မိုးသားအသံကိုမြှင့်၍ မိမိလက်ကိုအားကုန်ဆောင့်ရုန်းလိုက်တော့ မိမိလက်ကဆွဲထားသည့်အရိပ်ကလေးကနောက်သို့ယိုင်နဲ့သွားရသည်။
“ဟိန်းထက်”
အကို့ရဲ့စိုးရိမ်တကြီးအသံနှင့်အတူ ယိုင်နဲ့သွားသည့်ကိုယ်လုံးကိုပုံခုံးကနေအသာလေးထိန်းလေသည်။
“အဟက်”
မိုးသားရှေ့ကမြင်ကွင်းကိုကြည့်ကာရယ်ရင်း မျက်ရည်များစီးကျလာရသည်။အကိုကသောက်ရူးပဲ။
“မိုးသားရောင် သူငယ်ချင်းအချင်းချင်း ဘာလို့ဒီလိုလုပ်ရတာလဲ။ပြဿနာရှိရင်အေးဆေးရှင်းလေ”
ခန့်ထည်မိုးသားကိုတကယ်ကိုစိတ်ပျက်သွားရသည်။သူတို့ချင်းဘာပြဿနာတက်ထားလဲမသိပေမယ့် လူမြင်ကွင်းကြီးမှာ ဒီလိုကြီးကတော့လွန်တယ်မဟုတ်လား။
“ကိုခန့်ထည် မိုးသားကိုမပြောပါနဲ့”
“ဘာကွ။မင်းကမပြောနဲ့လို့တားရအောင် မင်းနဲ့ဘာဆိုင်လို့လဲ။ဘာလဲငါ့ရှေ့မှာသိပ်ပိုင်ကြောင်းပြချင်နေတာလား”
မိုးသားစိတ်မကောင်းမည်စိုး၍ဟိန်းထက်ဝင်ဟန့်လိုက်မိသော်လည်းထိုအရာကပင်မိုးသားကိုပို၍စိတ်ဆိုးစေဟန်ပေါ်လေသည်။မျက်လုံးများပင်နီလာလေသည်။အသံကလည်းတဖြေးဖြေးကျယ်လာသောကြောင့် ဖြတ်သွားဖြတ်လာများပင်လှည့်ကြည့်သွားကြသည်။
ဒီနေရာကလူနဲနဲပြတ်သောကြောင့်ရော၊တနလာ်နေ့ညနေပိုင်းဖြစ်သောကြောင့်ရော လူပါးနေ၍သာတော်တော့သည်။
“မိုးသားရောင်!! မင်းတအားစိတ်ပျက်ဖို့ကောင်းတာပဲ”
“ဘာဗျ!စိတ်ပျက်တယ်ဟုတ်လား။ခင်ဗျားကခင်ဗျားလူကိုထိတော့သိပ်နာနေတာလား။အဟက် သိပ်ချစ်နေကြတယ်ပေါ့”
“ငါမင်းထက်အကြီး။မရိုင်းစိုင်းနဲ့”
“ကျွန်တော်ကအစထဲကအရိုင်းအစိုင်းလေ။တစ်မျိုးလုံးကအရိုင်းအစိုင်းလို့သတ်မှတ်ထားတာ။ခင်ဗျားတစ်ယောက်ပိုသွားလည်းထူးပြီးတော့မဆန်းတော့ပါဘူး။ဘယ်လိုလဲဟိန်းထက်။ကိုယ့်သူငယ်ချင်းကြိုက်နေတဲ့ကောင်လေးနဲ့ Shoppingထွက်ရတဲ့ခံစားချက်လေး”
YOU ARE READING
နွေဦးလေပြေ🤍
General Fiction"အကိုကကျွန်တော့်အတွက်တော့ နွေဦးလေပြေလေးလိုပဲ။ ဘယ်ချိန်ပြန်တွေးတွေး သတတနဲ့ကြည်နူးနေမိတုန်း လွမ်းဆွတ်နေမိတုန်းပဲ" မိုးသားရောင်
နွေဦးလေပြေ🤍(အပိုင်း_၂၅)
Start from the beginning