Chapter(301) - ချီယွင်ရဲ့ တောင်းဆိုချက်များ

Start from the beginning
                                    

လင်ရွှမ်းဇီက ရပ်တန့်သွားပြီးမှ ပြောလာသည်။

"ချီယွင်"

ချီယွင်က တုန့်ပြန်သည်။

"ခင်ဗျားက အရမ်းလှတယ်, လင်ကျန်ရဲ့သားဆိုတာကိုသိဖို့အတွက် မေးစရာတောင်မလိုဘူး, ဒါပေမဲ့ ကျုပ်ကြားတာတော့ ခင်ဗျားရဲ့ ကျင့်ကြံဆင့်တွေက ဒုက္ခိတဖြစ်သွားပြီဆို, အခုရော ဘယ်လိုနေသေးလဲ?"

ယန်ထျန်းဟန်, "..."

ဒီနေ့ခေတ်မှာ လူတိုင်းက တစ်ဖက်လူရဲ့ မျက်နှာကို မထောက်ပဲ ပြောချင်တာ ပြောကြတာပဲလား?

လင်ရွှမ်းဇီက သူ့ကိုပြန်ဖြေပေးသည်။

"တော်တော်လေး ပြန်ကောင်းလာပါပြီ, စိတ်ပူပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်"

ချီယွင်က သူ့အားမသိမသာ အကြည့်တစ်ချက် ပေးလိုက်သည်။

"ကျုပ် ခင်ဗျားကို ဂရုမစိုက်ပါဘူး, ကျုပ်သိချင်တာက အကယ်၍ ခင်ဗျားနဲ့ အလုပ်လုပ်လို့ရှိရင် ကျုပ်ပိုက်ဆံ ရှုံးနိုင်မလားဆိုတာကိုပဲ"

ချင်းကျူက ကြားဝင်ပြောလာသည်။

"ပိုက်ဆံက ပြသနာမဟုတ်ဘူး"

ချီယွင်က အထူးတလှယ် ဆိုးသွမ်းပြီး မကောင်းတဲ့ ပုံစံဖြင့် နောက်တစ်ဖန် ပြုံးလိုက်သည်။

"ကျုပ်မွေးကတည်းက ပိုက်ဆံမရှားခဲ့သလို ဂရုလည်းမစိုက်ဘူး, ကျုပ်ရဲ့ ကြေးစားအုပ်စုထဲမှာ လူအယောက်ပေါင်း နှစ်ဆယ်ကျော်ရှိတယ် ပြီးတော့ ခင်ဗျားက သူတို့ကိုပိုက်ဆံပေးရမှာ, ဒါပေမဲ့ လင်ကျန်နဲ့ စီးပွားရေး လုပ်တုန်းကတော့ သူက ပိုက်ဆံတင်မကပဲ တစ်ခြားအရာတွေပါ ပေးခဲ့တာ"

လင်ရွှမ်းဇီက မေးလိုက်သည်။

"တစ်ခြားအရာတွေဆိုတာ ဘာကိုဆိုလိုတာလဲ?"

ချင်းယွင်က မျက်တောင်ခတ်လိုက်ပြီး လင်ရွှမ်းဇီအား သူ့နှုတ်ခမ်းထောင့်စွန်းကို မရေမရာပုံစံဖြင့် ကွေးညွှတ်ပြလိုက်သည်။

"ဥပမာအားဖြင့် ,ခင်ဗျား ကျုပ်နဲ့အိပ်လို့ရတယ်"

ချင်းကျူရဲ့ မျက်နှာက မဲမှောင်သွားသည်။

(Book-2)အမြင့်မြတ်ဆုံး ကောင်းကင်အရှင်၏ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now