ဇာတ်သိမ်းပိုင်း Uni/Zawgyi

Start from the beginning
                                    

"ဟယ်လို လွန်းပြည့်ပြော!"

လွန်းပြည့်ဟာ သည်းထက်အရင် ဘွဲ့စောရပြီး အလှပစ္စည်းကုမ္ပဏီမှာ မန်နေဂျာရာထူးပိုင်ဆိုင်ထားသည်။

"အေး နင် မနက်ဖြန်အားလား"

"ဘာဖြစ်လို့လဲ "

"ဒီဂရီ ပြန်လာတယ်လေ အဲ့တာ တွေ့ရအောင် ဖုန်းဆက်လို့"

ဒီဂရီဟာ အရင်ကတည်းကဆေးကျောင်းသားမို့ လွန်ခဲ့တဲ့ ၇နှစ်ကပဲ သြစတြေးလျကိုပြန်၍ ကျောင်းပြန်တက်လေ၏။ အဖေဖြစ်သူ၏ အတင်းအကြပ်လုပ်ဆောင်မှုလည်းပါလိမ့်မည်။

"အံမယ် ငါ့ကိုတောင်ဖုန်းမဆက်ဘူး တကယ်လား"

"နင့်ကို ပြန်မလာဘူးဆိုပြီးပြောထားတာဆို"

"ဟုတ်တယ် ငါက စာမေးပွဲကျရင်ပြန်မလာနဲ့လို့ပြောထားတာလေ"

"အဲ့တာကြောင့် ကြောက်ပြီး ဖုန်းမဆက်တာနေမှာပေါ့....အေး ဒါပဲနော် ငါ ခဏနေရင် အစည်းဝေးသွားရတော့မှာမို့လို့"

"အေးအေး မနက်ဖြန် ဘယ်အချိန်လဲ messageပို့လိုက်"

×××××××××××××××××××

သည်းက သူမရဲ့ သင်တန်းclubသို့ ရောက်လျှင် ရောက်ချင်း သင်တန်းသား သင်တန်းသူတို့ကို ခေါင်းညိတ်နှုတ်ဆက်လိုက်၏။

"တီချယ်သည်းဦးပန် တီချယ်သည်းဦးပန် !"

ပြာယာပြာယာ သင်တန်းခမ်းမထဲပြေးဝင်လာသည့် Guitar သင်တန်းအဖွဲ့ရဲ့လက်ထောက်မလေး။

"ဖြေးဖြေး ဖြေးဖြေး သဉ္ဇာ ဘာလို့အဲ့ဒီလောက်ပြေးလာရတာလဲ"

"ဟို တစ်ခုလောက်ကူညီပါဦး "

"ဘာဖြစ်လို့လဲ သည်း ဘာကူညီရမလဲ"

"ဟိုလေ ....ညီမအစ်ကို အက်စီးဒင့် ဖြစ်လို့ "

"ဟယ်ဟုတ်လား အဲ့တာဆို မြန်မြန်သွားရမှာပေါ့ "

"ဟုတ် အဲ့တာလေ ခဏနေရင် New Yorkကလာမယ့် ဧည့်သည်တစ်ယောက်နဲ့တွေ့စရာရှိတယ် ညီမတို့ clubကို ငှားမယ့် အေဂျင်စီက ကိုယ်စားလှယ်နဲ့"

"ဟော်တော်!"
"အဲ့တာ တီချယ် သွားတွေ့ပေးလို့ရမလား "

"သည်းက ဒီမှာ ....သင်တန်းရှိသေးတယ် ဘယ်လိုလုပ်မလဲ"

ဘုရင့် သည်းဦးပန် (Completed) OCWhere stories live. Discover now