အပိုင်း (12) Uni/Zawgyi

5.9K 261 28
                                    

ဘုရင့် သည်းဦးပန်
အပိုင်း(12)

"သွားတော့မလို့လား အစောကြီး"

ဆိုင်ကယ်ပေါ်တောင်ရောက်နေပြီဖြစ်တဲ့သည်းအနားသို့ ကိုကို လိုက်လာမှန်းမသိလိုက်။

"ဟုတ် သည်း ကဒီနေ့ သင်တန်းရှိသေးတယ်လေ အဲ့တာကြောင့် ဆိုင်ကိုစောစောသွားရမှာပေါ့"

"သင်တန်း ကိုယ် လိုက်ပို့ရမလား "

ဘောင်းဘီအိတ်ထဲမှာလက်လျှိုလျက် မနက်အစောကြီးတောင် ချောမောနေတဲ့ ကိုကို့အား သည်း ကြည့်မဝနိုင်။

"အံမယ် ကိုကိုက ဒီအသည်းလေး အရမ်းလှနေတော့ စိတ်မချဘူးပေါ့ ဟုတ်လား ကိုယ်တိုင်လိုက်ပို့ချင်တယ်ပေါ့ "

ဆိုင်ကယ် ဦးထုပ်ဆောင်းရင်း စနောက်နေတဲ့ ဒီကောင်မလေးက ငါ့ကို မကြောက်တော့တာလား။

"အဟင်း....မင်း ဘာတွေပြောနေတာလဲ ကိုယ်က ဒီအတိုင်း "

"ကိုကို ရှက် သွားပြီမဟုတ်လား ကြည့်ပါဦး ချစ်စရာကြီး!"

လိုင်းယ(န်) လည်ပင်းပွတ်လိုက်ခေါင်းကုပ်လိုက် ဒီကောင်မလေးနဲ့မှ အမူအယာတွေပျက်။

"မင်း အဟင်း တော် တော့!"

"ရော့!"

သည်းရဲ့ ဘောင်းဘီအိတ်ထောင်ထဲက တုတ်ထိုးချိုချဉ်တစ်လုံးပစ်ပေးလိုက်သည်အား လိုင်းယ(န်)မိအောင်ဖမ်းယူနေစဉ်

"ကိုကို "

လိုင်းယ(န်) လှည့်အကြည့်မှာ

"Mwah  "

နှုတ်ခမ်းလေးဆူပြ၍ လက်မနဲ့လက်ညှိုးကိုအသုံးပြု၍ Heart sign လုပ်ပြီး ဆိုင်ကယ်မောင်းသွားသည်အား လိုင်းယ(န်)ရုပ်တည်ကြီးငေးကျန်ရစ်လျှက် သူမပစ်ပေးသွားသည့် ချိုချဉ် ကိုလည်း မဖမ်းမိလိုက်နိုင် မြေပြင်မှ ချိုချဉ်အားတစ်လှည့် ဆိုင်ကယ်စီးထွက်သွားသော သည်းအားတစ်လှည့် ကြည့်ရင်း လိုင်းယ(န်) မျက်ခုံးကို လက်မဖြင့်ခြစ်၍

"အဟွန်း !"

ရှက်ပြုံးပြုံးလိုက်မိကာ ချိုချဉ်လေးအား ကုန်းကောက်ပြီး မကြာခင်က သည်းရဲ့ Heart sign လေးအား ပြန်မြင်ယောင်ကာ

ဘုရင့် သည်းဦးပန် (Completed) OCWhere stories live. Discover now