နွေဦးလေပြေ🤍(အပိုင်း_၂၇)

Start from the beginning
                                    

“ကိုယ့်ကိုမခနဲ့ပါနဲ့လားကလေးငယ်ရယ်။ကိုယ်မင်းကိုချစ်တယ်”

မထင်မှတ်ထားသည့်စကားကိုကြားလိုက်ရလို့ထင်သည်။ကောင်ငယ်လေးကတအံ့တဩမော့ကြည့်ရှာသည်။ပြီးသည်နှင့် တစ်ဖက်သို့မျက်နှာပြန်လွှဲသွားသည်။

ခန့်ထည်ကလေးငယ်အနားသို့အသာသွားရင်း မိမိအနမ်းရှိန်ကြောင့်ရွှန်းစိုနေသည့်နှုတ်ခမ်းထက်ကဒဏ်ရာလေးကိုအသာပွတ်သတ်ကြည့်ရင်းမျက်ရည်များကျလာရသည်။
ကလေးငယ်ကအောက်နှုတ်ခမ်းကိုဖိကိုက်လို့ငိုချင်စိတ်ကိုတင်းခံနေသလိုပင်။

“ကိုယ်တကယ်ကိုချစ်တယ်။ကိုယ့်စိတ်ကိုစောစောမသိခဲ့တဲ့အတွက်တောင်းပန်ပါတယ်။ကိုယ့်ကိုချစ်ရတာနောင်တရတယ်လို့မင်းပြောလိုက်တဲ့အချိန်မှာကိုယ်တအားတုန်လှုပ်သွားမိတယ်။တစ်ဆက်ထဲမှာပဲမင်းကိုချစ်မိနေမှန်းကိုယ်သိခဲ့တယ်။
မင်းကိုအဆုံးရှူံးမခံနိုင်ဘူးမိုးသားရယ်။
ကိုယ့်ကိုတစ်ခုခုပြန်ပြောပါဦး”

“အဟက်....ခင်ဗျားကိုလည်းကျွန်တော်ကချစ်ပါတယ်ပြောပြီး ဖြစ်ခဲ့သမျှအားလုံးကိုကြေအေးပေးလိုက်ရမှာလား။
ကျွန်တော်မလုပ်နိုင်ဘူး။ဒါကြောင့် ကျွန်တော့်ရှေ့ကထွက်သွားပါတော့”

“.......”

“ခင်ဗျားမထွက်ရင်ကျွန်တော်ထွက်မယ်”

အခန်းတံခါးဆွဲဖွင့်၍ထွက်သွားဟန်ပြင်နေသည့်ကောင်လေးကြောင့်လက်ကိုလှမ်းဆွဲလိုက်တော့ဆတ်ခနဲရုန်းထွက်‌လေသည်။

“ကိုယ်ပဲသွားပါ့မယ်”

ခန့်ထည်သက်ပြင်းအသာချရင်း အခန်းအပြင်သို့ထွက်လာခဲ့သည်။
ခဏပဲကလေးငယ်။
ဒီအခန်းထဲကနေပဲခဏထွက်သွားမယ်။
ကိုယ်မင်းဘဝထဲကဘယ်တော့မှထွက်သွားမှာမဟုတ်ဘူး။ကိုယ်မင်းကိုဘယ်နည်းနဲ့မှလက်လွတ်မခံတော့ဘူး။

“မိုးသားအိပ်သွားမှပြန်ဝင်ပါလားကိုခန့်ထည်။သူအိပ်သွားရင်ကျွန်တော်လာခေါ်မယ်လေ။ပြီးရင်ကျွန်တော်တခြားအခန်းသွားအိပ်လိုက်ပါ့မယ်”

“အာ မိုးသားအခန်းဖော်ထင်တယ်။အားနာလိုက်တာ။အပြင်မှာစောင့်နေတာကြာပြီလား”

နွေဦးလေပြေ🤍Where stories live. Discover now