အပိုင်း (11) Uni/Zawgyi

5.8K 257 16
                                    

ဘုရင့် သည်းဦးပန်
အပိုင်း(11)

"ဟယ်လို လိုင်းယ(န်) စကားလက် ပြန်ရောက်နေပြီ လေဆိပ်မှာ!"

လိုင်းယ(န်)သည် ဖုန်းကိုအိတ်ထောင်ထဲပြန်ထည့်လိုက်ကာ

"သည်းဦးပန် ကိုယ်သွားစရာပေါ်လာလို့ မင်းကို စာအုပ်ဆိုင်ပို့ပေးခဲ့ရမလား"

"ဟင် ...ကိုကို အရေးကြီးရင်သွားနှင့်လေ သည်း လွန်းပြည့်ကိုလိုက်ပို့ခိုင်းလိုက်မယ် "

လိုင်းယ(န်)လည်းကားသော့ကိုကောက်ကိုင်ပြီး မတ်တပ်ရပ်လိုက်သဖြင့် သည်းသည်အလျင်စလိုဖြစ်နေသည့် ကိုကို့မျက်နှာကိုမော့ကြည့်ရင်းပြောလိုက်သည်။ ထိုအခါ လွန်းပြည့်ကလည်း

"ရပါတယ် ကျွန်မလိုက်ပို့လိုက်မယ်လေ သည်းကို!"

"ဒါဆို ကိုယ်စိတ်ချမယ်နော် မင်းမှာ ဘာကိစ္စပဲရှိရှိ ကိုယ့်ကိုဖုန်းဆက် ဘာပဲဖြစ်ဖြစ်နော် ချက်ချင်းကိုယ့်ကိုဆက်သွယ် "

ရုတ်တရက် စိတ်ပူစွာမှာကြားနေပြန်တဲ့ ရိုင်ယန်လိုင်းယ(န်)က ကိုကိုရော ဟုတ်ရဲ့လား။

"ဟုတ် ဟုတ် သည်း ဆက်လိုက်ပါ့မယ်"

လိုင်းယ(န်)သည် ကားဆီသို့ခပ်သွက်သွက်ထွက်သွားလေလျှင်

"နင့် ကိုကိုက ဘာဖြစ်လို့လဲ "

"မသိဘူးလေ အရေးကြီးတဲ့ဖုန်းဆက်လို့နေမှာပေါ့ !"

"စိတ်ပူပြနေလိုက်တာ နင်ပြောတော့ ကိုကိုက သိပ်ရက်စက်တယ်ဆို မနေ့ကတောင် ငါ့ကို ငိုပြနေသေးတယ် ၁၅ရက်လောက်စကားမပြောဘူးတဲ့ အပိုတွေ "

လွန်းပြည့်က မျက်နှာကိုမဲ့ကာရွဲ့ကာ ပြောလိုက်သည့်အခါ

"ဟယ် တကယ်ပါဟယ် အခုမှဘာဖြစ်လို့ ငါ့ကိုဂရုစိုက်နေပြန်တယ်မသိ!"

"ကဲ ကဲ ထ သွားစို့ နင် အလုပ်သွားရဦးမယ်ဆို"

"အင်း အဲ့...ငါဆိုင်ကယ်မပါဘူး ညနေဘယ်လိုပြန်ရပါ့!"

"ချစ်လှစွာသောကိုကို့ကိုလာကြိုခိုင်းလိုက်ပေါ့"

"နင်နော် !"

ကိုကိုတကယ်များ လာကြိုမလားမသိဘူး

ကိုယ့်အတွေးနဲ့ကိုယ် ပြုံးလိုက်မိရင်း
လွန်းပြည့် ဆိုင်ကယ်နောက်ကနေထိုင်လိုက်လာခဲ့ပါသည်။

ဘုရင့် သည်းဦးပန် (Completed) OCWhere stories live. Discover now