အပိုင်း - ၂၂ ( Uni + Zaw )

Comenzar desde el principio
                                    

နှောင်းဝေ၏ အနည်းငယ်ညိုတိုတိုအသားအရေပေါ်၌ ရီဝေမှုကြောင့် ပန်းရောင်ပြေ‌ပြေကဖြတ်ပြေး‌ေနလေသည် ။
ခေါင်းကိုနံဘေးမှ ဦးစိုင်းပုခုံးနှင့်မှီကာ ဦးစိုင်းအားဂျစ်ကျနေလေသည် ။

" Amor ~~~ နှောင်းလေးက အဲ့ဟာလေးစားချင်ယို့ ~~~ "

" ကိုယ့်နှောင်းလေးက စားချင်မှတော့ ကိုယ်ကကျွေးရမှာပေါ့ ။ အာ~~~~ မာရေပါးစပ်လေးဟပါဦးဗျ "

ဦးစိုင်းဆိုသည်ကလဲ နှောင်းဝေထိုးပြသမျှကို အကုန်ယူကျွေးသည်မှာ ဘုရင်ကိုဖားယားနေသော ကုန်းကုန်းကြီးနှယ်ပင် ။

* အဲ့လောက်လုပ်ချင်နေရင် တခြားနေရာသွားလုပ်ကြပါလား ။ ဟူ ကအဖြေမပေးသေးပါဘူးဆိုမှ ‌ေ-ာက်အတွဲ ။ တော်ပါပြီ ငါ့ဟူလေးကိုပဲ ကြည့်တော့မယ် ။ အကုသိုလ်ကင်းတယ် ။ *
ဤသို့ခပ်ချဉ်ချဉ်အတွေးအားတွေးပြီးနောက် ဧက၏ အစိမ်းရောင်မျက်ဝန်းတို့သည် မနည်းခေါင်းထောင်နေရရှာသော ဟူ့ ထံကပ်သွားပြန်သည်မှာ ပြန်ခွာ၍ ရတော့မည်ပင်မထင်တော့ပါချေ ။

ဟူ၏ပါးပြင်သည် ခေါင်ရည်၏အာနိသင်ကြောင့် ရဲတွတ်နေလေသည် ။ ဖမ်းစားနိုင်သော ရီဝေဝေ မျက်ဝန်းညိုတို့အား ပါးပြင်နီရဲရဲနှင့်ပေါင်းစပ်ချိန်မှာတော့ အဆုံးအစမရှိသောအလှတရားတခုက ထွက်ပေါ်လာလေသည် ။

" ဟူ.... ရရဲ့လား ။ မူးနေပြီလား ?"

" အာ~~~ မူးပါဝူး ယေကကလဲ ။ ဟူလေးကြောကျမယ် ။ ယူတိယောက်ကို အယက်‌စောက်ထားပြီးယင် မူးနေပိလားယို့ မေးရဝူး ။ အာ့ချော်ကားတာ ။ "

ဘုတ် !!!

အရက်သမားစကားသည် အမှန်တရားဖြစ်နေပြန်သည်။ သို့သော် ထိုအမူးသမားအလှလေးကတော့ ကျောက်သားစားပွဲကို ပန်းမွေ့ယာထင်သည်လားမသိ အိပ်နေသည်မှာနှစ်ခြိုက်စွာပင် ။
ဟူလေး လို့သူကိုယ်သူသုံးနှုန်းသွားသည်ကို ပြန်တွေးမိတော့ လူကအတွင်းထဲက ကလိကလိဖြစ်လာပြန်သည်မှာ နီရဲရဲပါးပြင်တို့အား ကိုက်ပစ်မိချင်သည်အထိပင် ။

" ဦးစိုင်းရေ ၊ သောက်လို့တော့ကောင်းတယ်ဗျာ ။ ဒါပေမယ့် ဒီအမူးသမားလေးကို အရင်သွားပို့လိုက်ဦးမယ် ။ အေးဆေးသောက်ပြီးမှဝင်ခဲ့ကြပါ ။ "

Witnessing To The MaNaw Land_မနောမြေအား သက်သေတည်လျက်_CompleteDonde viven las historias. Descúbrelo ahora