အပိုင်း-92

Start from the beginning
                                    

" ကျနော်တို့ အလောတကြီး လှုပ်ရှားဖို့တော့ မလိုသေးပါဘူး..၊ နောက်ပြီး အဖေမေ့နေတာတော့ မဟုတ်ပါဘူးနော်..၊ ခရီးသွားလာဖို့ တခြားနည်းလမ်းတွေလည်း ရှိသေးတယ်မလား..၊ ဥပမာ ပျံသန်းနိုင်တဲ့ မိုးပျံသားရဲကြီးတွေသုံးပြီး သွားလို့လည်း ရတယ်လေ...။

ပျံသန်းနိုင်တဲ့ မိုးပျံသားရဲတွေကို ငှားယမ်းခ ဈေးနှုန်းက အရမ်းမြင့်နေလို့သာ ဘယ်သူမှ မတတ်နိုင်ကြတာ..။

နောက်ပြီး ကျနော်တို့က အဲ့ပညာရှင်တွေကို အချိန်အတိုင်းအတာတစ်ခုအထိပဲ ဖိတ်ခေါ်တာ၊ သူတို့ကို တစ်သက်လုံး ခေါ်ထားမှာမဟုတ်ဘူး..၊ အဲ့တာကြောင့် ဖိတ်ခေါ်ဖို့ ကိစ္စနဲ့ ပတ်သက်ပြီးတော့ ဘာပြသနာမှ မရှိလောက်ဘူးလို့ ထင်တယ်.."

ချင်းယွမ်တစ်ယောက် ယခုမှပင် အမှောင်ထဲမှ အလင်းတန်းလေးတစ်ခုကို မြင်လိုက်ရတော့သည်။ သူက ချက်ချင်း ပြန်မေးလိုက်၏။

" ချင်းမင်..သား သူတို့ကို ဖိတ်ခေါ်စုဆောင်းတဲ့အခါ ဘယ်လိုအကျိုးအမြတ်မျိုးနဲ့ ကမ်းလှမ်းမှာလဲ..။

အဖေတို့ ချင်းမိသားစုတစ်ခုလုံး ပျက်စီးသွားမယ့်အရာမျိုးကလွဲရင် ဘယ်လိုအကျိုးအမြတ်မျိုးမဆို ပြောသာပြောလိုက်..၊ အဖေတို့ ပေးမယ်.."

ချင်းမင်က သူ့အဖေ၏ စကားအားကြားလျှင် ပြုံးလိုက်သည်။

" အဖေ..၊ အဲ့လောက်ကြီးလည်း စိုးရိမ်လွန်မနေပါနဲ့လေ..၊ နောက်ပြီး ကျနော်တို့အတွက် ရလာမယ့် အကျိုးအမြတ်ကိုလည်း မမေ့လိုက်နဲ့ဦး..."

" ဘာအကျိုးအမြတ်ရမှာတုန်း..၊ ဒီလိုအခြေအနေမျိုးမှာတောင် အဖေတို့က အကျိုးအမြတ်ရနိုင်ဦးမှာလား..."

ချင်းယွမ်က နားမလည်ဟန်ဖြင့် မေးသည်။

" ကျနော့်ဆရာက သိုင်းဘုရင်တစ်ယောက်လေ..၊ ဆရာထုတ်ပေးလိုက်တဲ့ ဘယ်ပစ္စည်းမဆိုက သိုင်းအရှင်အဆင့် ပညာရှင်တွေအချင်းချင်း သွေးချောင်းစီးတဲ့အထိ တိုက်ခိုက်လုယက်ရနိုင်လောက်အောင် အဖိုးတန်တယ်..။

သိုင်းဂိုဏ်းချုပ်တစ်ယောက်တောင် လိုချင်တဲ့ ပစ္စည်းမျိုးတွေတောင် ရှိနိုင်သေးတယ်..။ သိုင်းအရှင်တွေဆိုရင် ပြောမနေနဲ့တော့...။

Book-1 (မှော်ဆေးဧကရာဇ်၊ သိုင်းနတ်ဘုရား ချင်းမင်)Where stories live. Discover now