အကိုကကျွန်တော့်အတွက်တော့ နွေဦးလေပြေလေးလိုပဲ။ ဘယ်ချိန်ပြန်တွေးတွေး သတတနဲ့ကြည်နူးနေမိတုန်း လွမ်းဆွတ်နေမိတုန်းပဲ" မိုးသားရောင်
နွေဦးလေပြေ🤍(အပိုင်း_၂၈)
Start from the beginning