ဘုရင့် သည်းဦးပန်
အပိုင်း (17)အိမ်ပြန်ရောက်လာခဲ့ပြီး သည်းလည်း အိပ်ခါနီးမှ အေးအေးဆေးဆေး ဒီဂရီ ပေးသော လက်ဆောင်အိတ်ကိုဖွင့်ကြည့်သည်။
"ဘာတွေများထည့်ထားလည်းမသိဘူး "
သည်းသည် Shopping Bagထဲကနေ လက်ဆောင်ဘူးလေးအပြာရောင်လေးကို ထုတ်လိုက်သည်။
"ဘူးလေးကလှလိုက်တာ "
စည်းထားသော ဖဲကြိုးအဖြူရောင်လေးကိုဖြေလိုက်ပြီး ဘူးလေးကိုဖွင့်ကြည့်လိုက်လျှင်
"ဟင်!"
မိုးပြာရောင်ဂါဝန်လေးတစ်ထည်
သည်းဖြန့်ကြည့်လိုက်လျှင် လည်ပင်းပေါက်မှာ ပုလဲလုံးလေးတွေသီထားပြီး လက်ဖောင်းဂါဝန်ဝဲဝဲလေးဟာ သည်းနဲ့ဆိုတကယ်လိုက်ဖက်မှာ"ဒီဂရီ ရွေးတတ်လိုက်တာ ငါ့အကြိုက်ကိုသိနေတယ် "
သည်းက ဂါဝန်လေးကို ကိုယ်မှာကပ်ကြည့်ပြီး မှန်ကြည့်နေရင်း လက်ဆောင်ဘူးထဲက စာတစ်စောင်ကိုပါ တွေ့လိုက်သည်။
အလှစက္ကူအပြာခေါက်လေးအား သည်းလှမ်းယူ ဖွင့်ဖြန့်လိုက်သည့်အခါ အလယ်တန်းတုန်းကတည်းက လက်ရေးသိပ်လှသော ဒီဂရီလက်ရေးစစ်စစ်။
'သည်း....
မနက်ဖြန် ၃နာရီ ငါပေးတဲ့ဂါဝန်လေးဝတ်ပြီး Dream Hotal ကိုလာခဲ့ပါ
လာဖြစ်အောင်လာနော် နင်မလာမချင်း ငါ Hotalရှေ့မှာ စောင့်နေမှာ ´သည်းဖတ်ကြည့်ရင်း
"သူကဘာအရူးထပြန်တာလဲ "
သည်းသည် သူငယ်ချင်းတစ်ယောက်အနေနဲ့သာ ရိုးရိုးသားသား စဉ်းစားလိုက်ပြီး
"နေပါဦး အဲ့ဒီတော့ သင်တန်း ငါ့သင်တန်းဘယ်လိုလုပ်မလဲ"
ကလင်>>
ဖုန်းက Messageဝင်လာသည်အား ဖွင့်ကြည့်လိုက်သည်။
'စိတ်ပူပါနဲ့ နင့်ရဲ့ အလုပ်ရော သင်တန်းရော ငါခွင့်ယူထားတယ် ´
"ဟာ အန်တီချိုနေမကောင်းပါဘူးဆို "
သည်းက ဒီဂရီဖုန်းခေါ်လိုက်သည်။
"ဟယ်လို"
"ဘာလဲ "
"ဟဲ့ နင့်ကိုဘယ်သူကလာမယ်ပြောလို့ သင်တန်းတွေ အလုပ်တွေပါ ခွင့်ယူထားရတာလဲ"
YOU ARE READING
ဘုရင့် သည်းဦးပန် (Completed) OC
Fantasyမင်းပြန်လည်ရှင်သန်လာဖို့ ငါဘယ်လောက်တောင် စောင့်ခဲ့ရသလဲ မင်းရဲ့မာယာတွေကြောင့် ဖြစ်လာတဲ့ ကျိန်စာကို ဖြေဖျောက်ဖို့ မင်းရဲ့ ရှင်သန်ခြင်းလိုအပ်တယ် မင်းဘယ်သူ့အတွက်ပဲရှင်သန်ခဲ့ရှင်သန်ခဲ့ အခုကစပြီး မင်းရဲ့ဆံချည်တစ်မျှင်ကစ မင်းရဲ့စိတ်နဲ့ခန္ဓာ မင်းရဲ့နှလုံ...