နွေဦးလေပြေ🤍(အပိုင်း_၂၇)

Start from the beginning
                                    

သူဒီလူ့ဆီမှာနောက်တစ်ခေါက်ထပ်ကျရှူံးလို့မဖြစ်ဘူးမလား။

“ကျွန်တော့်စိတ်ထဲမှာ ခင်‌‌ဗျားနဲ့ပတ်သတ်ပြီးဘာမှမရှိတော့ဘူးကိုခန့်ထည်။ ကျွန်တော်ခင်ဗျားကိုမချစ်.....အွတ်”

နောက်ဆက်တွဲထွက်လာမည့် စကားသံတို့ကိုမကြားနိုင်သောကြောင့် နီစွေးစွေးနှုတ်ခမ်းအားအတင်းသိမ်းပိုက်လိုက်မိသည်။
ရင်ခွင်ထဲက ကလေးငယ်ကအတင်းထုရိုက်ရုန်းကန်နေသောကြောင့် နမ်းနေရင်းနှင့်ပင် မိုးသားကိုနံရံနှင့်ဖိကပ်ထားလိုက်သည်။

‘ချိုလိုက်တာ’

ခန့်ထည်အရင်ကရည်းစားထားခဲ့ပေမယ့် နဖူးလေးနမ်းရုံသာရှိခဲ့သည်မို့ ဒီအထိအတွေ့ကသူ့အတွက်ရူးလောက်စေသည်။

“အင့် ခင်ဗျား...အွတ် လွှတ် အွတ်”

ခန့်ထည်အပေါ်နှုတ်ခမ်းနှင့်အောက်နှုတ်ခမ်းကိုတလှည့်စီဆွဲစုပ်ပစ်လိုက်တော့ ကလေးငယ်ကမျက်လုံးလေးမှေးစင်းသွားသည်။
အဟက်.....။

သူအငိုက်မိနေတုန်း မိမိလျှာကိုအထဲသို့တိုးဝင်ရင်းကလေးငယ်လျှာနှင့်ရစ်ပတ်လိုက်တော့ ရင်ခွင်ထဲကကလေးငယ်ကတုန်တက်သွားပြီး ခြေထောက်တွေခွေချင်လာသည်မို့ ခါးကနေဖမ်းထိန်းထားလိုက်သည်။အခန်းထဲတွင်အသက်ရှူသံပြင်းပြင်းသာကြီးစိုးနေလေသည်။

“အွတ် အင့်”

နက်နက်နဲနဲနမ်းနေမိသော်လည်း ကလေးငယ်နှုတ်ခမ်းကစားသုံး၍မဝနိုင်။အချိန်ကြာလာသည်နှင့် မိမိတစ်ကိုယ်လုံးပူလာကာ ဒီ့ထက်ပိုတိုး၍သာလိုချင်နေမိသည်။
မဝဘူး။
နမ်းရတာမဝဘူး။

နှစ်ယောက်သားအသက်ရှုရန်လိုအပ်လာသည့်အချိန်မှ သူရပ်တန့်ပေးမိတော့ မိမိကိုကြည့်နေသည့်ကလေးငယ်အကြည့်တို့ကြောင့် သူနောက်သို့ခြေတလှမ်းဆုတ်မိသွားသည်။

“အဟက် လိုချင်တာရသွားရင်လည်းပြန်တော့လေ။ဘာလဲဒီ့ထက်ပိုတိုးပြီးလိုချင်သေးလို့လား”

ခနဲ့တဲ့တဲ့စကားသံနှင့်ခပ်ထေ့ထေ့အပြုံးက ဖြူစင်သောမျက်နှာလေးနှင့်မလိုက်ဖက်စွာတည်ရှိနေလေသည်။

နွေဦးလေပြေ🤍Where stories live. Discover now